သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါနေ့ တရားရုံးချိန်အပြီး ဖလော်ရီဒါမှာ Trump မိန့်ခွန်းပြောမည်


၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမဲဆွယ်ပွဲမှာတွေ့ရတဲ့ Trump
၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမဲဆွယ်ပွဲမှာတွေ့ရတဲ့ Trump

အမေရိကန်သမ္မတဟောင်း Donald Trump မနက်ဖြန် အင်္ဂါနေ့ ဖလော်ရီဒါပြည်နယ်မှာ မိန့်ခွန်းပြောကြားမယ့်အကြောင်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က မနေ့ တနင်္ဂနွေနေ့က ပြောဆိုပါတယ်။ လိင်ဖျော်ဖြေရေး သရုပ်ဆောင်အမျိုးသမီး Stormy Daniels ကို နုတ်ပိတ်ခ ငွေပေးခဲ့မှုအတွက် မနက်ဖြန် အင်္ဂါနေ့ တရားဝင်စွဲချက်တင်ဖို့ ဂျုရီအဖွဲ့က စီစဉ်ထားပါတယ်။

Donald Trump ကိုယ်တိုင် Manhattan တရားရုံးရှေ့မှောက် သူ့သဘောနဲ့သူ လူကိုယ်တိုင် လာရောက်မယ်လို့ မျှော်လင့်ရပြီး အပြန် သူ့ရဲ့ Mar-a-Lago Club နေအိမ်မှာ သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်းပြောဆိုဖို့ စီစဉ်ထားတာပါ။ Trump ကို ထောက်ခံသူတွေလည်း မိန့်ခွန်းပြောတာကို လာရောက် အားပေးမယ်လို့ မျှော်လင့်ရပြီး စွဲချက်တင်ခံရတာကို အသုံးချပြီး လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထောက်ခံမှုပိုရအောင် ကြိုးစားလာနိုင်ပါတယ်။

Donald Trump ရဲ့ ရှေ့နေတွေကတော့ အမှုကို အပြင်းအထန် ခုခံ ကာကွယ်သွားမယ်လို့ ပြောဆိုနေပါတယ်။ Trump ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ လိမ်လည်တဲ့ ပြစ်မှုကြီး အနည်းဆုံး တစ်ခုအပါအဝင် တခြားအကြောင်းအရာတွေနဲ့ Manhattan ဂျုရီအဖွဲ့ စွဲချက်တင်တာကို ရင်ဆိုင်နေရတဲ့အကြောင်း ဒီကိစ္စကို သိတဲ့၊ နီးစပ်တဲ့ လူ ၂ ယောက်ထက်မနည်း AP သတင်းဌာနကို ပြောပါတယ်။

လောလောဆယ် စွဲချက် အတိအကျ ဂျုရီအဖွဲ့က မထုတ်ပြန်သေးတဲ့အတွက် သူ့တို့ နာမည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။ Trump ဘက်က‌တော့ သူ့ဘက်က အမှားအယွင်း တစုံတရာ မလုပ်ခဲ့ဘူးလို ငြင်းဆိုနေပြီး လက်ရှိ စုံစမ်းစစ်ဆေးမှုတွေဟာ သူ ရွေးကောက်ပွဲ ပြန်ဝင်မှာကို မလိုလားတဲ့အတွက် နိုင်ငံရေးအရ တမင်ထိုးနှက်တိုက်ခိုက်တာလို့ တုံ့ပြန်ပြောဆိုနေပါတယ်။

{Unicode}






XS
SM
MD
LG