သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WikiLeaks ထူထောင်သူ ခိုလှုံ ခွင့်ပြုရေး တောင်အမေရိက နိုင်ငံတွေ ထောက်ခံ


Wikileaks တည်ထောင်သူ ဂျူလီယန်အဆန်းခ်ျက သူ့ကို aထာက်ခံသူတွေ ကို သူခိုလူံနေတဲ့ လန်ဒန်ရှိ အီကွေဒေါ သံရုံးတံခါးပေါက်ကထွက်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
လန်ဒန်က အီကွေဒေါသံရုံးမှာ ခိုလှုံနေတဲ့ ၀ီကီလိခ် ၀က်ဘ်ဆိုက် (Wikileakes website) ထူထောင်သူ ဂျူလီယန် အဆန်းခ်ျကို (Julian Assange) အီကွေဒေါက နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ အတွက် ဆုံးဖြတ်ချက်ကို တောင်အမေရိကနိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေက ထောက်ခံလိုက်ပါတယ်။

နိုင်ငံပေါင်း ၁၂နိုင်ငံပါဝင်တဲ့ တောင်အမေရိကတိုက် နိုင်ငံများအဖွဲ့ (Union of South American Nations) က သူတို့ဟာ အီကွေဒေါနိုင်ငံနဲ့ တသဘောထဲရှိကြောင်း တနင်္ဂနွေနေ့က ကြေငြာချက် ထုတ်ပြန်ခဲ့တာပါ။ နိုင်ငံတနိုင်ငံဟာ တခြားနိုင်ငံရဲ့ ခြိမ်းခြောက်မှုမခံရဘဲ တစုံတယောက်ကို နိုင်ငံရေး ခိုလှုံခွင့် ပေးနိုင်ခွင့်ရှိကြောင်း အဖွဲ့က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

ဗြိတိသျှအစိုးရက အီကွေဒေါသံရုံးမှာ ခိုလှုံခွင့်ပေးထားသူ ဂျူလီယန်အဆန်းခ်ျနဲ့ ပါတ်သက်ပြီး ခြိမ်းခြောက်မှုတွေလုပ်တာ ခံနေရတဲ့ အီကွေဒေါနိုင်ငံ ဘက်က အတူ ရပ်တည်နေမှာဖြစ်ပြီး နိုင်ငံတကာ သဘောတူညီချက်အရ နိုင်ငံတနိုင်ငံရဲ့ အချုပ်အချာ အာဏာကို လေးစားရမှာ ဖြစ်ကြောင်း တောင်အမေရိက နိုင်ငံများ အဖွဲ့ အတွင်းရေးမှုးချုပ် Ali Rodriguez ကပြောပါတယ်။

ဂျူလီယန် အဆန်းခ်ျ သံရုံးအပြင်ကို ထွက်လာရင် ဖမ်းပြီး လိင်မှုဆိုင်ရာ ပစ်မှုနဲ့ တရားစွဲဆိုထားတဲ့ Sweden နိုင်ငံကို အမှုရင်ဆိုင်ဖို့ ပြန်ပြီး ပို့နိုင်အောင် ဗြိတိသျှရဲတွေဟာ သံရုံးပါတ်လည်မှာ စောင့်ကြပ်နေကြပါတယ်။

သူဟာ ၂၀၁၀ ထဲမှာ အမေရိကန် အစိုးရရဲ့ သံတမန် ထိပ်တန်းလျှို့ဝှက်စာတွေကို သူ့ရဲ့ ၀ီကီလိခ် ၀က်ဘ်ဆိုက် စာမျက်နှာမှာ တင်ခဲ့ပြီး အမေရိကန် အစိုးရကို အမျက်ထွက်စေခဲ့ပြီး သူ့ကို ထောက်ခံသူ အများအပြားရှိနေပြီး ဒီ သူ့ကိုထောက်ခံသူတွေကို မနေ့က သူက အီကွေဒေါသံရုံး တံခါးပေါက်ကထွက်လာပြီး ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။
XS
SM
MD
LG