သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတေဟာင္းထရမ့္ အပန္းေျဖအိမ္ FBI ရွာေဖြမႈ ရီပတ္ဘလစ္ကန္ေတြ ကန္႔ကြက္


Armed Secret Service agents stand outside an entrance to former President Donald Trump's Mar-a-Lago estate, Aug. 8, 2022, in Palm Beach, Florida.

အေမရိကန္သမၼတေဟာင္း Donald Trump ပိုင္တဲ့ ဖေလာ္ရီဒါျပည္နယ္က Mar-a-Largo ဇိမ္ခံ အပန္းေျဖေနအိမ္ကို ဖယ္ဒရယ္အစိုးရ စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို FBI က ဝင္ေရာက္စီးနင္း ရွာေဖြတဲ့ကိစၥနဲ႔ပတ္သက္လို႔ သမၼတအိမ္ျဖဴေတာ္က အထူးတလည္ မွတ္ခ်က္ေပးေျပာဆိုတာမရွိပါဘူး။  

သမၼတေဟာင္းထရမ့္ အပန္းေျဖအိမ္ FBI ရွာေဖြမႈ ရီပတ္ဘလစ္ကန္ေတြ ကန္႔ကြက္

{{Zawgyi/Unicode}}
အေမရိကန္သမၼတေဟာင္း Donald Trump ပိုင္တဲ့ ဖေလာ္ရီဒါျပည္နယ္က Mar-a-Largo ဇိမ္ခံ အပန္းေျဖေနအိမ္ကို ဖယ္ဒရယ္အစိုးရ စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို FBI က ဝင္ေရာက္စီးနင္း ရွာေဖြတဲ့ကိစၥနဲ႔ပတ္သက္လို႔ သမၼတအိမ္ျဖဴေတာ္က အထူးတလည္ မွတ္ခ်က္ေပးေျပာဆိုတာမရွိပါဘူး။

“FBI က၀င္ေရာက္ရွာေဖြတဲ့ကိစၥကို သမၼတ ဘုိင္ဒန္ေရာ အိမ္ျဖဴေတာ္ကပါ သတင္းေတြကေနပဲ သိခဲ့ရတာပါ” လို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ Karine Jean-Pierre က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

FBI က၀င္ေရာက္ရွာေဖြမယ္ဆိုတာ ႀကိဳတင္အသိေပးတာမ်ိဳးမ႐ွိဘူးလို႔ သမၼတေဟာင္း Trump ရဲ ႔အိမ္ေတာ္တာ၀န္ရွိသူေတြကေျပာပါတယ္။ ခုလို၀င္ေရာက္ရွာေဖြခ်ိန္မွာ Florida ကေနအိမ္မွာ မစၥတာ Tump ရွိမေနပဲ နယူးေယာက္ၿမိဳ ႔ကိုေရာက္ေနတာျဖစ္ပါတယ္။

သမၼတေဟာင္းတဦးရဲ ႔ ေနအိမ္ကို FBI ကခုလို၀င္ေရာက္စီးနင္းရွာေဖြတာမ်ိဳး အေမရိကန္သမုိင္းတေလ ွ်ာက္ တႀကိမ္မွ မရွိခဲ့ဖူးဘူးလို႔ Akron တကၠသိုလ္ ႏုိင္ငံေရးသိပၸံဌာနပါေမာကၡ David Cohen ကေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ FBI ဖက္ကေရာ တရားေရးဌာနကပါ မွတ္ခ်က္ေပးေျပာဆိုတာမ်ိဳးမရွိေသးသလို ရွာေဖြရတဲ့အေၾကာင္းရင္းလည္း ထုတ္ျပန္တာမ်ိဳးမ႐ွိေသးပါဘူး။

ဒီကိစၥကို ရွင္းျပဖို႔ ရီပတ္ဘလစ္ကန္ အမတ္ေတြက အဂၤါေန႔မွာ ေတာင္းဆိုလိုက္ၾကပါတယ္။ ဒီမိုကရက္တို႔ ထိ္န္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္ကို လာမယ့္ႏွစ္အေစာပိုင္းမွာ ရီပတ္ဘလစ္ကန္တို႔ ျပန္ၿပီးထိန္းခ်ဳပ္ႏိုင္ခဲ့မယ္ဆိုရင္ ဒီိကိစၥကို စုံစမ္းစစ္ေဆးမယ္လို႔ ေအာက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Kevin McCarthy က ကတိျပဳေျပာဆိုပါတယ္။ လူထုသေဘာထားစစ္တမ္းအရ ေအာက္လႊတ္ေတာ္ကို ရီပတ္ဘလစ္ကန္တို႔ ျပန္ထိန္းခ်ဳပ္ႏုိင္ေျခလည္း ရွိေနပါတယ္။

