သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kavanaugh ရာထူးအတည်ပြုရေး အလားအလာကောင်း


President Donald Trump's Supreme Court nominee, Brett Kavanaugh, a federal appeals court judge, right, accompanied by Senate Judiciary Chairman Chuck Grassley, R-Iowa, left, on Capitol Hill
President Donald Trump's Supreme Court nominee, Brett Kavanaugh, a federal appeals court judge, right, accompanied by Senate Judiciary Chairman Chuck Grassley, R-Iowa, left, on Capitol Hill

အမေရိကန်တရားရုံးချုပ်၊ တရားသူကြီးအဖြစ်ခန့်အပ်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အမည်စာရင်းတင်သွင်းထားတဲ့ Brett Kavanaugh ဟာ အတည်ပြုခန့်အပ်ခံရဖို့ သေချာသလောက်ရှိနေပါပြီ။

မဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံမဲ ဒါမှမဟုတ် ကန့်ကွက်မဲ ပေးမလားဆိုတာ အတိအကျမသိခဲ့ရတဲ့ အဓိက အထက်လွှတ်တော် အမတ်နှစ်ယောက်ဖြစ်တဲ့ Susan Collins နဲ့ Joe Manchin တို့က ထောက်ခံမဲပေးမယ်လို့ ပြောလိုက်ပြီးတဲ့နောက် အတည်ပြု ခန့်ထားရေးကိစ္စ သေချာသလောက်ဖြစ်သွားတာပါ။

တရားသူကြီး Kavanugh အထက်တန်းကျောင်းသားဘဝ ၁၉၈၀ ပြည့်နှစ်တွေက နေအိမ်တခုမှာ လိင်ပိုင်းမတော်မတရားလုပ်တာ ခံခဲ့ရတယ်လို့ အမျိုးသမီးတဦးက စွပ်စွဲပြောဆိုပြီးတဲ့နောက် သူ့ကို အတည်ပြုခန့်ထားရေး တုန့်ဆိုင်းပြီး အခြေအတင်ဖြစ်နေခဲ့တာ ပါ။ ပါမောက္ခ Christine Blasey Ford ရဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်တဲ့အကြောင်း တရားသူကြီး Kavanaugh က ငြင်းဆိုထားပါ တယ်။

နောက်ဆုံး အတည်ပြုခန့်ထားရေး မဲခွဲဆုံးဖြတ်မယ့်ရက်မတိုင်ခင် အထက်လွှတ်တော်အမတ်တွေ ဆွေးနွေးပြောဆိုတာကို ကန့်သတ်ရေးနဲ့ဆိုင်တဲ့ မဲခွဲဆုံးဖြတ်မှုတခုကို သောကြာနေ့ကလုပ်တာမှာ ထောက်ခံမဲ ၅၁ မဲ၊ ကန့်ကွက်မဲ ၄၉ မဲနဲ့ ကပ်ပြီး အတည်ဖြစ်သွားတာကြောင့် နောက်ဆုံးအဆင့် မဲခွဲဆုံးဖြတ်မယ့်အဆင့်ကို ရောက်လာတာဖြစ်ပြီး စနေနေ့မှာ အစောဆုံး မဲခွဲ ဆုံးဖြတ်ကြဖွယ်ရှိပါတယ်။

တရားရုံးချုပ် တရားသူကြီးတဦးဖြစ်သူ Anthony Kennedy အနားယူသွားပြီးတဲ့နောက် လစ်လပ်သွားတဲ့နေရာအတွက် မစ္စတာ Kavanugh ကို အစားထိုးခန့်ထားဖို့ လုပ်နေတာပါ။ တရားရုံးချုပ်မှာ တရားသူကြီး ကိုးဦးရှိပြီး မစ္စတာ Kavanaugh ကိုခန့်ထားရေး အတည်ဖြစ်သွားပြီဆိုရင်တော့ ကွန်ဆာဗေးတစ်အယူဝါဒဘက်ယိမ်းတဲ့ တရားသူကြီးအရေအတွက် ၅ ဦးနဲ့ အများစုဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒီတရားသူကြီး ၉ ဦးဟာ အနားယူတဲ့ထိ ဒါမှမဟုတ် ကွယ်လွန်တဲ့ထိ ရာသက်ပန် လုပ်ဆောင်ခွင့်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG