သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KBC အႀကီးအကဲကို ျပန္လႊတ္ဖို႔ အေမရိကန္ေတာင္းဆို


KBC kachin Rev Dr Hkalam Samson

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့ရက္ပိုင္းက ဖမ္းဆီးခံခဲ့ရတဲ့ ကခ်င္ဘာသာေရးေခါင္းေဆာင္ ေဒါက္တာ ခလမ္ဆမ္ဆြမ္ကို ျပန္လႊတ္ေပးဖို႔ အေမရိကန္က ေတာင္းဆိုလိုက္ပါတယ္။ ကခ်င္ ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC အႀကီးအကဲ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ခလမ္ဆမ္ဆြမ္ ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့အေပၚ အေမရိကန္က ျပင္းျပင္းထန္ထန္ရႈတ္ခ်ၿပီး ခြၽင္းခ်က္မရွိ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က တြီတာ လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

ေဒါက္တာ ခလမ္ဆမ္ဆြမ္ဟာ ျမန္မာႏိုင္ငံမွာ အေလးစားအခံရဆုံး ဘာသာေရး ေခါင္းေဆာင္ထဲကတဦးျဖစ္ၿပီး ၿငိမ္းခ်မ္းေရးအတြက္လည္း ေျပာရဲဆိုရဲသူျဖစ္တယ္လို႔လည္း ေျပာခြင့္ရ Price က ေဖာ္ျပပါတယ္။

ေဒါက္တာ ခလမ္ဆမ္ဆြမ္ကို ဒီဇင္ဘာ ၅ ရက္ တနလၤာေန႔က ထိုင္းႏိုင္ငံကို ေဆးကုဖို႔အသြား မႏၲေလးေလဆိပ္မွာဖမ္းဆီးခဲ့ၿပီး အဲ့ဒီေနာက္ သူ႔ကို တရားစြဲမယ့္အေၾကာင္းကို စစ္ေကာင္စီက KBC ေခါင္းေဆာင္ေတြကို ေခၚေျပာခဲ့ပါတယ္။ ေဒါက္တာ ခလမ္ဆမ္ဆြမ္နဲ႔အတူ ေလဆိပ္မွာအဖမ္းခံရတဲ့ လူငယ္တာဝန္ခံ‌ေဟာင္း ဂြမ္ကေရာင္ခန္ေနာ္နဲ႔ ဆရာေတာ္ ခမ္းဝါတို႔ရဲ႕ ေနာက္ဆုံးအေျခအေနေတာ့ မသိရေသးဘူးလို႔ KBC ကခ်င္ႏွစ္ျခင္းခရစ္ယန္အဖြဲ႕ခ်ဳပ္က ေျပာပါတယ္။

သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ခလမ္ဆမ္ဆြမ္ဟာ KBC ရဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္နဲ႔ ဥကၠ႒တာဝန္ေတြကို ယူခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာလက KBC ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္" အျဖစ္ ခန႔္အပ္ခံထားရတာျဖစ္ပါတယ္။ သူဟာ လူနည္းစုတိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္က ဘာသာေရး လြတ္လပ္ခြင့္ ဖိႏွိပ္မႈနဲ႔ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို တင္ျပခဲ့သူလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

KBC အကြီးအကဲကို ပြန်လွှတ်ဖို့ အမေရိကန်တောင်းဆို

ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အကြီးအကဲ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့အပေါ် အမေရိကန်က ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က တွီတာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ မြန်မာနိုင်ငံမှာ အလေးစားအခံရဆုံး ဘာသာရေး ခေါင်းဆောင်ထဲကတဦးဖြစ်ပြီး ငြိမ်းချမ်းရေးအတွက်လည်း ပြောရဲဆိုရဲသူဖြစ်တယ်လို့လည်း ပြောခွင့်ရ Price က ဖော်ပြပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ဒီဇင်ဘာ ၅ ရက် တနင်္လာနေ့က ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား မန္တလေးလေဆိပ်မှာဖမ်းဆီးခဲ့ပြီး အဲ့ဒီနောက် သူ့ကို တရားစွဲမယ့်အကြောင်းကို စစ်ကောင်စီက KBC ခေါင်းဆောင်တွေကို ခေါ်ပြောခဲ့ပါတယ်။ ဒေါက်တာ ခလမ်ဆမ်ဆွမ်နဲ့အတူ လေဆိပ်မှာအဖမ်းခံရတဲ့ လူငယ်တာဝန်ခံ‌ဟောင်း ဂွမ်ကရောင်ခန်နော်နဲ့ ဆရာတော် ခမ်းဝါတို့ရဲ့ နောက်ဆုံးအခြေအနေတော့ မသိရသေးဘူးလို့ KBC ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်က ပြောပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဥက္ကဋ္ဌတာဝန်တွေကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်" အဖြစ် ခန့်အပ်ခံထားရတာဖြစ်ပါတယ်။ သူဟာ လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြခဲ့သူလည်းဖြစ်ပါတယ်။

XS
SM
MD
LG