သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump သမ္မတလောင်း ဖြစ်လာနိုင်ဖွယ်မရှိ (Replublican အကြီးအကဲတဦး)


သမ္မတဟောင်း Donald Trump က မေရီလန်းပြည်နယ်၊ Oxon Hill က ကွန်ဆာဗေးတစ်နိုင်ငံရေးလှုပ်ရှားမှုညီလာခံမှာ စကားပြောစဉ်။ (မတ်လ ၄၊ ၂၀၂၃)
သမ္မတဟောင်း Donald Trump က မေရီလန်းပြည်နယ်၊ Oxon Hill က ကွန်ဆာဗေးတစ်နိုင်ငံရေးလှုပ်ရှားမှုညီလာခံမှာ စကားပြောစဉ်။ (မတ်လ ၄၊ ၂၀၂၃)

{{Zawgyi/Unicode}}

လာမယ့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရမ့်ဟာ ရီပါဘလီကန်ပါတီရဲ့ သမ္မတလောင်း မဖြစ်နိုင်ဘူးလို့ ထိပ်တန်း ရီပါဘလီကန် အုပ်ချုပ်ရေးမှူးတယောက်က ဟောကိန်းထုတ်လိုက်ပါတယ်။

New Hampshire ပြည်နယ် အုပ်ချုပ်ရေးမှူး Chris Sununu က NBC ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ခုလို ပြောလိုက်တာပါ။

“သူ ဝင်ပြိုင်မှာ သိသာပါတယ်။ ဒါပေမဲ့ ပါတီအဆိုပြုသမ္မတလောင်း ဖြစ်လာမှာတော့မဟုတ်ပါဘူး။” လို့ သူက ပြောသွားတာပါ။ ပါတီစွဲမရှိတဲ့မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် နောက်မျိုးဆက် ခေါင်းဆောင်တွေက ခေါင်းဆောင်မှုကိုရယူဖို့လိုတယ်လို့ သူကဆိုပါတယ်။

ရီပါလီကန်ပါတီဝင်တချို့ဟာ စနေနေ့က နေရာ ၂ နေရာမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဝါရှင်တန်အနီးမှာ CPAC လို့ အတိုသိကြတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှုညီလာခံကို တချို့ကတက်ရောက်ခဲ့ကြပြီး တချို့ ကတော့ ဖလော်ရီဒါပြည်နယ် Club for Growth က ကြီးမှူးကျင်းပတဲ့ တံခါးပိတ်အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေးက ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ကို ထောက်ခံသူတွေကလုပ်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ CPAC ညီလာခံတက်ရောက်သူတွေရဲ့ ၆၂ ရာနှုန်းကတော့ သမ္မတဟောင်းထရမ့်ကို ထောက်ခံကြပြီး Ron DeSantis ကို ၂၀ ရာနှုန်းက ထောက်ခံမယ်လို့ ဆိုပါတယ်။

Donald Trump သမ္မတလောင်း ဖြစ်လာနိုင်ဖွယ်မရှိ (Replublican အကြီးအကဲတဦး).mp3
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

=============

{{Unicode}}






XS
SM
MD
LG