သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့်ကို စွဲချက်တင်မှုအပေါ် တုံ့ပြန်မှုတချို့ 


{{Zawgyi/Unicode}}

၄၅ ဦးမြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုစွဲချက်တင်ဖို့ နယူးယောက် တရားရုံး ဂရန်းဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ သမ္မတဟောင်းကိုစွဲချက်တင်တာ ဒါပထမဆုံးလည်း ဖြစ်ပါတယ်။ ခုလို သမ္မတဟောင်း စွဲချက်တင်ခံရတာနဲ့ပတ်သက်ပြီး အမေရိကန်တွေရဲ့ သဘောထားတုံ့ပြန်မှုတွေကို ကိုအောင်အောင်က စုစည်းတင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ဒေါ်နယ်ထရမ့်ဟာ သူ့အပေါ် တရားစွဲသင့် မသင့် လွှတ်တော်မှာ ၂ ကြိမ် မဲခွဲဆုံးဖြတ်ခံခဲ့ရတဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့သလို ခု သမ္မတဟောင်းဘဝမှာလည်း စွဲချက်တင်ခံရတဲ့ ပထမဆုံးသမ္မတ ဖြစ်လာပါတယ်။ Trump ဟာ သူနဲ့ဆက်ဆံခဲ့ဖူးတဲ့ လိင်ဖျော်ဖြေရေးဇာတ်လမ်းတွေရိုက်တဲ့ မင်းသမီး Stormy Daniels ကို ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကာလအတွင်း နှုတ်ပိတ်ခ ဒေါ်လာ ၁ သိန်း ၃ သောင်းကို ရှေ့နေကတဆင့်ပေးခဲ့တာနဲ့ပတ်သက်လို့ နယူးယောက်မြို့ မန်ဟန်တန်ခရိုင်ရှေ့နေတွေက နှစ်တွေနဲ့ချီ စုံစမ်းစစ်ဆေးခဲ့ရာကနေ ဒီကိစ္စနဲ့ဆက်စပ်ပြီး Trump ကို တရားစွဲဖို့ ဂရန်းဂျူရီအဖွဲ့က ကြာသပတေးနေ့မှာ ဆုံးဖြတ်လိုက်တာပါ။ ဒီကိစ္စနဲ့ အပေါ် အမေရိကန်တွေက ခုလို တုံ့ပြန်ပါတယ်။

“သူ့အပေါ် အမှုပေါင်းသန်းနဲ့ချီအတွက် တရားစွဲသင့်ပေမယ့် နောက်ဆုံးတော့ ဒီတခုနဲ့ စွဲချက်တင်လိုက်ပါပြီ။ အချိန်ကျလာပြီလို့ ပြောရမှာပေါ့။”

“ဒီစွဲချက်က ရယ်စရာကောင်းပါတယ်။ အရေးကြီးတဲ့ကိစ္စတွေရှိရဲ့သားနဲ့ မီးဖိုချောင်ထဲပြေးနေတဲ့ကြွက်ကို ဖမ်းပြနေတာပါ။ သူက ကြွက်မဟုတ်ပါဘူး။ ဒီတိုင်းပြည်နဲ့ပတ်သက်ပြီး သူအများကြီးလုပ်ပေးခဲ့ပါတယ်။”

၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် ထရမ့်ဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ခုလို တရားစွဲဆိုခံရတာပါ။

“ဒီလိုလုပ်နေကြတာက ကျနော့်ဘဝကို ဘာမှ ထိခိုက်မှာမဟုတ်ပါဘူး။ အရင်တုန်းကသူ့အပေါ် စွဲချက်တင်ခဲ့တာတွေကနေလည်း သူ လွတ်ကင်းခဲ့ပါတယ်။ အားလုံးပဲ အရူးဖြစ်ကျန်ခဲ့မှာပါ။ ”

“ဒီလိုမျိုးဖြစ်လာစေချင်မှာလို့တောင်ထင်ပါတယ်။ ထရမ့်မဲဆွယ်စည်းရုံးရေးအဖွဲ့က ဒီလိုမျိုး ဖြစ်စေချင်နေတာပါ။ ပိုက်ဆံကုန်စရာမလိုဘဲ အလကားကြော်ငြာခွင့်ပါ။ သူက အမှုကနေလွတ်ပြီး ငါအနိုင်ရပြီ၊ ငါ့ကို မဲပေးကြလို့ ပြောမှာပါ။”

တရားစွဲဆိုဖို့ ဆုံးဖြတ်ချက်ဟာ ယဉ်ကျေးတဲ့လူ့ဘောင်အသိုင်းအဝိုင်းအတွက် ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာကို ပြလိုက်တာပါ။ သူရာဇဝတ်မှုကျူးလွန်တယ်ဆိုရင် အဲဒီအတွက်ပြစ်ဒဏ်ကျခံရမှာပါ။

သမ္မတအပေါ် စွဲချက်အတိအကျကိုတော့ မသိရသေးပေမယ့် လာမယ့် ရက်ပိုင်းတွေအတွင်း ထုတ်ပြန်လာလိမ့်မယ်လို့တော့ ခန့်မှန်းရပါတယ်။ မန်ဟက်တန် နယ်မြေတရားရုံးမှာ တရားဝင်စွဲချက်မတင်ရသေးခင် Trump ကို ဘယ်လို ဖမ်းဆီးမယ် ဆိုတာလည်း လောလောဆယ် သေချာမသိရသေးပါဘူး။ မန်ဟက်တန် အစိုးရ Alvin Bragg ရုံးက ခုအခါ ထရမ့်ရဲ့ ရှေ့နေကို ဆက်သွယ်ထားပြီး တရားရုံးတော်ရှေ့မှောက် လာရောက်ဖို့ ဆင့်ခေါ်ထားပါတယ်။ ထရမ့်ရဲ့ရှေ့နေ Joe Tacopina ကတော့ နောက်သတင်းပတ်အစောပိုင်းမှာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆောင်ရွက်ဖွယ်ရှိကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}











XS
SM
MD
LG