သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝင် ကယားပါတီတွေရဲ့ စိုးရိမ်မှု


យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways ហោះហើរនៅក្បែរឥន្ទធនូនៅតាមផ្លូវទៅកាន់ព្រលានយន្តហោះ Heathrow នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways ហោះហើរនៅក្បែរឥន្ទធនូនៅតាមផ្លូវទៅកាន់ព្រលានយន្តហោះ Heathrow នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

အင်အားကြီး နိုင်ငံရေး ပါတီကြီးတွေ၊ အစိုးရ အဖွဲ့ဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ရမယ့် ကယား ဒေသခံ တိုင်းရင်းသား ပါတီတို့က လာမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု အပေါ်မှာ စိုးရိမ်တဲ့ အကြောင်း ပြောဆိုကြပါတယ်။ ကယားပြည်နယ် ဒေသခံ နိုင်ငံရေးပါတီ တခုက လူငယ် ကိုယ်စားလှယ်လောင်း တဦးကိုလည်း ရွေးကောက် ပွဲ ကော်မရှင်က ပြစ်မှု ဆိုင်ရာ ထွက်ဆိုချက်ကို အကြောင်းပြပြီး ဝင်ရောက် ရွေးကောက်ခံခွင့် ပယ်ချလိုက်ပါတယ်။ ကယားပြည်နယ်တွင်း ဒေသခံ တိုင်းရင်းသား နိုင်ငံရေး ပါတီတို့ရဲ့ ယှဉ်ပြိုင်နိုင်မှု အခြေအနေတွေကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ကယားပြည်နယ်တွင်း လွှတ်တော် သုံးရပ် အတွက် အမတ်နေရာတွေမှာ လက်ရှိ အာဏာရ ပြည်ထောင်စုနဲ့ ကြံ့ခိုင်ရေး ပါတီက ကိုယ်စားလှယ်လောင်း အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်သလို အာဏာရ ပါတီရဲ့ ဗဟိုကော်မတီဝင် အသစ်တွေ ဖြစ်ကြတဲ့ လက်ရှိ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ကလည်း တသီးပုဂ္ဂလ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒေသခံ ကယားလူမျိုးစု ဒီမိုကရေစီ ပါတီနဲ့ ကယန်းအမျိုးသား ပါတီတို့ အနေနဲ့ လက်ရှိ အာဏာရပါတီနဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ယှဉ်ပြိုင် ရွေးကောက်ခံတဲ့ နေရာမှာ ငွေကြေးသုံးစွဲနိုင်မှုက အစ စိန်ခေါ်ချက်တွေ ရှိနေတာပါ။ ကယားလူမျိုးစု ဒီမိုကရေစီ ပါတီရဲ့ အကြီးအကဲ တဦးဖြစ်တဲ့ ဦးစောဒယ်နီရဲလ် ကတော့ ရွေးကောက်ပွဲမှာ တန်းတူ အခွင့်အရေး ရဖို့ အတွက် စိုးရိမ်တဲ့ အကြောင်း ပြောပါတယ်။

"ကျနော်တို့ယှဉ်ပြိုင်နိုင်ပါတယ်။ သူတို့က တရားသဖြင့်သာ Free and Fair ဖြစ်မယ် ဆိုရင်တော့ ကျနော်တို့က ဘာမှ မကြောက်ပါဘူး။ တခုပဲ ရှိတယ်။ ငွေရေးကြေးရေး ၊ ငွေရေးကြေးရေးမှာ သူတို့က တအား သုံးစွဲထားတော့ အဲ့ဒီ့တခုပဲ ကျနော်တို့မှာ စိုးရိမ်စရာရှိပါတယ်။ Free and Fair ဖြစ်မယ်လို့ ကျနော်တို့မျှော်လင့်တယ်။ ဒါပေမဲ့ ကျနော်တို့က ယုံကြည်လို့ မရဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ တုန်းက လုပ်သွားတဲ့ပုံစံက အခုလည်း ဘာလုပ်သွားမယ်ဆိုတဲ့ပုံစံ မသိတဲ့ဟာတွေ အများကြီးရှိတယ်။ ဥပမာ လက်ရှိ မဲစာရင်းတွေတောင် သူတို့ မှန်အောင် မရေးပေးနိုင်ဘူး။နောက် အမျိုးမျိုး အကြောင်းပြနေကြတယ် အဲ့တာတွေကြောင့် ကျနော်တို့က စိုးရိမ်တာတွေ အဲတ့ာတွေပါပဲ။"

ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၇) မှာတော့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ မဲဆန္ဒနယ် အမှတ် (၉) မှာတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်း ဖြစ် ပြည်ထောင်စု ဝန်ကြီးလည်း ဖြစ်တဲ့ ဦးစိုးသိန်း ကလည်း တသီးပုဂ္ဂလ အနေနဲ့ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အပါအဝင် တခြားကိုယ်စားလှယ်တို့နဲ့အမျိုးသား လွှတ်တော် အမတ်နေရာကို ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ အင်အားကြီး အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့က ကိုယ်စားလှယ်တွေလည်း ယှဉ်ပြိုင် ရွေးကောက် ခံကြမှာ ဖြစ်ပါတယ်။

အင်အားကြီး နိုင်ငံရေးပါတီတို့နဲ့ ရွေးကောက်ပွဲကို ယှဉ်ပြိုင်နိုင်ရေး တဖက်က ကြိုးစားနေရတဲ့ တိုင်းရင်းသားပါတီတို့ အနေနဲ့ ကိုယ်စားလှယ်လောင်းတွေ အပယ်ခံရတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့ နေရပါတယ်။

လွှတ်တော် အမတ်နေရာ ၁၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကယန်းအမျိုးသား ပါတီက လွိုင်ကော် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းတင်ခဲ့တဲ့ ကိုခွန်ဘီတူးကို ကိုယ်စားလှယ် အဖြစ်ကနေ ကော်မရှင်က ပယ်ချခဲ့ပါတယ်။

"အဓိက ကတော့ ကျနော် မဲဆန္ဒနယ်မှာ ကျနော်ဝင်ပြိုင်တဲ့အခါမှာ အားအကောင်းဆုံး ပြိုင်ဘက်တယောက်အနေနဲ့ သုံးသပ်ထားတယ်ပေါ့နော်။ ဆိုတော့ ကြံ့ခိုင်ရေး ပါတီဘက်က အတိုက်အခံအဖြစ် မြင်တယ်လို့ ကျနော် သုံးသပ်တယ်။ နောက်ဆုံး တချက် ကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်ပြီးမှ ခွဲခြားပြီးမှ ကျနော့်ကို အမှုတွေ ပြပြီး ခွင်ဆင်ပြီးမှ ကျနော့်ကို ဖယ်လိုက်တဲ့အနေအထားမျိုးလို့ပဲ ခံစားရတယ် ခင်ဗျ။"

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အတည်ပြုချိန်တုန်းက ဖမ်းဆီးခံရပြီး ပုဒ်မ ၆ ခုနဲ့ ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံခဲ့ရသူ ကိုခွန်ဘီတူး ပြောပြခဲ့တာပါ။

၂၀၀၈ ခုနှစ် စစ်အုပ်ချုပ်ရေး ကာလက နိုင်ငံရေးမှုတွေကနေ ရှောင်ကွင်းနိုင်ဖို့ အတွက် ထိုင်းနိုင်ငံ မှာ တရားမဝင် နေခဲ့ပါတယ်လို့ ရဲထံမှာ မှားယွင်း ဖြောင့်ချက် ပေးခဲ့တဲ့ အကြောင်းကို နိုင်ငံကူး လက်မှတ် အထောက် အထားတွေ နဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ပေမယ့် သူ့ကို ရဲဖြောင့်ချက် မှတ်တမ်းကိုပဲ အတည်ယူပြီး ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့တာ ဖြစ်တယ်လို့လည်း ကိုခွန်ဘီတူးက ပြောပါတယ်။

XS
SM
MD
LG