သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရမ့်ပ်ရဲ့ တရားရုံးချိန်း နောက်ဆက်တွဲအလားအလာ 


အမေရိကန်ပြည်ထောင်စု သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကို နယူးယောက်မြို့ Trump Tower အဆောက်အဦးရှေ့တွင် တွေ့ရစဉ် (ဧပြီ ၃၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကို နယူးယောက်မြို့ Trump Tower အဆောက်အဦးရှေ့တွင် တွေ့ရစဉ် (ဧပြီ ၃၊ ၂၀၂၃)

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) ဟာ ဒီနေ့ (ဧပြီလ ၄ ရက်) သူ့ကို တရားဝင်စွဲချက်တင်မယ့် နယူးယောက်မြို့ တရားရုံးကို လူကိုယ်တိုင် လာရောက်ဖို့ရှိနေပြီး အမှုအတွက် တရားရုံးဘက်က လိုအပ်တာတွေ စီမံဆောင်ရွက်တာဟာ တနာရီအတွင်းမှာ ပြီးပြတ်နိုင်ပါတယ်။ ဒီအမှုကို ခုခံကာကွယ်ဖို့ ထရမ့်ပ်ဘက်က ပြင်ဆင်နေပြီး အမှုနဲ့ ပတ်သက်လို့ အပြီးသတ် အဆုံးအဖြတ် ထွက်လာဖို့ကတော့ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အချိန်မှာတောင် ပြီးပြတ်သေးမှာ မဟုတ်တဲ့အကြောင်း တရားရေးကျွမ်းကျင်သူတွေ ခန့်မှန်းပါတယ်။

လိင်ဖျော်ဖြေရေး သရုပ်ဆောင် Stormy Daniels ကို ၂၀၁၆ ခုနှစ်က လက်သိပ်ထိုး ငွေပေးခဲ့မှုအတွက် သမ္မတဟောင်းထရမ့်ပ်ကို တရားစွဲဖို့ နယူးယောက်မြို့ တရားရုံး ဂျုရီအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်ခဲ့တာပါ။ ဒေါ်နယ်ထရမ့်ပ်ဟာ သမိုင်းမှာ ရာဇဝတ်မှုနဲ့ တရားစွဲခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်း ဖြစ်ပါတယ်။

ဒီနေ့ ဒေါ်နယ်ထရမ့်ပ် တရားရုံးကို လူကိုယ်တိုင် လာရောက်တဲ့အချိန် ချိပ်ပိတ်ထားတဲ့ တရားဝင် စွဲဆိုချက်တွေကို တရားရုံးက အများပြည်သူကို ဖွင့်ချ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

တရားခံ အကျိုးဆောင်ရှေ့နေတွေနဲ့ အစိုးရရှေ့နေတွေအကြား အပြန်အလှန် သတင်းအချက်အလက်ပေးပို့တဲ့ အမှုသွားအမှုလာ ရှုတ်ထွေးမှုတွေကြောင့် ပြစ်မှုကျူးလွန်သူကို ရုံးတင် စစ်ဆေးဖို့ ကိစ္စဟာ မစစ်ဆေးခင် ပြင်ဆင်ချိန်တောင် တနှစ် နှစ်နှစ် လောက်အထိ ကြာသွားနိုင်တဲ့အကြောင်း တရားရေးဆိုင်ရာ ကျွမ်းကျင်သူ ရှေ့နေတဉီးက ပြောဆိုထားပါတယ်။

ဒီနေ့ တရားရုံးမှာ တရားဝင်စွဲချင်တင်ပြီးရင် ညနေ ဖလော်ရီဒါပြည်နယ် Mar-a-Lago Culb နေအိမ်မှာ ဒေါ်နယ်ထရမ့်ပ်မိန့်ခွန်းပြောကြားမယ့်အကြောင်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ကြေညာထားပါတယ်။ ဒေါ်နယ်ထရမ့်ပ်ဘက်က သူ ဘာအပြစ်မှ မကျုးလွန်ခဲ့ဘူးလို့ ငြင်းဆိုထားသလို သူ့ရဲ့ ရှေ့နေတွေကလည်း အမှုကို အပြင်းအထန် ခုခံကာကွယ်သွားမယ့်အကြောင်း ပြောဆိုထားပါတယ်။

ထရမ့်ပ်ရဲ့ တရားရုံးချိန်း နောက်ဆက်တွဲအလားအလာ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG