သုံးရလွယ်ကူစေသည့် Link များ

ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်ရမယ့် ပထမဆုံးအမေရိကန်သမ္မတဟောင်းထရမ့်ပ်


ဖလော်ရီဒါပြည်နယ် West Palm Beach ကိုထွက်ခွာမယ့် လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို စကားပြောနေတဲ့ အမေရိကန်သမ္မဟောင်း ဒေါ်နယ်ထရမ့်ပ် (မတ် ၂၅၊ ၂၀၂၃)
ဖလော်ရီဒါပြည်နယ် West Palm Beach ကိုထွက်ခွာမယ့် လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို စကားပြောနေတဲ့ အမေရိကန်သမ္မဟောင်း ဒေါ်နယ်ထရမ့်ပ် (မတ် ၂၅၊ ၂၀၂၃)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) ကို စွဲချက်တင်ဖို့ နယူးယောက် တရားရုံး ဂျူရီအဖွဲ့က ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့တာကြောင့် သူဟာ အမေရိကန်ပြည်ထောင်စုမှာ ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်ရမယ့် ပထမဆုံး သမ္မတဟောင်းတယောက်ဖြစ်သွားပါတယ်။

သမ္မဟောင်းထရမ့်နှုတ်ပိတ်ခပေးခဲ့တဲ့ လိင်ဖျော်ဖြေရေး အပြာဇာတ်လမ်းရိုက်ကူးသူ မင်းသမီး Stormy Daniels (မတ် ၂၃၊ ၂၀၁၈)
သမ္မဟောင်းထရမ့်နှုတ်ပိတ်ခပေးခဲ့တဲ့ လိင်ဖျော်ဖြေရေး အပြာဇာတ်လမ်းရိုက်ကူးသူ မင်းသမီး Stormy Daniels (မတ် ၂၃၊ ၂၀၁၈)

၂၀၀၆ ခုနှစ်က သူနဲ့ ဖောက်ပြန်ခဲ့ဖူးတဲ့ လိင်ဖျော်ဖြေရေး အပြာဇာတ်လမ်းတွေရိုက်တဲ့ မင်းသမီး Stormy Daniels ကို ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်ခင်လေးမှာပဲ နုတ်ပိတ်ခ ဒေါ်လာ ၁ သိန်း ၃ သောင်းကို ရှေ့နေကတဆင့် ပေးခဲ့တာနဲ့ ပတ်သက်လို့ နယူးယောက်မြို့ မန်ဟန်တန် ခရိုင်ရှေ့နေရုံးက နှစ်တွေနဲ့ချီ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် စွဲချက်တင်မယ်လို့ ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့တာပါ။ အခုအချိန်အထိတော့ ဘာအမှု အတိအကျနဲ့ ထရမ့်ပ်ကို စွဲချက်တင်မလဲဆိုတာ မသိရသေးပါဘူး။ လာမယ့်အင်္ဂါနေ့ကျရင် ထရမ့်ပ် တရားရုံးရှေ့မှောက် လာရောက်မယ်လို့ ခန့်မှန်းရပါတယ်။

ဖလော်ရီဒါပြည်နယ် West Palm Beach မှာရှိတဲ့ သူပိုင် Mar-a-Largo ကလပ် အပန်းဖြေစခန်းရှေ့မှာ သမ္မဟောင်းထရမ့်ပ်ကို ထောက်ခံအားပေးနေသူများ (မတ် ၃၀၊ ၂၀၂၃)
ဖလော်ရီဒါပြည်နယ် West Palm Beach မှာရှိတဲ့ သူပိုင် Mar-a-Largo ကလပ် အပန်းဖြေစခန်းရှေ့မှာ သမ္မဟောင်းထရမ့်ပ်ကို ထောက်ခံအားပေးနေသူများ (မတ် ၃၀၊ ၂၀၂၃)

ထရမ့်ပ်ကတော့ သူ့မှာ လုံးဝ အပြစ်မရှိတဲ့အကြောင်း သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ Truth Social လူမှုကွန်ရက်ကတဆင့် မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ သူ့အပေါ် စွပ်စွဲမှုတွေဟာ သမိုင်းမှာ အမြင်ဆုံးအဆင့် နိုင်ငံရေးအရ လုပ်ကြံမှု၊ ရွေးကောက်ပွဲ နှောက်ယှက်မှု ဖြစ်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။ စွဲချက်တွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ပြန်လည် ချေပသွားမယ့်အကြောင်း ထရမ့်ပ်ရဲ့ ရှေ့နေကလည်း ပြောပါတယ်။

မနေ့က တရားရုံးဂျူရီအဖွဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် တရားရုံးရှေ့မှာ ထောက်ခံ ဆန္ဒပြသူတချို့ စုဝေးခဲ့ကြသလို၊ ထရမ့်ပ်ကို ထောက်ခံသူတချို့ကလည်း ဖလော်ရီဒါပြည်နယ်က ထရမ့်ပ်ပိုင် Mar-a-Lago အပန်းဖြေ အိမ်ရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်မလာစေဖို့အတွက် နယူးယောက်မြို့မှာတော့ လုံခြုံရေး တိုးမြှင့်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG