သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကြယ္လြန္သူ ရွမ္းတိုင္းရင္းသားေခါင္းေဆာင္ ဦးခြန္ထြန္းဦးအေပၚ လုပ္ေဖာ္ကိုင္ဘက္ေတြအျမင္


ရွမ္းတုိင္းရင္းသားေခါင္းေဆာင္ ဦးခြန္ထြန္းဦး။ (ဓာတ္ပုံ - ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ - SNLD ေဖ့စ္ဘုတ္)

(Zawgyi / Unicode)

၁၉၈၈ ခုႏွစ္ေနာက္ပိုင္း အထင္ရွားဆုံး တိုင္းရင္းသား ႏိုင္ငံေရးေခါင္းေဆာင္တဦးျဖစ္တဲ့ ခြန္ထြန္းဦးဟာ အသက္ ၇၉ ခုႏွစ္အ႐ြယ္နဲ႔ ရန္ကုန္ၿမိဳ႕မွာ ဧၿပီလ ၃၀ ရက္ေန႔က ကြယ္လြန္ခဲ့ပါတယ္။ တိုင္းျပည္အက်ပ္အတည္းႀကီးေနခ်ိန္ ကြယ္လြန္တာမို႔ ေၾကကြဲစရာ ျဖစ္တယ္လို႔ တိုင္းရင္းသားေခါင္းေဆာင္တခ်ိဳ႕က ေျပာပါတယ္။ ဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ေရးအတြက္ စိတ္ေရာလူပါ အားထုတ္ခဲ့တဲ့ ခြန္ထြန္းဦး အမွတ္ရစရာေတြကို ကိုဝင္းမင္း စုံစမ္းေမးျမန္းထားပါတယ္။

SNLD ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီ ဥကၠ႒ေနရာကေန မႏွစ္ ၂၀၂၁ မွာ စအနားယူခဲ့တဲ့ ဦးခြန္ထြန္းဦး မေန႔က ကြယ္လြန္ခဲ့ၿပီး အမွတ္တရ က်န္ေနခဲ့တဲ့ သူ႔ျဖတ္သန္းမႈကို ပါတီေျပာခြင့္ရ ဦးစုိင္းလိတ္က အခုလို ေျပာပါတယ္။

“ဥကၠ႒ႀကီးက ၁၉၉၀ ေရြးေကာက္ပြဲမွာ သီေပါၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁ ကေနၿပီး လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရတယ္။ အႏုိင္ရတဲ့ NLD နဲ႔ SNLD ပါတီ ပူးေပါင္းၿပီးေတာ့ လႊတ္ေတာ္ေခၚယူေရး ကိစၥေတြ ႀကိဳးပမ္းေဆာင္ရြက္ခဲ့တယ္။ အဲဒီအခါမွာ သူက ေရွ႕ကေန ဦးစီးဦးေဆာင္ ျပဳခဲ့တယ္။ နဝတအစိုးရအေနနဲ႔ လႊတ္ေတာ္ မေခၚေပးတဲ့အခါမွာ CRPP လို႔ေခၚတဲ့ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီကို ဖြဲ႔စည္းရာမွာ ဦးခြန္ထြန္းဦး ပါဝင္ခဲ့တယ္။ အဲဒီအျပင္ တုိင္းရင္းသားအေရးနဲ႔ ပတ္သက္ရင္လည္း UNA လုိ႔ေခၚတဲ့ တုိင္းရင္းသားလူမ်ဳိးမ်ား မဟာမိတ္မွာလည္း သူက သဘာပတိအဖြဲ႔ဝင္အျဖစ္ ဦးစီးဦးေဆာင္ တာဝန္ယူခဲ့ပါတယ္။ သူ႔ရဲ႕ ေျပာစကားအရ ေျပာရရင္ ဒီမုိကေရစီအေရးနဲ႔ ဖက္ဒရယ္အေရးက ေခါင္းနဲ႔ပန္းလိုပဲ။ ႏွစ္ခုစလုံးကို တခ်ိန္တည္း တၿပိဳင္တည္း အတူတူ လုပ္ေဆာင္မွသာလွ်င္ ေအာင္ျမင္ႏုိင္လိမ့္မယ္။”

ဒါ့အျပင္ အသက္ ၇၉ ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့တဲ့ ဦးခြန္ထြန္းဦးရဲ႕ ထူးျခားတဲ့ ေခါင္းေဆာင္မႈကိုလည္း ANP ရခုိင္အမ်ဳိးသားပါတီ ဥကၠ႒ ဦးသာထြန္းလွက အခုလို ေျပာပါတယ္။

“ဦးခြန္ထြန္းဦးက က်ေနာ္တုိ႔ ျမန္မာႏုိင္ငံမွာရွိတဲ့ တုိင္းရင္းသား ႏုိင္ငံေရး လုပ္ကုိင္ေဆာင္ရြက္တဲ့ ပုဂၢိဳလ္ေတြအတြက္ ဦးေဆာင္လမ္းျပ ပုဂၢိဳလ္တေယာက္ ျဖစ္ပါတယ္။ အခုလို ဆုံးပါးသြားတဲ့အတြက္ေၾကာင့္ က်ေနာ္တုိ႔ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြ၊ ျပည္ေထာင္စုတဝန္းလုံးမွာရွိတဲ့ ႏုိင္ငံေရးသမားေတြ အပါအဝင္ က်ေနာ္တုိ႔အားလုံးမွာ ဆုံး႐ႈံးမႈႀကီးတရပ္ ျဖစ္ပါတယ္။”

ဒီေနရာမွာ ဦးခြန္ထြန္းဦးနဲ႔ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ နီးနီးကပ္ကပ္ လုပ္ေဆာင္ခဲ့ၾကပုံေတြကိုလည္း SNLD အေထြေထြအတြင္းေရးမွဴးလည္း ျဖစ္တဲ့ ဦးစုိင္းလိတ္က အခုလို ျပန္ေျပာျပပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လက္တြဲခဲ့တဲ့ အခ်ိန္တုန္းကလည္း တေလွ်ာက္လုံး သူေျပာခဲ့တယ္။ ဒီမုိကေရစီ ရရွိေရးအတြက္ အမႀကီးႀကိဳးပမ္းေနသလို ဖက္ဒရယ္ရရွိေရးအတြက္ က်ေနာ္တုိ႔ကလည္း မမွိတ္မသုန္ လုပ္ေဆာင္မွာပဲ။ ဆုိေတာ့ ဒီမုိကေရစီ ရသြားတဲ့ေနာက္မွာ က်ေနာ္တုိ႔ ဖက္ဒရယ္အေရးအတြက္ကို အမႀကီးအေနနဲ႔ မေမ့သြားဖို႔ လုိအပ္တယ္ေနာလို႔ လူေရွ႕သူေရွ႕မွာပဲ သူ ေျဗာင္ေျပာခဲ့ပါတယ္ဗ်၊ က်ေနာ္တုိ႔ေရွ႕မွာပဲ။ ေဒၚေအာင္ဆန္းစုၾကည္ကလည္း မေမ့ပါဘူးရွင္၊ လက္တြဲလုပ္ၾကရေအာင္ဆိုၿပီး ေျပာခဲ့တဲ့စကားေတြ ရွိခဲ့ပါတယ္။ ေနာက္ဆုံး ၂၀၁၂ ခုႏွစ္မွာ ေဒၚေအာင္ဆန္းစုၾကည္ ၾကားျဖတ္ေရြးေကာက္ပြဲဝင္ၿပီး အႏုိင္ရရွိတဲ့ အခါမွာလည္း က်ေနာ္တုိ႔ကုိ ဦးေဆာင္ၿပီး ေနျပည္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္မွာ သြားေရာက္ေတြ႔ဆုံခဲ့တယ္။ အဲဒီအခ်ိန္မွာလည္း ၂၀၀၈ ဟာ ဒီမုိကေရစီအတြက္ အာမခံခ်က္ရွိမရွိ မေသခ်ာေပမဲ့ ဖက္ဒရယ္အတြက္ကေတာ့ လုံးဝ အာမခံခ်က္မရွိတာ ေသခ်ာတယ္ဆုိၿပီး သူ ထပ္ခါ ေျပာခဲ့ပါေသးတယ္။”

