သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ခါဇတ်စတန် လေယာဉ်ပျက်ကျမှု ၂၈ ယောက်ထက်မနည်း အသက်ရှင်လွတ်မြောက်

ရုရှားနိုင်ငံဆီဦးတည်ပျံသန်းနေတဲ့ အဇာဘိုင်ဂျန်လေကြောင်းလိုင်ပိုင်လေယာဥ်ပျက်ကျထားတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၄)
ရုရှားနိုင်ငံဆီဦးတည်ပျံသန်းနေတဲ့ အဇာဘိုင်ဂျန်လေကြောင်းလိုင်ပိုင်လေယာဥ်ပျက်ကျထားတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၄)

ခရီးသည် ၆၂ ယောက်နဲ့ ဝန်ထမ်း ၆ ယောက် လိုက်ပါလာတဲ့ Embraer ကုမ္ပဏီထုတ် အဇာဘိုင်ဂျန် လေကြောင်းလိုင်းက ပြေးဆွဲတဲ့ ခရီးသည်တင်လေယာဉ်တစီး ခါဇတ်စတန်နိုင်ငံ Aktau မြို့နားမှာ ဒီနေ့ ပျက်ကျခဲ့ရာမှာ ၂၈ ယောက်ထက်မနည်း အသက်ရှင်လွတ်မြောက်လာတယ်လို့ ခါဇတ်စတန် အာဏာပိုင်တွေက ကြေညာထားပါတယ်။


အဇာဘိုင်ဂျန်နိုင်ငံကနေ ရုရှားနိုင်ငံဆီပျံသန်းစဉ် မီးလောင်ပြီး မြေကြီးပေါ်ကို ပျက်ကျတဲ့နောက် မီးခိုးလုံးကြီးတွေထွက်နေတဲ့ ရုပ်သံဖိုင်လည်း ထွက်ပေါ်လာပါတယ်။

အပျက်အစီးတွေကြားထဲကနေ သွေးသံတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေ ထွက်လာတာ ကိုလည်း တချို့ ရုပ်သံဖိုင်တွေမှာ တွေ့ရပါတယ်။ လောင်နေတဲ့မီးတွေကို ခါဇတ်စတန်မီးသတ်ဌာနက ငြှိမ်းသတ်ခဲ့ပြီး ကလေး ၃ ယောက်အပါအဝင် အသက်ရှင်လွတ်မြောက်လာသူတွေကို နီးစပ်ရာဆေးရုံ ဆီ ပို့ဆောင်ကုသပေးနေကြောင်း ခါဇတ်စတန်အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။

Embraer 190 အမျိုးအစား၊ အဇာဘိုင်ဂျန်လေကြောင်းလိုင်းက ပြေးဆွဲတဲ့ လေယာဉ်အမှတ် J2-8243 က အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် Baku ကနေ ရုရှားပိုင် Chechnya နယ်မြေရဲ့မြို့တော် Grozny ဆီကို ပျံသန်းစဉ် ခါဇတ်စတန်နိုင်ငံ Aktau မြို့နဲ့ တမိုင်ခွဲကျော်လောက်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။

Grozny မြို့တော်မှာ မြူတွေ ထူထပ်တာကြောင့် လေယာဉ်လမ်းကြောင်းလွှဲခဲ့ရတယ်လို့ ရုရှားသတင်း ဌာနတွေက ပြောနေပါတယ်။ စက်ချို့ယွင်းတာအပါအဝင် ဖြစ်နိုင်ခြေရှိတဲ့အကြောင်အရင်းတွေကို စတင်ရှာဖွေနေကြောင်း ခါဇတ်စတန်အာဏာပိုင်တွေက ပြောတယ်လို့ ရုရှားသတင်းမီဒီယာ Interfax က ဖော်ပြထားပါတယ်။

ခါဇတ်စတန် လေယာဉ်ပျက်ကျမှု ၂၈ ယောက်ထက်မနည်း အသက်ရှင်လွတ်မြောက် 
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG