သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့် အပေါ်စွဲချက်တင်မှု နောက်ဆုံး အခြေနေ


Trump Indictment
Trump Indictment

{{Zawgyi/Unicode}}

လွှတ်တော်မှာ ၂ ကြိမ်တိုင် တရားစွဲဆိုခံရပေမဲ့ ပြစ်ဒဏ်ချမှတ်မခံခဲ့ရတဲ့ Donald Trump ဟာ ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေကိုရင်ဆိုင်ရမယ့် ပထမဆုံးအမေရိကန်သမ္မတဟောင်းဖြစ်လာပါတယ်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ စည်းရုံးရေးအတွင်း အပြာမယ်တဦးကို ငွေကြေးပေးခဲ့မှုနဲ့ဆက်စပ်ပြီး Trump အပေါ်စွဲချက်တင်ဖို့ နယူးယောက် တရားရုံးမှာ ခုံသမာဓိအဖွဲ့တခုက ကြာသပတေးနေ့မှာ မဲခွဲ ဆုံးဖြတ်လိုက်တာဟာဆိုရင် အမေရိကန်သမိုင်းမှာ အစဉ်အလာမရှိခဲ့တဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲ ပြန်လည် အနိုင်ရဖို့ ကြိုးပမ်းနေချိန်မှာ Trump အပေါ် အခုလို စွဲချက်တွေတင်လိုက်တာဟာဆိုရင် စွဲချက်တင်ခံရမယ့် တဦးတည်းသောသမ္မတဟောင်း၊ သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်သွားစေပါတယ်။

စွဲချက်ကိုတော့ ချိတ်ပိတ်ထားဆဲဖြစ်ပြီး ဘယ်လို ရာဇဝတ်မှုလဲ၊ ပြစ်မှု ဘယ်နှခုနဲ့ Trump ကို စွဲချက်တင်လဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ သမ္မတဟောင်း Trump ကို စွဲချက်ပေါင်း ၃၀ ကျော် တင်ထားကြောင်း CNN ရုပ်သံက ဖော်ပြပါတယ်။ ဗွီအိုအေအနေနဲ့တော့ ဒီသတင်းကို အတည်မပြုနိုင်ပါဘူး။

တရားရုံးချုပ်မှာ ရုံးတင်စစ်ဆေးနိုင်ရေး စီစဉ်ဖို့အတွက် မက်ဟန်တန်ခရိုင် ရှေ့နေရုံးမှာ လာရောက်ပူးပေါင်းဆောင်ရွက်ရေး Trump ရဲ့ ရှေ့နေကို ဆက်သွယ်ထားကြောင်း မက်ဟန်တန်ခရိုင်ရှေ့နေ Alvin Bragg ရဲ့ ရုံးက ကြေညာချက်မှာ ပြောဆိုထားပါတယ်။ သမ္မတဟောင်း Trump ကိုတော့ နောက်သီတင်းပတ် အစောပိုင်းမှာ ရုံးတင်မယ့်ပုံရှိကြောင်း Trump ရဲ့ရှေ့နေ Joe Tacopina က ပြောပါတယ်။ အင်္ဂါနေ့လောက်မှာ ရုံးတင်နိုင်ကြောင်း အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနအတော်များများက ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

============


{{Unicode}}






XS
SM
MD
LG