သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာဖွဲ့စည်းပုံ ဥပဒေသစ် သမ္မတ လက်မှတ်ထိုး


ကင်ညာ (Kenya) နိုင်ငံရဲ့ ဖွဲစည်း အုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို သမ္မတ မွိုင် ကီဘာကီက ဒီကနေ့ သောကြာနေ့မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကင်ညာ ပြည်သူတွေ၊ အာဖရိကနိုင်ငံ ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက ဧည့်သည်တော်တွေ တက်ရောက်ကြပါတယ်။ နိုင်ငံရဲ့ အစိုးရ အုပ်ချုပ်ပုံမူတွေ ပြောင်းလဲသွားတဲ့ ဖွဲ့စည်းပုံသစ်အရ သမ္မတ ကီဘားကီနဲ့ တခြားအစိုးရ ခေါင်းဆောင်တွေလည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။ ဒီလဆန်းပိုင်းကပြုလုပ်တဲ့ ဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံသစ်ကို ပြည်သူတွေက တခဲနက် ထောက်ခံခဲ့ကြတာပါ။

ဖွဲ့စည်းပုံသစ်ထဲမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို လျှော့ပေါ့လိုက်ပြီး ဒေသခံအစိုးရကို လုပ်ပိုင်ခွင့် အာဏာတွေ ပိုပေးလိုက်ပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာကိုလည်း ၂၂ ယောက်လို့ ကန့်သတ်လိုက်ပါတယ်။ အရင် အစိုးရစနစ်တုန်းက အစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့်တွေ အလွန်အကျွံ ပေးထားတာဖြစ်ပါတယ်။

အဲဒီ အခြေခံဥပဒေ လက်မှတ်ထိုးပွဲကို လူတွေ အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတာတွေအပေါ် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်ခြင်း ခံထားရတဲ့ ဆူဒန်သမ္မတ Omar al-Bahir လည်း တက်ရောက်ခဲ့ပါတယ်။ ကင်ညာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံတခု ဖြစ်တာကြောင့် ICC က ထုတ်ပြန်ထားတဲ့ တရားစီရင်ချက် အမိန့်တွေကို ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ကင်ညာနိုင်ငံရဲ့ သမိုင်းဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပွဲ အခမ်းအနားကို မစ္စတာ Bashir တက်ရောက်လိုက်တဲ့အတွက် ဒီအခမ်းအနားဟာ အမဲစက် ထင်ကျန်ရစ်ခဲ့ပြီလို့ HRW အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဆူဒန်နိုင်ငံ ဒါဖောဒေသမှာ လူသားမျိုးနွယ်တုန်းအောင် သတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် မစ္စတာ ဘာရှီးကို ICC က မနှစ်က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ အဲဒီ စွဲချက်တွေအပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို ပြီးခဲ့တဲ့လထဲမှာ ထပ်တင်ခဲ့ပါတယ်။

XS
SM
MD
LG