[[Zawgyi/Unicode]]
အေမရိကန္ ဒုသမၼတ Kamala Harris ကိုဗစ္ပိုးေတြ႔ခဲ့အၿပီး ရံုးအလုပ္ေတြကို အိမ္ကေန ေကာင္းေကာင္း ဆက္လုပ္ေနပါတယ္။
အခုလို ကိုဗစ္ 19 ပိုး မေန႔က စစ္ေဆးေတြ႕ခဲ့ေပမယ့္ ေရာဂါလကၡဏာေတာင္ မခံစားရဘဲ အေျခအေနေကာင္းတယ္လို႔ အေမရိကန္ ဒုသမၼတရံုးက မေန႔က ထုတ္ျပန္ခဲ့ပါတယ္။
အိမ္မွာအျမန္စစ္ႏိုင္တဲ့ Test Kit နဲ႔ေရာ၊ ပံုမွန္ေဆးခန္းမွာသြားစစ္ရတဲ့ PCR ပိုေသခ်ာတဲ့နည္းနဲ႔ပါ စစ္ေဆးၿပီး အခုလို ပိုးေတြ႔တာေသခ်ာပါတယ္လို႔ ဒုသမၼတ Harris ရဲ႕ သတင္းျပန္ၾကားေရး တာဝန္ခံ Kirsten Allen က ဒီထုတ္ျပန္ခ်က္မွာ ရွင္းျပခဲ့ပါတယ္။
သက္လတ္ပိုင္း ၅၇ ႏွစ္အရြယ္ ဒုတိယသမၼတ Harris ဟာ ပံုမွန္ကိုဗစ္ကပ္ကာကြယ္ေဆးအျပင္ အားျမွင့္ကာကြယ္ေဆးလည္း ၂ ႀကိမ္ အျပည့္ထိုးထားၿပီး ေနာက္ ဆံုးထိုးထားတဲ့ရက္က ဒီလ ဧၿပီ ၁ ရက္ေန႔ကပဲျဖစ္ပါတယ္။
တခ်ိန္တည္းမွာ ဒုသမၼတ Harris အေနနဲ႔ သမၼတ Joe Biden နဲ႔ဇနီး Jill Biden တို႔နဲ႔ အနီးကပ္ ထိေတြ႔မႈမရွိခဲ့ဘူး။ အေၾကာင္းက ဒိမတိုင္ခင္ကပဲ သူတို႔ သီးျခားစီ ခရီထြက္ခဲ့လို႔ပါလို႔လည္း ဒုသမၼတ ေျပာခြင့္ရက ဆက္ရွင္းျပခဲ့ပါတယ္။
ဒါ့အျပင္ ဒုသမၼတ Harris က အေမရိကန္ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာန CDC ရဲ႕ စည္းမ်ဥ္းေတြ၊ ဆရာဝန္ရဲ႕ အႀကံေပးခ်က္ေတြအတိုင္း အမ်ားနည္းတူ သီးသန္႔ခြဲေနသြားၿပီး ပိုးကင္းစင္သြားမွသာ ရံုးျပန္တက္မွာပါလို႔လည္း ဒုသမၼတ ေျပာခြင့္ရက ဆက္ေျပာပါတယ္ ခင္ဗ်ာ။
==================
[[Zawgyi/Unicode]]
ကန် ဒုသမ္မတ ကိုဗစ်ပိုးကူးစက်ခံရ
အမေရိကန် ဒုသမ္မတ Kamala Harris ကိုဗစ်ပိုးတွေ့ခဲ့အပြီး ရုံးအလုပ်တွေကို အိမ်ကနေ ကောင်းကောင်း ဆက်လုပ်နေပါတယ်။
အခုလို ကိုဗစ် 19 ပိုး မနေ့က စစ်ဆေးတွေ့ခဲ့ပေမယ့် ရောဂါလက္ခဏာတောင် မခံစားရဘဲ အခြေအနေကောင်းတယ်လို့ အမေရိကန် ဒုသမ္မတရုံးက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အိမ်မှာအမြန်စစ်နိုင်တဲ့ Test Kit နဲ့ရော၊ ပုံမှန်ဆေးခန်းမှာသွားစစ်ရတဲ့ PCR ပိုသေချာတဲ့နည်းနဲ့ပါ စစ်ဆေးပြီး အခုလို ပိုးတွေ့တာသေချာပါတယ်လို့ ဒုသမ္မတ Harris ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ Kirsten Allen က ဒီထုတ်ပြန်ချက်မှာ ရှင်းပြခဲ့ပါတယ်။
သက်လတ်ပိုင်း ၅၇ နှစ်အရွယ် ဒုတိယသမ္မတ Harris ဟာ ပုံမှန်ကိုဗစ်ကပ်ကာကွယ်ဆေးအပြင် အားမြှင့်ကာကွယ်ဆေးလည်း ၂ ကြိမ် အပြည့်ထိုးထားပြီး နောက် ဆုံးထိုးထားတဲ့ရက်က ဒီလ ဧပြီ ၁ ရက်နေ့ကပဲဖြစ်ပါတယ်။
တချိန်တည်းမှာ ဒုသမ္မတ Harris အနေနဲ့ သမ္မတ Joe Biden နဲ့ဇနီး Jill Biden တို့နဲ့ အနီးကပ် ထိတွေ့မှုမရှိခဲ့ဘူး။ အကြောင်းက ဒိမတိုင်ခင်ကပဲ သူတို့ သီးခြားစီ ခရီထွက်ခဲ့လို့ပါလို့လည်း ဒုသမ္မတ ပြောခွင့်ရက ဆက်ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ဒုသမ္မတ Harris က အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC ရဲ့ စည်းမျဉ်းတွေ၊ ဆရာဝန်ရဲ့ အကြံပေးချက်တွေအတိုင်း အများနည်းတူ သီးသန့်ခွဲနေသွားပြီး ပိုးကင်းစင်သွားမှသာ ရုံးပြန်တက်မှာပါလို့လည်း ဒုသမ္မတ ပြောခွင့်ရက ဆက်ပြောပါတယ် ခင်ဗျာ။
==================