သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကန်သမ္မတလောင်း Nikki Haley New Hampshire ပြည်နယ်မှာ မဲဆွယ်စည်းရုံး


New Hampshire ပြည်နယ် Exeter မြို့ မှာ ရီပတ်ဗလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်‌ရေး မဲဆွယ်စည်းရုံးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းနဲ့ တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အသက် ၅၁ နှစ်အရွယ် Nikki Haley (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃)
New Hampshire ပြည်နယ် Exeter မြို့ မှာ ရီပတ်ဗလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်‌ရေး မဲဆွယ်စည်းရုံးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းနဲ့ တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အသက် ၅၁ နှစ်အရွယ် Nikki Haley (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃)

၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ၊ ရီပတ်ဗလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်‌ရေး ယှဉ်ပြိုင်မယ့် တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Nikki Haley က အမေရိကန် အိမ်ဖြူတော်မှာ ရဲရင့်ပြတ်သားတဲ့ အမျိုးသမီးတယောက် လိုနေပြီလို့ မနေ့က New Hampshire ပြည်နယ်မှာ လူထုနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။ သမ္မတလောင်း‌‌ရွေးချယ်ဖို့ ထောက်ခံမဲရရေး အရေးကြီးတဲ့ ပြည်နယ်ဖြစ်တဲ့ New Hampshire မှာ မဲဆွယ်ပွဲတွေ စတင်တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအပေါ် တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို ထောက်ပြပြောဆိုသွားပါတယ်။

"နံပတ်တစ် ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုက တရုတ်ရဲ့ ခြိမ်းခြောက်မှုပါ။ ရီပတ်ဗလစ်ကန်ရော ဒီမိုကရက်တွေက တရုတ်နိုင်ငံအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ကိုယ့်အပေါ်လည်း ပြန်ပြီး ကောင်းလာမယ်လို့ အချိန်အတော်ကြာကတည်းက ထင်နေခဲ့ကြတာပါ။ ဒါက သိပ်ကို စိတ်ကူးယဉ်ဆန် အတွေးခေါင်လွန်းပါတယ်။ တရုတ်နိုင်ငံက သူတို့လိုပဲ ကွန်မြူနစ်ဝါဒကို လက်ခံစေချင်တာပါလို့ Nikki Haley က ပြောဆိုသွားတာပါ။

အမေရိကန်ပြည်ထောင်စုမှာ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေ ပေါ်လာဖို့ လိုပြီလို့လည်း Nikki Haley က ပြောဆိုသွားတာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ် Nikki Haley ဟာ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းလာတဲ့ အိန္ဒိယနွယ်ဖွားမိဘတွေက မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိင်ဖို့ ကြေညာထားတဲ့ ဒုတိယမြောက် ရီပတ်ဗလစ်ကန် ပါတီဝင်ဖြစ်ပြီး သူ့ရဲ့ သမ္မတဟောင်း Donald Trump ကို ယှဉ်ပြိုင်ပါလိမ့်မယ်။

မနေ့က သူသွားရောက်စည်ရုံးတဲ့ New Hampshire ပြည်နယ်ဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဗလစ်ကန် ပါတီတွင်း ပဏာမရွေးကောက်ပွဲ အစောဆုံးကျင်းပမယ့် ပြည်နယ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]






XS
SM
MD
LG