သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယား၊ ဖ႐ူဆိုၿမိဳ႕ဝန္းက်င္မွာ ၆ ရက္ဆက္တိုက္ တိုက္ပြဲျပင္းထန္ေန


ဇြန္လ ၁၀ ေန႔ကစၿပီး တိုက္ပြဲဆက္တုိက္ျဖစ္ေနတဲ့ ေဒါေညးခူနဲ႔ထီးေပၚဆိုေက်းရြာမ်ား။ (ဓာတ္ပံု-MIMU)


[[Zawgyi/Unicode]]

ကယားျပည္နယ္၊ ဖ႐ူဆိုၿမိဳ႕နယ္၊ ေဒါးေညခူေက်းရြာ၊ ထီးေပါ့ဆိုေက်းရြာတဝိုက္မွာ ဒီေန႔ ဇြန္လ ၁၅ ရက္အထိ ၆ ရက္ဆက္တိုက္ စစ္ေကာင္စီတပ္နဲ႔ ကရင္နီေဒသကာကြယ္ေရး ပူးေပါင္းတပ္ေတြအၾကား တိုက္ပြဲျပင္းထန္ေနပါတယ္။ တိုက္ပြဲေၾကာင့္ ကယားျပည္နယ္မွာ တေန႔တျခား စစ္ေျပးဒုကၡသည္ အေရအတြက္ေတြ ျမင့္တက္ေနၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ အားနည္းေနသလို စားနပ္ရိကၡာျပတ္မယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရတယ္လို႔ စစ္ေရွာင္ကူညီေပးသူက ေျပာပါတယ္။ ဒါ့အျပင္ မေန႔က တိုက္ပြဲမရွိတဲ့ ဒီးေမာ့ဆိုၿမိဳ႕ အေနာက္ျခမ္းဘက္မွာ လက္နက္ႀကီးက်လို႔ အရပ္သားျပည္သူ ၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

စစ္ေၾကာင္းေရးလႈပ္ရွားမႈေၾကာင့္ ဖ႐ူဆိုၿမိဳ႕နယ္ ေဒါးေညခူေက်းရြာနဲ႔ ထီးေပါ့ဆိုေက်းရြာေတြဘက္မွာ ဇြန္လ ၁၀ ရက္ေန႔ကစၿပီး စစ္ေကာင္စီတပ္နဲ႔ ကရင္နီေဒသကာကြယ္ေရး ပူးေပါင္းတပ္ေတြအၾကား တိုက္ပြဲ ထန္းျပင္ခဲ့ၿပီး ဒီေန႔ ဇြန္လ ၁၅ ရက္အထိ ၆ ရက္ဆက္တိုက္ ျဖစ္ပြားေနပါတယ္။

ဒီေန႔ ေန႔ခင္းပိုင္းအထိ လက္နက္ႀကီးပစ္ခတ္သံေတြ ၾကားေနရတယ္လို႔ ဖ႐ူဆိုၿမိဳ႕နယ္ အေနာက္ဘက္ျခမ္း စစ္ေဘးေရွာင္ေကာ္မတီက ေျပာပါတယ္။

“ရက္တိုင္းေတာ့ တိုက္ပြဲျဖစ္ေနတယ္ေပါ့ေနာ္။ မေန႔ကအထိ ဒီရက္လည္း ျဖစ္ေနတုန္းပဲေပါ့။ ဖ႐ူဆိုၿမိဳ႕နယ္မွာရွိတဲ့ ေဒါးေညခူတို႔ ထီးေပါ့ဆိုတို႔ေပါ့ေနာ္။ အဲဒီဘက္ မွာ တိုက္ပြဲျဖစ္ေနတယ္ေပါ့ေနာ္။ လက္နက္ႀကီးေတြထုလာတာတို႔ေပါ့ေနာ္။ ဥပမာ ျပည္သူေတြ ေနထိုင္တဲ့ ေက်းရြာထဲမွာ ပစ္လာတဲ့ဟာေတြေတာ့ မေန႔ကအထိ ရွိတယ္ေပါ့ေနာ္။ သူတို႔က ဒီလိုမ်ဳိးေပါ့ ပစ္ခ်င္တဲ့ဘက္ကို လိုက္ပစ္ တာေပါ့ေနာ္။ လိုက္ပစ္ေနတယ္၊ ဘာရည္ရြယ္ခ်က္လည္း မသိဘူး။ ျပည္သူလူထုကို ေျခာက္လွန္႔တာေတာ့ မေျပာတတ္ဘူးေပါ့ေနာ္။ ေန႔တိုင္းလိုလိုေပါ့ မေန႔ကေရာ ဒီေန႔ေရာ ခုနကေရာေပါ့ေနာ္ ပစ္ခတ္ေနတာေတာ့ရွိတယ္။”

စစ္ေကာင္စီဘက္ လက္နက္ႀကီးေတြနဲ႔ အဆမတန္ အသံုးျပဳၿပီး PDF ေတြ ရွိတယ္ ဆိုတဲ့အထင္နဲ႔ ဦးတည္ရာမရွိ ပစ္ခတ္ေနတာေၾကာင့္ စစ္ေရွာင္ျပည္သူေတြ စိုးရိမ္ ေၾကာက္လန္႔ေနၾကတယ္လို႔ ေျပာပါတယ္။

ဖ႐ူဆိုၿမိဳ႕နယ္ဘက္ စစ္ေကာင္စီရဲ႕ စစ္ေၾကာင္းလႈပ္ရွားမႈေၾကာင့္ ဒီေန႔အထိ ရက္ ဆက္တိုက္ပြဲ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနတာလို႔ ကရင္နီအမ်ဳိးသားမ်ားကာကြယ္ေရးတပ္ KNDF ျပန္ၾကားေရးတာဝန္ခံက ဗီြအိုေအကို အတည္ျပဳပါတယ္။

ဒါ့အျပင္မေန႔က တိုက္ပြဲမရွိဘဲ ဒီးေမာ့ဆိုၿမိဳ႕ အေနာက္ဘက္ျခမ္းမွာ စစ္ေကာင္စီက ပစ္လိုက္တဲ့ လက္နက္ႀကီးက်ည္က်လို႔ ၃ႏွစ္ ကေလးငယ္တစ္ဦး အပါအဝင္ ၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ စစ္ေရွာင္ေကာ္မတီနဲ႔ ေဒသခံက ေျပာပါတယ္။ ဒါအျပင့္ ၿပီးခဲ့တဲ့ ဇြန္လ ၁၀ရက္က ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဆာင္ဒူလာေက်းရြာ အုပ္စု ငရုိးရြာမွာ လက္နက္ႀကီးက်လုိ႔ ေဒသခံ တဦးေသ၊ ၃ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

တိုက္ပြဲမရွိဘဲ စစ္ေကာင္စီဘက္ ရမ္းသမ္းပစ္ခတ္ေနလို႔ အရပ္သားျပည္သူေတြ ထိခိုက္ဒဏ္ရာရရွိတာလို႔ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ရွိသူက ဗီြအိုေအကို ေျပာပါတယ္။

“မေန႔ကေတာ့ လက္နက္ႀကီးက်တာ တိုက္ပြဲထဲမွာေတာ့ မဟုတ္ဘူး။ အရပ္သားထိတဲ့ဟာက်ေတာ့ စစ္ေကာင္စီ လက္နက္ႀကီးရမ္းသမ္းထုတဲ့ဟာနဲ႔ က်ေနာ္တို႔ အရပ္သားတဦး ၂ ဦးလာမသိဘူး ဒဏ္ရာရတာရွိတယ္ဗ်။ တိုက္ပြဲျဖစ္တဲ့ေနရာမဟုတ္ဘူး အဲ့ေနရာက်ေတာ့။”

ဒီးေမာ့ဆိုၿမိဳ႕နယ္မွာလည္း အခုရက္ပိုင္း ေန႔စဥ္လိုလို တိုက္ပြဲျဖစ္ပြားေနပါတယ္။ တိုက္ပြဲျဖစ္တဲ့ေနရာေတြမွာ ေဒသခံေတြ အရင္တည္းက ေျပးေရွာင္ေနၾကလို႔ အထိအခိုက္မရွိဘူးလို႔ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ရွိသူက ဗီြအိုေအကို ေျပာပါတယ္။

ကယားနယ္ဘက္က လက္နက္ႀကီးပစ္ခတ္မႈနဲ႔ လတ္တေလာတိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစံုတရာထုတ္ျပန္တာ မရွိေသးပါဘူး။

ကယားျပည္နယ္မွာ တိုက္ပြဲေၾကာင့္ စစ္ေျပးဒုကၡသည္ အေရအတြက္ တေန႔တျခား ျမင့္တက္ေနတယ္လို႔ ဖ႐ူဆိုၿမိဳ႕နယ္ အေနာက္ဘက္ျခမ္း စစ္ေဘးေရွာင္ ေကာ္မတီက ေျပာပါတယ္။ လက္ရွိမွာ စစ္ေျပးဒုကၡသည္ ၂ သိန္းေလာက္ရွိေနၿပီး ေဘးကင္းတ့့ဲေနရာေတြမွာ ျဖန္က်က္ေနထိုင္ေနၾကၿပီး စားနပ္ရိကၡာ ျပတ္လတ္မယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရတာလို႔ ေျပာပါတယ္။

“က်မတို႔ စစ္ေရွာင္ေတြကေတာ့ တိုးဆဲပဲေပါ့ေနာ္။ တိုးဆဲပဲ။ ဒါေပမယ့္ ၿမိဳ႕ထဲမွာ တခ်ဳိ႕ျပန္ေနတာရွိတယ္ေပါ့ေနာ္။ (စစ္ေရွာင္ေတြ) က်န္းမာေရးေပါ့ေနာ္။ က်န္းမာေရးဝန္ေဆာင္မႈေတြလည္း လက္လွမ္းမီရရွိမႈ အရမ္းလည္း အားနည္းတယ္ေပါ့ေနာ္။ ပြင့္ပြင့္လင္းလင္းေျပာရင္ေတာ့ က်မတို႔ စားနပ္ရိကၡာေတြလည္း လံုးဝမလံုေလာက္ဘူး။ ေရွာင္ေနရတဲ့ လူဦးေရကေတာ့ ၁ သိန္းခြဲ နဲ႔ ၂ သိန္းၾကားေပါ့ေနာ္ - အဲ့ေလာက္ေတာ့ ရွိတယ္။ ဟုတ္။ စားနပ္ရိကၡာေတာ့ ဘယ္လိုမွ မေလာက္ငႏိုင္ဘူးေပါ့။ ဒီက်မတုိ႔ စစ္ေရွာင္ဦးေရေတြ အရမ္းမ်ားတယ္။ ေနာက္ပိုင္းမွာ အလွဴရွင္ေတြကလည္း သိပ္ၿပီးေတာ့မွေပါ့ေနာ္ အခုဆိုရင္ မရွိေတာ့ဘူးေပ့ါ။ အဲ့ေတာ့ တလ တလစာဆိုရင္ သူတုိ႔ စားဝတ္ေနေရး သူတို႔အရမ္းစိတ္ပူရတယ္။ က်မတို႔ေတာ့ တတ္ႏိုင္သေလာက္ ကူညီေျဖရွင္းတာေတာ့ ရွိတယ္ေပါ့။ ဒါေပမယ့္ လံုေလာက္မႈမရွိဘူး။”

စစ္ေျပးဒုကၡသည္ေတြဟာ ဝမ္းပ်က္ဝမ္းေလွ်ာ၊ ရာသီတုပ္ေကြးေရာဂါျဖစ္တဲ့သူေတြ ရွိေနၿပီး သူတို႔အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ အားနည္းေနတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ စစ္ေျပးဒုကၡသည္ေတြအတြက္ လက္ရွိခ်ိန္မွာ အလွဴရွင္ေတြ မရွိသေလာက္ျဖစ္သြားလို႔ ပိုမိုခက္ခဲေနၾကတာလို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============


