သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပြိုင်ဘက်သမ္မတလောင်းနှစ်ဦး စက်တင်ဘာလထဲ စကားစစ်ထိုးကြမည်


လာမယ့်စက်တင်ဘာလထဲမှာ စကားစစ်ထိုးကြမယ့် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလီကင်ပါတီသမ္မတလောင်း Donald Trump
လာမယ့်စက်တင်ဘာလထဲမှာ စကားစစ်ထိုးကြမယ့် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလီကင်ပါတီသမ္မတလောင်း Donald Trump

နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီက ကင်မလာဟဲရစ်နဲ့ ရီပတ်ဘလစ်ကင်ပါတီက ဒေါ်နယ်ထရမ့်တို့နှစ်ဦးဟာ လာမယ့်စက်တင်ဘာ လထဲမှာ စကားစစ်ထိုးပွဲ ၃ ကြိမ်ပြုလုပ်လိုတယ်လို့ သမ္မတဟောင်း Trump က ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့မှာ Fox သတင်းဌာန၊ စက်တင်ဘာ ၁၀ ရက်နေ့မှာ ABC နဲ့ နောက်ဆုံး စက်တင်ဘာ ၂၅ ရက်နေ့မှာ NBC သတင်းဌာနတွေမှာ တွေ့ဆုံ စကားစစ်ထိုးကြဖို့ဖြစ်ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ ABC သတင်းဌာနမှာ လုပ်မယ့် စကားစစ်ထိုးပွဲကိုတော့ နှစ်ဘက်စလုံးက သဘောတူထားပါတယ်။ ဒါပေမယ့်လည်း စက်တင်ဘာ ၄ ရက်နေ့ Fox သတင်းဌာနမှာလုပ်မယ့် စကားစစ်ထိုးပွဲအတွက်တော့ ဒုသမ္မတ ကင်မလာဘက်က သဘောတူထားခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့လက CNN မှာ ပြုလုပ်တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ ဒီမိုကရက်ပါတီကသမ္မတဂျိုးဘိုင်ဒန် အခြေနေမကောင်းတဲ့အတွက် ရွေးကောက်ပွဲ မဝင်တော့ဘဲ ဒုသမ္မတ ကင်မလာဟဲရစ်ကိုဝင်ပြိုင်ဖို့ ရွေးချယ်ခဲ့တဲ့နောက် ကင်မလာဟဲရစ်က အချိန်မဆိုင်းဘဲ ထရမ့်ကို ထိုးနှက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူမဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အစိုးရရှေ့နေအဖြစ် ကာလတာရှည်တာဝန်ထမ်းဆောင်ခဲ့ချိန် ရာဇဝတ်သားတွေကိုရုံးတင်ခဲ့ကြောင်း ဗုဒ္ဒဟူးနေ့မဲဆွယ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

ရီပတ်ဘလစ်ကင်ပါတီက ဒုသမ္မတလောင်းအဖြစ် ထရမ့်ရွေးချယ်ထားသူ JD Vance က တော့ ကင်မလာဟဲရစ်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း အမည်တင်သွင်းခံရတာ ၁၈ ရက်ကြာသွားတဲ့အချိန်ထိ သတင်းမီဒီယာတွေမှာ ပြောကြားမှုမလုပ်သေးတဲ့အတွက် ဝေဖန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG