သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံထိပ္သီး အစည္းေဝး ကေမာၻဒီးယားမွာ စတင္က်င္းပ


Cambodia ASEAN

[[Zawgyi/Unicode]]

၄၀ နဲ႔ ၄၁ ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးအစည္အ‌ေဝး၊ အေရွ႕အာရွ ထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္အစည္းအေဝးေတြ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ က်င္းပေနၿပီး ျမန္မာႏိုင္ငံအေရးနဲ႔ ယူကရိန္းကို ႐ုရွားကက်ဴးေက်ာ္တဲ့ကိစၥေတြဟာ ေဒသတြင္းလုံၿခဳံေရးနဲ႔ ပူးေပါင္း ေဆာင္႐ြက္ေရးကိစၥေတြနဲ႔အတူ အဓိက ဦးစားေပး ေဆြးေႏြးတဲ့အေၾကာင္းအရာေတြ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရးေျခအေနနဲ႔ တိုးတက္ ေကာင္းမြန္ဖို႔နဲ႔ ၿငိမ္းခ်မ္းေရးအတြက္ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖၚဖို႔ ပ်က္ကြက္တယ္ဆိုၿပီး ျမန္မာစစ္ေခါင္းေဆာင္ေတြကို အစည္းအ‌ေဝးတက္ဖို႔ ဖိတ္ၾကား မထားပါဘူး။ ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့သူဘဲ တက္ေရာက္ဖို႔ ဖိတ္ၾကားခ်က္ကိုလည္း ျမန္မာဘက္က ျငင္းပယ္ထားပါတယ္။ အာဆီယံဖြင့္ပြဲေန႔အေျခအေန ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ သတင္းယူေနတဲ့ VOA ခမာဌာနက အယ္ဒီတာ Khemara Sok ကို ဦးသိန္းထိုက္ဦး ဆက္သြယ္ေမးျမန္းထားပါတယ္။


ဦးသိန္းထိုက္ဦး။ ။ Khemara Sok ခင္ဗ်ား။ အာဆီယံ ထိပ္သီးအစည္းအေဝး ဒီေန႔ စတင္ပါတယ္။ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ေဒသတြင္းႏိုင္ငံေတြက ေခါင္းေဆာင္ေတြကို ႀကိဳဆိုေနတဲ့ပုံေတြ ဗြီဒီယိုေတြ က်ေနာ္တို႔ ေတြ႕ပါတယ္။ အစည္းအ‌ေဝးအေျခအေန ဘယ္လို ရွိပါသလဲခင္ဗ်ား။

Khemara Sok ။ ။ အခုေတာ့ ႏိုင္ငံတကာ ေခါင္းေဆာင္ေတြ ေတြ႕ဆုံၿပီးေတာ့ ယူကရိန္း အေရးကိစၥ၊ ျမန္မာႏိုင္ငံအေရးကိစၥေတြကို အေတာ္ေလး ေဆြးေႏြးေနၾကပါတယ္။ ကိုဗစ္ 19 ကပ္ေရာဂါ ခံစားၿပီးတဲ့အခ်ိန္မွာ စီးပြားေရးအရ တိုးတက္ေအာင္ ဘယ္လို လုပ္လုပ္မလဲ၊ တည္ၿငိမ္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာေတြ ေဆြးေႏြးၾကပါတယ္။ အာဆီယံနဲ႔ တျခားႏိုင္ငံေတြအၾကား ပူးေပါင္းေဆာင္႐ြက္ဖို႔၊ တ႐ုတ္ႏိုင္ငံလို အေမရိကန္ျပည္ေထာင္စုလို ႏိုင္ငံေတြနဲ႔ပါ။ အေမရိကန္ျပည္ေထာင္စုကေတာ့ မနက္ျဖန္မွာ သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ေဒသတြင္း ေခါင္းေဆာင္ေတြ ေတြ႕ဆုံဖို႔ ရွိပါတယ္။

ဦးသိန္းထိုက္ဦး။ ။ အခု သမၼတ Joe Biden ကေမာၻဒီးယားကို ေရာက္ေနပါၿပီလားခင္ဗ်ာ။

Khemara Sok။ ။ အေမရိကန္ သမၼတ Joe Biden က မနက္ျဖန္မွ ေရာက္မွာပါ။ အေမရိကန္ျပည္ေထာင္စုနဲ႔ အစည္းအေဝးလည္း မနက္ျဖန္မွာ စပါလိမ့္မယ္။

ဦးသိန္းထိုက္ဦး။ ။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခ်က္အရ သမၼတ Joe Biden နဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken တို႔ဟာ ေဒသတြင္းေခါင္း‌ေဆာင္ေတြနဲ႔ ေတြ႕ဆုံၿပီး ျမန္မာနိင္ငံ့အေရး၊ ေဒသတြင္းအေရးကိစၥေတြကို ေဆြးေႏြးမယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံအေရး အထူးသျဖင့္ ျမန္မာ့အေရးမွာ ဘာေတြ ေမွ်ာ္လင့္ႏိုင္မယ္လို႔ ထင္ပါသလဲ။

Khemara Sok။ ။ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ အာဆီယံ အလွည့္က်ဥကၠ႒ရဲ႕ ေၾကညာခ်က္ ထြက္လာမွာပါ။ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္က သက္ဆိုင္ရာ ေခါင္းေဆာင္ေတြကို အေျခအေနကို တင္ျပေနပါတယ္။ အခုေလာေလာဆယ္ေတာ့ အစည္းအေဝးလုပ္ေနဆဲပါ။ အလွည့္က်ဥကၠ႒ရဲ႕ ေၾကညာခ်က္ကို က်ေနာ္တို႔ ေစာင့္ေနပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ ေဆြးေႏြးမႈေတြကေတာ့ ဆက္ရွိေနမွာပါ။ ျမန္မာနိင္ငံဘက္က ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့သူကို အစည္းအေတးတက္ဖို႔ဖိတ္ၾကားထားေပမဲ့လည္း ျမန္မာနိင္ငံက ကိုယ္စားလွယ္တေယာက္မွာ တက္လာတာ က်ေနာ္ မေတြ႕ပါဘူး။

ဦးသိန္းထိုက္ဦး။ ။ ျမန္မာဘက္က ကိုယ္စားလွယ္ တေယာက္မွ မလြတ္ဘူးေပါ့။ ဟုတ္

Khemara Sok ။ ။ ဟုတ္ပါတယ္။ မတက္ပါဘူး။

ဦးသိန္းထုိက္ဦး။ ။ တျခားေခါင္းေဆာင္ေတြေရာ တက္လာတာ ဘယ္သူေတြ ပါပါေသးသလဲ။

Khemara Sok။ ။ အခု က်ေနာ္ေတြ႕တာေတာ့ ေဒသတြင္းေခါင္းေဆာင္ေတြ တ႐ုတ္ ဝန္ႀကီးခ်ဳပ္ Li Keqiang နဲ႔ ေဆြးေႏြးၾကပါတယ္။ အခု ေဆြးေႏြးပြဲက်င္းပေနတုန္းပါ။ အာဆီယံ တ႐ုတ္ အစည္းအေဝး ဆက္ၿပီး က်င္းပေနတုန္းပါ။

ဦးသိန္းထုိက္ဦး။ ။ ဒီေန႔ အစေန႔ဆိုေတာ့ က်ေနာ္ ေမးခြန္းေတြ အမ်ားႀကီးေတာ့ မေမးေတာ့ပါဘူး။ ခင္ဗ်ားဘက္က ေျပာခ်င္တာ ဘာေတြ ရွိပါေသးသလဲ။ ထိပ္သီးညီလာခံ အစီအစဥ္ေတြနဲ႔ ပတ္သက္လို႔ေရာ တျခား ဘာေတြ သိထားပါသလဲ။

Khemara Sok ။ ။ ဟုတ္ကဲ့။ ဒီေန႔ကေတာ့ က်ေနာ္ေျပာထားသလို အစီအစဥ္ေတြ အျပည့္ပါ။ ထိပ္သီးအစည္းအေဝး တရားဝင္ ဖြင့္ပြဲ အခမ္းအနား မနက္ပိုင္းက က်င္းပပါတယ္။ အႀကိမ္ ၄၀ ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးပါ။ အာဆီယံႏိုင္ငံေတြနဲ႔ တ႐ုတ္ႏိုင္ငံအၾကား ေဆြးေႏြးပြဲက်င္းပပါတယ္။ အေမရိကန္ျပည္ေထာင္စုကေတာ့ မနက္ျဖန္မွ က်င္းပမွာပါ။ အာဆီယံနဲ႔ ေတာင္ကိုရီးယား၊ အာဆီယံနဲ႔ ဂ်ပန္။ အာဆီယံနဲ႔ ကုလသမဂၢ။ ေနာက္ ဆက္တြဲ အစည္းအေဝးေတြ ဆက္တိုက္က်င္းပမွာပါ။ မနက္ျဖန္ နဲ႔သဘက္ခါ ဆက္က်င္းပမွာပါ။

ေဆြးေႏြးမယ့္အေၾကာင္းအရာေတြမွာ အလွည့္က် ဥကၠ႒ရဲ႕ေၾကညာခ်က္ ထြက္လာတဲ့အခါ အေသးစိတ္ကို သိရမွာပါ။ ဒါေပမဲ့ အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားကေတာ့ ယူကရိန္း စစ္ပြဲကိစၥ၊ ကိုဗစ္အလြန္ စီးပြားေရး၊ ျမန္မာႏိုင္ငံအေရးကိစၥကိုလည္း ေျပာဆိုၾကပါတယ္။ ေဒသတြင္းနဲ႔ ကမာၻတဝွမ္း လုံၿခဳံေရးကိစၥေတြ ေဆြးေႏြးၾကပါတယ္။ ေျမာက္ကိုရီးယားရဲ႕ န်ဴကလီယားလက္နက္ ၿခိမ္းေျခာက္မႈနဲ႔ လုံၿခဳံေရးကိစၥေတြကိုလည္း ေဆြးေႏြးၾကပါတယ္။

ဦးသိန္းထုိက္ဦး။ ။ ဟုတ္ကဲ့ Khemara Sok ေက်းဇူးတင္ပါတယ္။ ေနာက္ေန႔ေတြမွာလည္း အာဆီယံ အစည္းအေဝးနဲ႔ ဆက္စပ္ၿပီး ေနာက္ဆုံးရ အခ်က္လက္ေတြ သိလိုတာေတြရွိရင္ က်ေနာ္တို႔ လွမ္းေမးပါရေစ။ ေက်းဇူးပါ။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

အာဆီယံထိပ်သီး အစည်းအ‌ဝေး ကမ္ဘောဒီးယားမှာ စတင်ကျင်းပ

၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်အ‌ဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေပြီး မြန်မာနိုင်ငံအရေးနဲ့ ယူကရိန်းကို ရုရှားကကျူးကျော်တဲ့ကိစ္စတွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေနဲ့အတူ အဓိက ဦးစားပေး ဆွေးနွေးတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးခြေအနေနဲ့ တိုးတက် ကောင်းမွန်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်တယ်ဆိုပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အစည်းအ‌ဝေးတက်ဖို့ ဖိတ်ကြား မထားပါဘူး။ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူဘဲ တက်ရောက်ဖို့ ဖိတ်ကြားချက်ကိုလည်း မြန်မာဘက်က ငြင်းပယ်ထားပါတယ်။ အာဆီယံဖွင့်ပွဲနေ့အခြေအနေ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ သတင်းယူနေတဲ့ VOA ခမာဌာနက အယ်ဒီတာ Khemara Sok ကို ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။


ဦးသိန်းထိုက်ဦး။ ။ Khemara Sok ခင်ဗျား။ အာဆီယံ ထိပ်သီးအစည်းအဝေး ဒီနေ့ စတင်ပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေကို ကြိုဆိုနေတဲ့ပုံတွေ ဗွီဒီယိုတွေ ကျနော်တို့ တွေ့ပါတယ်။ အစည်းအ‌ဝေးအခြေအနေ ဘယ်လို ရှိပါသလဲခင်ဗျား။

Khemara Sok ။ ။ အခုတော့ နိုင်ငံတကာ ခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ ယူကရိန်း အရေးကိစ္စ၊ မြန်မာနိုင်ငံအရေးကိစ္စတွေကို အတော်လေး ဆွေးနွေးနေကြပါတယ်။ ကိုဗစ် 19 ကပ်ရောဂါ ခံစားပြီးတဲ့အချိန်မှာ စီးပွားရေးအရ တိုးတက်အောင် ဘယ်လို လုပ်လုပ်မလဲ၊ တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေ ဆွေးနွေးကြပါတယ်။ အာဆီယံနဲ့ တခြားနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ဖို့၊ တရုတ်နိုင်ငံလို အမေရိကန်ပြည်ထောင်စုလို နိုင်ငံတွေနဲ့ပါ။ အမေရိကန်ပြည်ထောင်စုကတော့ မနက်ဖြန်မှာ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒေသတွင်း ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ရှိပါတယ်။

ဦးသိန်းထိုက်ဦး။ ။ အခု သမ္မတ Joe Biden ကမ္ဘောဒီးယားကို ရောက်နေပါပြီလားခင်ဗျာ။

Khemara Sok။ ။ အမေရိကန် သမ္မတ Joe Biden က မနက်ဖြန်မှ ရောက်မှာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ အစည်းအဝေးလည်း မနက်ဖြန်မှာ စပါလိမ့်မယ်။

ဦးသိန်းထိုက်ဦး။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားချက်အရ သမ္မတ Joe Biden နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ဟာ ဒေသတွင်းခေါင်း‌ဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိင်ငံ့အရေး၊ ဒေသတွင်းအရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအရေး အထူးသဖြင့် မြန်မာ့အရေးမှာ ဘာတွေ မျှော်လင့်နိုင်မယ်လို့ ထင်ပါသလဲ။

Khemara Sok။ ။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက် ထွက်လာမှာပါ။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က သက်ဆိုင်ရာ ခေါင်းဆောင်တွေကို အခြေအနေကို တင်ပြနေပါတယ်။ အခုလောလောဆယ်တော့ အစည်းအဝေးလုပ်နေဆဲပါ။ အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်ကို ကျနော်တို့ စောင့်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကတော့ ဆက်ရှိနေမှာပါ။ မြန်မာနိင်ငံဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကို အစည်းအတေးတက်ဖို့ဖိတ်ကြားထားပေမဲ့လည်း မြန်မာနိင်ငံက ကိုယ်စားလှယ်တယောက်မှာ တက်လာတာ ကျနော် မတွေ့ပါဘူး။

ဦးသိန်းထိုက်ဦး။ ။ မြန်မာဘက်က ကိုယ်စားလှယ် တယောက်မှ မလွတ်ဘူးပေါ့။ ဟုတ်

Khemara Sok ။ ။ ဟုတ်ပါတယ်။ မတက်ပါဘူး။

ဦးသိန်းထိုက်ဦး။ ။ တခြားခေါင်းဆောင်တွေရော တက်လာတာ ဘယ်သူတွေ ပါပါသေးသလဲ။

Khemara Sok။ ။ အခု ကျနော်တွေ့တာတော့ ဒေသတွင်းခေါင်းဆောင်တွေ တရုတ် ဝန်ကြီးချုပ် Li Keqiang နဲ့ ဆွေးနွေးကြပါတယ်။ အခု ဆွေးနွေးပွဲကျင်းပနေတုန်းပါ။ အာဆီယံ တရုတ် အစည်းအဝေး ဆက်ပြီး ကျင်းပနေတုန်းပါ။

ဦးသိန်းထိုက်ဦး။ ။ ဒီနေ့ အစနေ့ဆိုတော့ ကျနော် မေးခွန်းတွေ အများကြီးတော့ မမေးတော့ပါဘူး။ ခင်ဗျားဘက်က ပြောချင်တာ ဘာတွေ ရှိပါသေးသလဲ။ ထိပ်သီးညီလာခံ အစီအစဉ်တွေနဲ့ ပတ်သက်လို့ရော တခြား ဘာတွေ သိထားပါသလဲ။

Khemara Sok ။ ။ ဟုတ်ကဲ့။ ဒီနေ့ကတော့ ကျနော်ပြောထားသလို အစီအစဉ်တွေ အပြည့်ပါ။ ထိပ်သီးအစည်းအဝေး တရားဝင် ဖွင့်ပွဲ အခမ်းအနား မနက်ပိုင်းက ကျင်းပပါတယ်။ အကြိမ် ၄၀ မြောက် အာဆီယံထိပ်သီးအစည်းအဝေးပါ။ အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံအကြား ဆွေးနွေးပွဲကျင်းပပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ မနက်ဖြန်မှ ကျင်းပမှာပါ။ အာဆီယံနဲ့ တောင်ကိုရီးယား၊ အာဆီယံနဲ့ ဂျပန်။ အာဆီယံနဲ့ ကုလသမဂ္ဂ။ နောက် ဆက်တွဲ အစည်းအဝေးတွေ ဆက်တိုက်ကျင်းပမှာပါ။ မနက်ဖြန် နဲ့သဘက်ခါ ဆက်ကျင်းပမှာပါ။

ဆွေးနွေးမယ့်အကြောင်းအရာတွေမှာ အလှည့်ကျ ဥက္ကဋ္ဌရဲ့ကြေညာချက် ထွက်လာတဲ့အခါ အသေးစိတ်ကို သိရမှာပါ။ ဒါပေမဲ့ အကြောင်းအရာ တော်တော်များများကတော့ ယူကရိန်း စစ်ပွဲကိစ္စ၊ ကိုဗစ်အလွန် စီးပွားရေး၊ မြန်မာနိုင်ငံအရေးကိစ္စကိုလည်း ပြောဆိုကြပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာတဝှမ်း လုံခြုံရေးကိစ္စတွေ ဆွေးနွေးကြပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ခြိမ်းခြောက်မှုနဲ့ လုံခြုံရေးကိစ္စတွေကိုလည်း ဆွေးနွေးကြပါတယ်။

ဦးသိန်းထိုက်ဦး။ ။ ဟုတ်ကဲ့ Khemara Sok ကျေးဇူးတင်ပါတယ်။ နောက်နေ့တွေမှာလည်း အာဆီယံ အစည်းအဝေးနဲ့ ဆက်စပ်ပြီး နောက်ဆုံးရ အချက်လက်တွေ သိလိုတာတွေရှိရင် ကျနော်တို့ လှမ်းမေးပါရစေ။ ကျေးဇူးပါ။

XS
SM
MD
LG