[[Zawgyi/Unicode]]

ကယား၊ ဖရူဆိုမြို့ဝန်းကျင်မှာ ၆ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါးညေခူကျေးရွာ၊ ထီးပေါ့ဆိုကျေးရွာတဝိုက်မှာ ဒီနေ့ ဇွန်လ ၁၅ ရက်အထိ ၆ ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပါတယ်။ တိုက်ပွဲကြောင့် ကယားပြည်နယ်မှာ တနေ့တခြား စစ်ပြေးဒုက္ခသည် အရေအတွက်တွေ မြင့်တက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေသလို စားနပ်ရိက္ခာပြတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ကူညီပေးသူက ပြောပါတယ်။ ဒါ့အပြင် မနေ့က တိုက်ပွဲမရှိတဲ့ ဒီးမော့ဆိုမြို့ အနောက်ခြမ်းဘက်မှာ လက်နက်ကြီးကျလို့ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ကြောင်းရေးလှုပ်ရှားမှုကြောင့် ဖရူဆိုမြို့နယ် ဒေါးညေခူကျေးရွာနဲ့ ထီးပေါ့ဆိုကျေးရွာတွေဘက်မှာ ဇွန်လ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ထန်းပြင်ခဲ့ပြီး ဒီနေ့ ဇွန်လ ၁၅ ရက်အထိ ၆ ရက်ဆက်တိုက် ဖြစ်ပွားနေပါတယ်။

ဒီနေ့ နေ့ခင်းပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကော်မတီက ပြောပါတယ်။

“ရက်တိုင်းတော့ တိုက်ပွဲဖြစ်နေတယ်ပေါ့နော်။ မနေ့ကအထိ ဒီရက်လည်း ဖြစ်နေတုန်းပဲပေါ့။ ဖရူဆိုမြို့နယ်မှာရှိတဲ့ ဒေါးညေခူတို့ ထီးပေါ့ဆိုတို့ပေါ့နော်။ အဲဒီဘက် မှာ တိုက်ပွဲဖြစ်နေတယ်ပေါ့နော်။ လက်နက်ကြီးတွေထုလာတာတို့ပေါ့နော်။ ဥပမာ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာထဲမှာ ပစ်လာတဲ့ဟာတွေတော့ မနေ့ကအထိ ရှိတယ်ပေါ့နော်။ သူတို့က ဒီလိုမျိုးပေါ့ ပစ်ချင်တဲ့ဘက်ကို လိုက်ပစ် တာပေါ့နော်။ လိုက်ပစ်နေတယ်၊ ဘာရည်ရွယ်ချက်လည်း မသိဘူး။ ပြည်သူလူထုကို ခြောက်လှန့်တာတော့ မပြောတတ်ဘူးပေါ့နော်။ နေ့တိုင်းလိုလိုပေါ့ မနေ့ကရော ဒီနေ့ရော ခုနကရောပေါ့နော် ပစ်ခတ်နေတာတော့ရှိတယ်။”

စစ်ကောင်စီဘက် လက်နက်ကြီးတွေနဲ့ အဆမတန် အသုံးပြုပြီး PDF တွေ ရှိတယ် ဆိုတဲ့အထင်နဲ့ ဦးတည်ရာမရှိ ပစ်ခတ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ စိုးရိမ် ကြောက်လန့်နေကြတယ်လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ်ဘက် စစ်ကောင်စီရဲ့ စစ်ကြောင်းလှုပ်ရှားမှုကြောင့် ဒီနေ့အထိ ရက် ဆက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို အတည်ပြုပါတယ်။

ဒါ့အပြင်မနေ့က တိုက်ပွဲမရှိဘဲ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ ၃နှစ် ကလေးငယ်တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရှောင်ကော်မတီနဲ့ ဒေသခံက ပြောပါတယ်။ ဒါအပြင့် ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်က ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာ အုပ်စု ငရိုးရွာမှာ လက်နက်ကြီးကျလို့ ဒေသခံ တဦးသေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက် ရမ်းသမ်းပစ်ခတ်နေလို့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာလို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကတော့ လက်နက်ကြီးကျတာ တိုက်ပွဲထဲမှာတော့ မဟုတ်ဘူး။ အရပ်သားထိတဲ့ဟာကျတော့ စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းထုတဲ့ဟာနဲ့ ကျနော်တို့ အရပ်သားတဦး ၂ ဦးလာမသိဘူး ဒဏ်ရာရတာရှိတယ်ဗျ။ တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘူး အဲ့နေရာကျတော့။”

ဒီးမော့ဆိုမြို့နယ်မှာလည်း အခုရက်ပိုင်း နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ဒေသခံတွေ အရင်တည်းက ပြေးရှောင်နေကြလို့ အထိအခိုက်မရှိဘူးလို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

ကယားနယ်ဘက်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လတ်တလောတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

ကယားပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တနေ့တခြား မြင့်တက်နေတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် ကော်မတီက ပြောပါတယ်။ လက်ရှိမှာ စစ်ပြေးဒုက္ခသည် ၂ သိန်းလောက်ရှိနေပြီး ဘေးကင်းတဲ့နေရာတွေမှာ ဖြန်ကျက်နေထိုင်နေကြပြီး စားနပ်ရိက္ခာ ပြတ်လတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာလို့ ပြောပါတယ်။

“ကျမတို့ စစ်ရှောင်တွေကတော့ တိုးဆဲပဲပေါ့နော်။ တိုးဆဲပဲ။ ဒါပေမယ့် မြို့ထဲမှာ တချို့ပြန်နေတာရှိတယ်ပေါ့နော်။ (စစ်ရှောင်တွေ) ကျန်းမာရေးပေါ့နော်။ ကျန်းမာရေးဝန်ဆောင်မှုတွေလည်း လက်လှမ်းမီရရှိမှု အရမ်းလည်း အားနည်းတယ်ပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ကျမတို့ စားနပ်ရိက္ခာတွေလည်း လုံးဝမလုံလောက်ဘူး။ ရှောင်နေရတဲ့ လူဦးရေကတော့ ၁ သိန်းခွဲ နဲ့ ၂ သိန်းကြားပေါ့နော် - အဲ့လောက်တော့ ရှိတယ်။ ဟုတ်။ စားနပ်ရိက္ခာတော့ ဘယ်လိုမှ မလောက်ငနိုင်ဘူးပေါ့။ ဒီကျမတို့ စစ်ရှောင်ဦးရေတွေ အရမ်းများတယ်။ နောက်ပိုင်းမှာ အလှူရှင်တွေကလည်း သိပ်ပြီးတော့မှပေါ့နော် အခုဆိုရင် မရှိတော့ဘူးပေ့ါ။ အဲ့တော့ တလ တလစာဆိုရင် သူတို့ စားဝတ်နေရေး သူတို့အရမ်းစိတ်ပူရတယ်။ ကျမတို့တော့ တတ်နိုင်သလောက် ကူညီဖြေရှင်းတာတော့ ရှိတယ်ပေါ့။ ဒါပေမယ့် လုံလောက်မှုမရှိဘူး။”

စစ်ပြေးဒုက္ခသည်တွေဟာ ဝမ်းပျက်ဝမ်းလျှော၊ ရာသီတုပ်ကွေးရောဂါဖြစ်တဲ့သူတွေ ရှိနေပြီး သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ပြေးဒုက္ခသည်တွေအတွက် လက်ရှိချိန်မှာ အလှူရှင်တွေ မရှိသလောက်ဖြစ်သွားလို့ ပိုမိုခက်ခဲနေကြတာလို့ ဆိုပါတယ်။
==============

XS
SM
MD
LG