သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတဟောင်း Pence ကိုရုံးတော်လာဖို့ဆင့်ခေါ် 


အမေရိကန်ဒုသမ္မတဟောင်း Mike Pence (ဧပြီ ၁၂၊ ၂၀၂၂)
အမေရိကန်ဒုသမ္မတဟောင်း Mike Pence (ဧပြီ ၁၂၊ ၂၀၂၂)

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ငြင်းဆန်ဖို့ သမ္မတဟောင်း Donald Trump ကြိုးစားခဲ့သလားဆိုတာ စုံစမ်းနေတဲ့ အမှုအတွက် သူ့လက်ထက် ဒုသမ္မတတာဝန်ယူခဲ့သူ Mike Pence ကို အထူးစုံစမ်းရေးရှေ့နေရဲ့ ရုံးတော်လာရောက်ဖို့ ဆင့်ခေါ်စာ ထုတ်ထားပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် တရားရေး ဌာန က အထူး စုံစမ်းရေး ရှေ့နေ Jack Smith ကို ခန့်အပ်တာဝန်ပေးထားပါတယ်။ ရွေးကောက်ပွဲရလာဒ် လွှတ်တော်မှာ အတည်ပြုမယ့် ၂၀၂၁ ဇန်နဝါရီ ၆ ရက်က Trump လိုလားသူတွေ လွှတ်တော်အဆောက်အဦးထဲ ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီးနောက် သမ္မတဟောင်း Trump နဲ့ ဒုသမ္မတဟောင်း Pence တို့ဟာ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်က Joe Biden ရွေးကောက်ခံရတာကို အခမ်းအနားသဘောအရ အတည်ပြုပေးဖို့ ဒုတိယ သမ္မတ Pence က လွှတ်တော်မှာ ရောက်နေချိန်ဖြစ်ပါတယ်။ သူ့အနေနဲ့ ရွေးကောက်ပွဲ ရလာဒ်ကို ပယ်ချပေးဖို့ Trump ကလိုလားခဲ့တာပါ။ “တိုင်းပြည် နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကာကွယ်အောင် လုပ်သင့်တာကို လုပ်ဖို့ Mike Pence မှာ သတ္တိ မရှိဘူး” လို့ သမ္မတ Trump က အဲဒီအချိန်က လူမှု စာမျက်နှာ တွစ်တာ မှာ ရေးခဲ့တာပါ။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက်အောင် သမ္မတဟောင်း Trump အားထုတ်ရာမှာ ဒုတိယ သမ္မတ Pence ကို ဘယ်လို ပြောဆိုညွှန်ကြားခဲ့သလဲဆိုတာကို အထူးရှေ့နေ Mr. Jack Smith အတွက် အရေးကြီးတဲ့ အချက် ဖြစ်နိုင်ပါတယ်။ လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲအတွက် Republican သမ္မတလောင်း ရွေးချယ်ရာမှာ Trump ကို ဆန့်ကျင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ မစ္စတာ Pence က စဉ်းစားနေတဲ့အချိန်မှာ ခုလိုဆင့်ခေါ်တာက ဖြစ်လာတာပါ။ Trump ရဲ့ သမ္မတ သက်တမ်းအတွင်း ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ခဲ့တာတွေကို ဒုတိယသမ္မတ Pence ဟာ အနီးကပ် သိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒုသမ္မတဟောင်း Pence ကိုရုံးတော်လာဖို့ဆင့်ခေါ်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

[Unicode]

ဒုသမ်မတဟောငျး Pence ကိုရုံးတောျလာဖို့ဆင့ျခေါျ


XS
SM
MD
LG