သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုးစစ်ရပ်ဆိုင်းရေး ကန်ရောက် ကချင်တိုင်းရင်းသားတွေ ဆန္ဒပြ


အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေ စုဝေးပြီး ဝါရှင်တန်ဒီစီက မြန်မာသံရုံးရှေ့ ဆန္ဒပြ။ သတင်းဓာတ်ပုံ- Kachin Alliance
အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေ စုဝေးပြီး ဝါရှင်တန်ဒီစီက မြန်မာသံရုံးရှေ့ ဆန္ဒပြ။ သတင်းဓာတ်ပုံ- Kachin Alliance

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေရပ်ဖို့ အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေ စုဝေးပြီး ဝါရှင်တန်ဒီစီ က မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ စစ်ဘေး ဒုက္ခသည်တွေ ကို ထောက်ပံ့ရေး အကူအညီတွေ မြန်မာ စစ်တပ်ဘက်က ဖြတ်တောက်မှုတွေ မလုပ်ဖို့ တောင်းဆိုကြောင်း ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်တဲ့ အမေရိကန် အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ Gum San က ဗွီအိုအေကို ပြောပါတယ်။

" ကချင်ပြည်မှာ အခုထိုးစစ်အကြီးအကျယ်ဆင်နေတဲ့ဟာကို ကျနော်တို့က ကန့်ကွက်တာပါ။ ဆန္ဒပြတာပါ။ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြနေတာပါ တစ်အချက်ကတော့ ငြိမ်းချမ်းရေးပါ။ ပြည်တွင်းငြိမ်းချမ်းရေး နောက် ဖက်ဒရယ်ပြည်ထောင်စု ကြိုးပမ်းနေတာဟာ ကိုဖော်ဆောင်ဖို့ နောက်တခုကတော့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေကို တပ်ကနေ ဖြတ်တောက်တာတွေ မလုပ်သင့်တဲ့အကြောင်း ကျနော်တို့ ဆန္ဒပြတာပါ။"

အမေရိကန် ပြည်ထောင်စု ပြည်နယ်ပေါင်းစုံမှာ နေထိုင်တဲ့ ကချင်တိုင်းရင်းသားတွေ လည်း ဝါရှင်တန်ဒီစီကို လာရောက်ကြပြီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြတာပါ။

အခုလို မြန်မာပြည်မှာ စစ်ပွဲတွေရပ်စဲဖို့ ဆန္ဒပြပွဲကို ဒီစီ မြန်မာသံရုံးဘက်က တစုံတရာ တုန့်ပြန် အကြောင်းပြန်ခြင်းမရှိခဲ့ဘူးလို့ Gum San ကပြောပါတယ်။

ကြာသပတေးနေ့ကလည်း မြစ်ကြီးနားမှာ သောင်းနဲ့ ချီတဲ့ဒေသခံတွေက ထိုးစစ်တွေ မဆင်ဖို့ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် သောကြာနေ့မှာ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးက ရှေ့တန်း စခန်းတခုကို မြန်မာစစ်တပ်ဘက်က ဂျက်တိုက် လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေ ကလည်း ထိုးစစ်ဆင်နေ တာကြောင့် နှစ်ဘက် တိုက်ပွဲတွေ ပိုပြီးပြင်းထန် လာခဲ့တာပါ။

ကချင်ပြည်နယ်မှာတင်မကပဲ ရှမ်းပြည်နယ်မှာပါ တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်ပိုင်းမုန်းကိုးမြို့နယ် ကျေးရွာတခုမှာ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးဒဏ်ကြောင့် နှစ်နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး နောက် ကလေးငယ်နှစ်ဦးပြင်းပြင်း ထန်ထန် ဒဏ်ရာရခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေ အတွင်းမှာ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင် ထွက်ပြေးနေကြ ရတဲ့ ပြည်သူက ထောင်နဲ့ချီရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG