သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

APEC ထိပ္သီးတက္ေရာက္မယ္႔ ကန္ဒုသမၼတ ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ့ျမန္မာ့အေရးေဆြးေႏြးဖြယ္ရွိ 


U.S. Vice President Kamala Harris and her husband Doug Emhoff arrive at Don Mueang International Airport in Bangkok, Thailand, on Nov. 17, 2022, to attend the Asia-Pacific Economic Cooperation summit. (Haiyun Jiang/The New York Times via AP Pool)

အာရွေတာင္အာရွ ေဒသအေနနဲ႔ အေမရိကန္ကို အားထားႏိုင္ေၾကာင္း ျပသဖို႔နဲ႔ ဒီေဒသအတြက္ အေမရိကန္ေပးထားတဲ့ ကတိကဝတ္ေတြ ခိုင္မာေၾကာင္း ျပသဖို႔ အေမရိကန္ ဒုသမၼတ Kamala Harris ဟာ ထိုင္းႏိုင္ငံကို ေရာက္သြားပါၿပီ။  

APEC ထိပ္သီးတက္ေရာက္မယ္႔ ကန္ဒုသမၼတ ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ့ျမန္မာ့အေရးေဆြးေႏြးဖြယ္ရွိ

{{Zawgyi/Unicode}}

အာရွေတာင္အာရွ ေဒသအေနနဲ႔ အေမရိကန္ကို အားထားႏိုင္ေၾကာင္း ျပသဖို႔နဲ႔ ဒီေဒသအတြက္ အေမရိကန္ေပးထားတဲ့ ကတိကဝတ္ေတြ ခိုင္မာေၾကာင္း ျပသဖို႔ အေမရိကန္ ဒုသမၼတ Kamala Harris ဟာ ထိုင္းႏိုင္ငံကို ေရာက္သြားပါၿပီ။

ကေမာၻဒီးယားမွာ က်င္းပတဲ့ အာဆီယံထိပ္သီးအစည္းေဝးနဲ႔ အင္ဒိုနီးရွားမွာ က်င္းပတဲ့ G 20 စီးပြါးေရးအင္အားႀကီး ႏိုင္ငံ ၂၀ အစည္းေဝးေတြကို သမၼတဂ်ိဳးဘိုင္ဒန္ တက္ေရာက္ခဲ့တဲ့ ေနာက္မွာ အခု ထိုင္းႏိုင္ငံမွာ ေသာၾကာေန႔ စတင္မယ့္ ၂ ရက္ၾကာ အာရွပစိဖိတ္ စီးပြါးေရး ပူးေပါင္းေဆာင္ရြက္မႈအဖြဲ႔ APEC ထိပ္သီးအစည္းေဝးကိုေတာ့ ဒုသမၼတက တက္ေရာက္မွာ ျဖစ္ပါတယ္။

ဒုသမၼတ Harris ဟာ ဒီသီတင္းပတ္ကုန္မွာ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာ နဲ႔ ေတြ႕ဆံုၿပီး ဥတုရာသီေျပာင္းလဲမႈ၊ သန္႔ရွင္းစြမ္းအင္နဲ႔ ေရရွည္ဖြံ႔ၿဖိဳးေရး ကိစၥရပ္ေတြ အျပင္ စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံအေရးကိုပါ ေဆြးေႏြးဖြယ္ရွိပါတယ္။

ဒုသမၼတ Harris နဲ႔ တျခား APEC ေခါင္းေဆာင္ေတြဟာ ယူကရိန္စစ္ပြဲအေရး၊ ေငြေၾကးေဖါင္းပြမႈ၊ စားနပ္ရိကၡာနဲ႔ ေလာင္စာဆီ ျပတ္လပ္မႈ ကိစၥရပ္ေတြအျပင္ ပိုၿပီးရန္လိုလာတဲ့ တ႐ုတ္အေရးကိုပါ ေဆြးေႏြးၾကဖို႔ ရွိပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ပင္ လည္း အေစာင့္ေတြအမ်ားအျပားနဲ႔ လံုျခံဳေရးယူထားတဲ့ ဘန္ေကာက္က ဒီအစည္းေဝးကို တက္ေရာက္မွာ ျဖစ္ပါတယ္။ ေျမးမဂၤလာေဆာင္ က်င္းပေပးဖို႔ အိမ္ျဖဴကို ျပန္သြားတဲ့ သမၼတဘိုင္ဒန္အစား ဒုသမၼတ Harris က ဒီ ထိပ္သီးအစည္းေဝးကို တက္ေရာက္မွာ ျဖစ္ပါတယ္။

အေရွ႕ေတာင္အာရွ ေဒသကို အေမရိကန္သမၼတ ဘိုင္ဒန္ေရာ ဒုသမၼတ Harris ပါ လာေရာက္တာကို ၾကည့္ရင္ ဒီေဒသနဲ႔ အေမရိကန္တို႔ၾကား ဆက္ဆံမႈ နက္ရႈိင္းေၾကာင္း နဲ႔ ဒီေဒသတြင္း ႏိုင္ငံေတြ အေနနဲ႔ အေမရိကန္ကို အားထားႏိုင္ေၾကာင္း ျပသေနတယ္လို႔ အေမရိကန္ အႀကီးတန္း အရာရွိတဦးက ေျပာပါတယ္။

ဒုသမၼတ Harris ဟာ APEC ထိပ္သီးအစည္းေဝးအတြင္း သီးသန္႔က်င္းပမယ့္ စီးပြြါးေရးညီလာခံမွာ မိန္႔ခြန္းေျပာဖို႔ စီစဥ္ထားပါတယ္။ ဒါ့အျပင္ လာမယ့္ ႏွစ္မွာ အေမရိကန္က အိမ္ရွင္အျဖစ္ လက္ခံ က်င္းပမယ့္ APEC အစည္းေဝးနဲ႔ ပတ္သက္ၿပီးလည္း အစီအစဥ္ေတြ ခ်ျပဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................

APEC ထိပ်သီးတက်ရောက်မယ့် ကန်ဒုသမ္မတ ထိုင်းဝန်ကြီးချုပ်နဲ့မြန်မာ့အရေးဆွေးနွေးဖွယ်ရှိ

{{Zawgyi/Unicode}}

အာရှတောင်အာရှ ဒေသအနေနဲ့ အမေရိကန်ကို အားထားနိုင်ကြောင်း ပြသဖို့နဲ့ ဒီဒေသအတွက် အမေရိကန်ပေးထားတဲ့ ကတိကဝတ်တွေ ခိုင်မာကြောင်း ပြသဖို့ အမေရိကန် ဒုသမ္မတ Kamala Harris ဟာ ထိုင်းနိုင်ငံကို ရောက်သွားပါပြီ။

ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းဝေးနဲ့ အင်ဒိုနီးရှားမှာ ကျင်းပတဲ့ G 20 စီးပွါးရေးအင်အားကြီး နိုင်ငံ ၂၀ အစည်းဝေးတွေကို သမ္မတဂျိုးဘိုင်ဒန် တက်ရောက်ခဲ့တဲ့ နောက်မှာ အခု ထိုင်းနိုင်ငံမှာ သောကြာနေ့ စတင်မယ့် ၂ ရက်ကြာ အာရှပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ထိပ်သီးအစည်းဝေးကိုတော့ ဒုသမ္မတက တက်ရောက်မှာ ဖြစ်ပါတယ်။

ဒုသမ္မတ Harris ဟာ ဒီသီတင်းပတ်ကုန်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နဲ့ တွေ့ဆုံပြီး ဥတုရာသီပြောင်းလဲမှု၊ သန့်ရှင်းစွမ်းအင်နဲ့ ရေရှည်ဖွံ့ဖြိုးရေး ကိစ္စရပ်တွေ အပြင် စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးကိုပါ ဆွေးနွေးဖွယ်ရှိပါတယ်။

ဒုသမ္မတ Harris နဲ့ တခြား APEC ခေါင်းဆောင်တွေဟာ ယူကရိန်စစ်ပွဲအရေး၊ ငွေကြေးဖေါင်းပွမှု၊ စားနပ်ရိက္ခာနဲ့ လောင်စာဆီ ပြတ်လပ်မှု ကိစ္စရပ်တွေအပြင် ပိုပြီးရန်လိုလာတဲ့ တရုတ်အရေးကိုပါ ဆွေးနွေးကြဖို့ ရှိပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင် လည်း အစောင့်တွေအများအပြားနဲ့ လုံခြုံရေးယူထားတဲ့ ဘန်ကောက်က ဒီအစည်းဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ မြေးမင်္ဂလာဆောင် ကျင်းပပေးဖို့ အိမ်ဖြူကို ပြန်သွားတဲ့ သမ္မတဘိုင်ဒန်အစား ဒုသမ္မတ Harris က ဒီ ထိပ်သီးအစည်းဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသကို အမေရိကန်သမ္မတ ဘိုင်ဒန်ရော ဒုသမ္မတ Harris ပါ လာရောက်တာကို ကြည့်ရင် ဒီဒေသနဲ့ အမေရိကန်တို့ကြား ဆက်ဆံမှု နက်ရှိုင်းကြောင်း နဲ့ ဒီဒေသတွင်း နိုင်ငံတွေ အနေနဲ့ အမေရိကန်ကို အားထားနိုင်ကြောင်း ပြသနေတယ်လို့ အမေရိကန် အကြီးတန်း အရာရှိတဦးက ပြောပါတယ်။

ဒုသမ္မတ Harris ဟာ APEC ထိပ်သီးအစည်းဝေးအတွင်း သီးသန့်ကျင်းပမယ့် စီးပွါးရေးညီလာခံမှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် လာမယ့် နှစ်မှာ အမေရိကန်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် APEC အစည်းဝေးနဲ့ ပတ်သက်ပြီးလည်း အစီအစဉ်တွေ ချပြဖို့ ရှိပါတယ်။

XS
SM
MD
LG