မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်မှာ မကြာသေးခင် သီတင်းပတ်တွေအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာက ရေဘေးဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကိုယ်စားလှယ်တွေ သွားရောက်နေကြပါတယ်။ တချိန်ထဲမှာပဲ ပြည်တွင်းက ဒေသခံ စေတနာ့ဝန်ထမ်းတချို့ကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြပေမဲ့ အခက်အခဲတွေနဲ့ ကြုံနေကြရတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မမေစန္ဒီက တင်ပြပေးမှာဖြစ်ပါတယ်။
ယခုနှစ် ဇူလိုင်လကုန်နဲ့ သြဂုတ်လဆန်းတွေမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် လူပေါင်း ၄ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ရေဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ကရင်ပြည်နယ်မှာတော့ ဒေသခံပေါင်း ၃ သောင်း ၃ ထောင်ကျော်ဟာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း စတဲ့နေရာတွေမှာ ယာယီပြောင်းရွှေ့ခဲ့ကြရပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာကော်မရှင်ရုံး ပြောခွင့်ရ မစ္စ ဗီဗီယန် တန် (Vivian Tan) က ပြောပါတယ်။
“သြဂုတ်လစမှာတုန်းက ကရင်ပြည်နယ် ဒေသခံအာဏာပိုင်တွေကနေပြီးတော့ ရေကြီးမှုကို အကူအညီပေးဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အင်န်ဂျီအိုတွေကို တောင်းဆိုခဲ့တဲ့အတွက် UNHCR ရဲ့ ဝန်ထမ်းတွေကို အဲဒီမှာရှိတဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ချက်ခြင်းလွှတ်ခဲ့ပါတယ်။ ကျမတို့တွေ ကယ်ဆယ်ရေး ပစ္စည်းတွေဖြစ်တဲ့ စောင်တွေ၊ ပလတ်စတစ်အခင်းတွေ စတာတွေကို ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်ထိုမြို့နယ်တွေမှာရှိတဲ့ မိသားစုပေါင်း ၃၂၀၀ ကို ဖြန့်ဝေခဲ့ပါတယ်။”
ရေမျက်နှာပြင် အမြင့်ဟာ အခုအခါမှာ တဖြည်းဖြည်း ကျသွားပေမဲ့လို့ တချို့နေရာမှာတွေမှာ ရေကြီးမှုကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသေးတဲ့အကြောင်း သူက ပြောပါတယ်။
“အဲဒီကိုသွားတဲ့ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောစကားအရ တချို့နေရာတွေမှာ ရေတွေ တော်တော်ကျသွားပြီးတော့ အခြေအနေတွေ ပြန်ကောင်းလာပြီလို့ သိရပါတယ်။ ဒါပေမဲ့ ကော့ကရိတ် ဒေသမှာတော့ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လမ်းတွေတချို့ ပိတ်ထားတဲ့အတွက် ကျမတို့ ဝန်ထမ်းတွေက ဒေသခံတွေရှိရာကို လှေတွေနဲ့ သွားရောက်ကြတယ်လို့ သိရပါတယ်။”
မစ္စ ဗီဗီယန် တန် ကတော့ ဒေသအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ကရင်ပြည်နယ် တဝှမ်း ရေမျက်နှာပြင်ဟာ စိုးရိမ်ရတဲ့ အနေအထားမှာ မရှိတော့ဘူးဆိုပေမဲ့လို့ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိနေသေးတဲ့အတွက် ဒုက္ခသည်တွေဟာ သူတို့ နေအိမ်ကို ပြန်လို့မရသေးဘူးလို့ ပြီးခဲ့တဲ့လ ကရင်ပြည်နယ် ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ သွားရောက်ခဲ့တဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက အခုလို ပြောပါတယ်။
“ကျသွားပါပြီ။ ကျသွားပေမဲ့ ပျက်စီးဆုံးရှုံးမှုတွေကြောင့် ဒါ သူတို့ အိမ်တွေကို ပြန်လာလို့ မရသေးဘူးပေါ့လေ။ အဲဒီလိုတော့ရှိတယ်။”
ဒါ့အပြင် မိုးများတဲ့ မြဝတီဒေသတွေဘက်ကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် နာရေးကူညီမှုအသင်းက စေတနာ့ဝန်ထမ်းတချို့ သွားရာမှာ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ချက်ခြင်း ဝေငှခွင့်မပေးတဲ့အတွက် အခက်အခဲ အနည်းငယ်ရှိတဲ့အကြောင်း ဦးကျော်သူ က ဆက်ပြောပါတယ်။
“အခု မြဝတီဘက်သွားတော့ အဲဒီမှာ သူတို့ အာဏာပိုင် အဖွဲ့အစည်းတွေက ဒုက္ခသည်တွေကို ချက်ခြင်းဝေငှခွင့် မပြုသေးဘူး။ ခွင့်ပြုချက် မရသေးတဲ့အတွက်ကြောင့် ဆန်အိတ်တို့ ရေသန့်ဗူူးတို့ဆို ထောင်ပေါင်းမြောက်များစွာ ဂိုဒေါင်ထဲမှာ သိမ်းထားရတာတွေ ရှိတယ်။ အဲဒီလိုဖြစ်တယ်။ ချက်ခြင်းဝေငှခွင့် မရတဲ့အတွက် အဲဒီလို အခက်အခဲလေးတွေတော့ ရှိတယ်။”
ဇူလိုင်လ ၂၇ ရက်နေ့ကစတင်ပြီး မိုးများပြီး ရေလွှမ်းမိုးခဲ့တာကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲ့၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ကမမောင်းမြို့တွေမှာ အိမ်ထောင်စု ၆၇၀၀ ကျော်က လူ ၃ သောင်း ၃ ထောင်ကျော် ရေဘေးဒုက္ခကြုံနေရပြီး ကယ်ဆယ်ရေးစခန်းပေါင်း ၇၉ ခု ဖွင့်လှစ်ထားရတယ်လို့ ဒုတိယသမ္မတ ဦးညဏ်ထွန်း ဦးဆောင်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့က ရေဘေးသင့်ဒေသတွေကို သွားရောက်ကူညီခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။