သမၼတ Trump ရဲ ႔ ဒုသမၼတေဟာင္း Mike Pence ကလည္း သမၼတ Trump ရဲ ႔ေနအိမ္ကို ခုလို၀င္ေရာက္ရွာေဖြတဲ့အေပၚ သန္းနဲ႔ခ်ီတဲ့ အေမရိကန္ျပည္သူေတြလိုပဲ သူလည္း အထူးစိုးရိမ္မိပါတယ္လု႔ိ ေျပာပါတယ္။ တရားရုံးခြင့္ျပဳခ်က္နဲ႔သာ ခုလို၀င္ေရာက္ရွာေဖြႏုိင္တာျဖစ္ေပမယ့္ ဒါဟာအာဏာကို တလႊဲအသုံးခ်တာလို႔ ရီပတ္ဘလစ္ကန္အမတ္တခ်ိဳ႔ ကလည္း ေျပာဆိုၾကပါတယ္။ ရွာေဖြခြင့္ကို တရားေရးဌာန အျမင့္ဆုံးအရာရွိက အတည္ျပဳရတာျဖစ္ပုံရေပမယ့္ ဒီကိစၥမွာ ေရွ႕ေနခ်ဳပ္ Merrick Garland ရဲ႕ အခန္းက႑နဲ႔ ပတ္သက္လို႔ေတာ့ ရွင္းရွင္းလင္းလင္းမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

.........................................................

သမ္မတဟောင်းထရမ့် အပန်းဖြေအိမ် FBI ရှာဖွေမှု ရီပတ်ဘလစ်ကန်တွေ ကန့်ကွက်

{{Zawgyi/Unicode}}
အမေရိကန်သမ္မတဟောင်း Donald Trump ပိုင်တဲ့ ဖလော်ရီဒါပြည်နယ်က Mar-a-Largo ဇိမ်ခံ အပန်းဖြေနေအိမ်ကို ဖယ်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးရေးဗျုရို FBI က ဝင်ရောက်စီးနင်း ရှာဖွေတဲ့ကိစ္စနဲ့ပတ်သက်လို့ သမ္မတအိမ်ဖြူတော်က အထူးတလည် မှတ်ချက်ပေးပြောဆိုတာမရှိပါဘူး။

“FBI ကဝင်ရောက်ရှာဖွေတဲ့ကိစ္စကို သမ္မတ ဘိုင်ဒန်ရော အိမ်ဖြူတော်ကပါ သတင်းတွေကနေပဲ သိခဲ့ရတာပါ” လို့ အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

FBI ကဝင်ရောက်ရှာဖွေမယ်ဆိုတာ ကြိုတင်အသိပေးတာမျိုးမရှိဘူးလို့ သမ္မတဟောင်း Trump ရဲ့အိမ်တော်တာဝန်ရှိသူတွေကပြောပါတယ်။ ခုလိုဝင်ရောက်ရှာဖွေချိန်မှာ Florida ကနေအိမ်မှာ မစ္စတာ Tump ရှိမနေပဲ နယူးယောက်မြို့ကိုရောက်နေတာဖြစ်ပါတယ်။

သမ္မတဟောင်းတဦးရဲ့ နေအိမ်ကို FBI ကခုလိုဝင်ရောက်စီးနင်းရှာဖွေတာမျိုး အမေရိကန်သမိုင်းတလေ ျှာက် တကြိမ်မှမရှိခဲ့ဖူးဘူးလို့ Akron တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနပါမောက္ခ David Cohen ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ FBI ဖက်ကရော တရားရေးဌာနကပါ မှတ်ချက်ပေးပြောဆိုတာမျိုးမရှိသေးသလို ရှာဖွေရတဲ့အကြောင်းရင်းလည်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဒီကိစ္စကို ရှင်းပြဖို့ ရီပတ်ဘလစ်ကန် အမတ်တွေက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။ ဒီမိုကရက်တို့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ကို လာမယ့်နှစ်အစောပိုင်းမှာ ရီပတ်ဘလစ်ကန်တို့ ပြန်ပြီးထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ဒီကိစ္စကို စုံစမ်းစစ်ဆေးမယ်လို့ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Kevin McCarthy က ကတိပြုပြောဆိုပါတယ်။ လူထုသဘောထားစစ်တမ်းအရ အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တို့ ပြန်ထိန်းချုပ်နိုင်ခြေလည်း ရှိနေပါတယ်။

သမ္မတTrump ရဲ့ ဒုသမ္မတဟောင်း Mike Pence ကလည်း သမ္မတ Trump ရဲ့နေအိမ်ကို ခုလိုဝင်ရောက်ရှာဖွေတဲ့အပေါ် သန်းနဲ့ချီတဲ့အမေရိကန်ပြည်သူတွေလိုပဲ သူလည်း အထူးစိုးရိမ်မိပါတယ်လု့ိ ပြောပါတယ်။ တရားရုံးခွင့်ပြုချက်နဲ့သာ ခုလိုဝင်ရောက်ရှာဖွေနိုင်တာဖြစ်ပေမယ့် ဒါဟာအာဏာကို တလွှဲအသုံးချတာလို့ ရီပတ်ဘလစ်ကန်အမတ်တချို့ ကလည်း ပြောဆိုကြပါတယ်။ ရှာဖွေခွင့်ကို တရားရေးဌာန အမြင့်ဆုံးအရာရှိက အတည်ပြုရတာဖြစ်ပုံရပေမယ့် ဒီကိစ္စမှာ ရှေ့နေချုပ် Merrick Garland ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

XS
SM
MD
LG