တခ်ိန္တည္းမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္နဲ႔အတူ ၁၉၈၈ တည္းက ေတာက္ေလွ်ာက္ လႈပ္ရွား ႐ုန္းကန္ခဲ့ၿပီး အႀကိမ္ႀကိမ္ အဖမ္းခံရ၊ ေထာင္ဒဏ္ႏွစ္ရွည္ေတြလည္း က်ခဲ့တဲ့ ဦးခြန္ထြန္းဦးအေပၚ အၿမဲအမွတ္ရေနမွာပါလို႔ ဦးသာထြန္းလွက ဆုိပါတယ္။

“မွတ္မွတ္ရရ က်န္ခဲ့တာက က်ေနာ္တုိ႔ အရင္တုန္းက နအဖေခတ္တုန္းက တုိင္းရင္းသားပါတီေတြ က်င္းပတဲ့ ျပည္ေထာင္စုေန႔ အခမ္းအနားမွာ ဦးခြန္ထြန္းဦး အိမ္မွာပဲ က်ေနာ္တို႔ ျပည္ေထာင္စုေန႔ အခမ္းအနားကို အတူတူ က်င္းပခဲ့ရေတာ့ က်ေနာ့္အေနနဲ႔ မွတ္မွတ္ရရရွိတဲ့ ကိစၥတရပ္ျဖစ္ပါတယ္။ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံမွာ အာဏာရွင္စနစ္ ပေပ်ာက္ေရးအတြက္ ကုိယ္က်ဳိးစြန္႔ အနစ္နာခံၿပီး ႀကိုးစားလုပ္ေဆာင္ခဲ့တဲ့ပုဂၢိဳလ္ ျဖစ္သလုိ ျပည္ေထာင္စုျမန္မာႏုိင္ငံ တဝန္းလုံးမွာရွိတဲ့ ႏုိင္ငံေရး လုပ္ကုိင္ေဆာင္ရြက္ေနသူေတြ အတြက္ေတာ့ မေမ့သင့္ မေမ့ထုိက္တဲ့ ပုဂၢိဳလ္တဦးျဖစ္တယ္။”

ဒါ့အျပင္ ဦးခြန္ထြန္းဦး ကြယ္လြန္မႈက လက္ရွိ အရင္လုိ စစ္အာဏာရွင္ေအာက္ အခက္ခဲဆုံးအခ်ိန္မွာ ျဖစ္ရတာမို႔ ပိုေၾကကြဲရေပမဲ့ ဆက္႐ုန္းကန္ၾကဖို႔ကိုလည္း ဦးစုိင္းလိတ္က အခုလိုဆက္ေျပာပါတယ္။

“က်ေနာ္တုိ႔ႏုိင္ငံအတြက္ကေတာ့ ကံဆုိးမုိးေမွာင္က်တဲ့ အခ်ိန္လို႔ ေျပာရမွာေပါ့။ စစ္တပ္ကေနၿပီး အာဏာရယူထားတဲ့အခ်ိန္မွာ ဒီမုိကေရစီေခါင္းေဆာင္လို႔ အားလုံးက အသိအမွတ္ျပဳတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကလည္း အက်ပ္အတည္း ေရာက္ေနတယ္၊ အဖမ္းဆီးခံေနရတယ္။ ေနာက္ တဖက္မွာ ဖက္ဒရယ္အေရးအတြက္ မားမားမတ္မတ္ ရပ္တည္ခဲ့တဲ့ ေခါင္းေဆာင္တဦးကလည္း ဒီေန႔ပဲ ကြယ္လြန္အနိစၥ ေရာက္သြားတယ္ဆုိတာ က်ေနာ္တို႔ အားလုံးအတြက္ ဝမ္းနည္းမဆုံးေပါ့၊ ေၾကကြဲစရာျဖစ္တယ္။ သို႔ေပမဲ့လုိ႔ ေခါင္းေဆာင္ႏွစ္ဦးရဲ႕ မိန္႔မွာခဲ့တဲ့ စကားေတြ၊ လမ္းညႊန္ခဲ့တဲ့ ႏုိင္ငံေရးဆုိင္ရာ လမ္းေၾကာင္းေတြက ထင္ထင္ရွားရွား ရွိေနပါတယ္။ သူတုိ႔ေတြကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ဖက္ဒရယ္နဲ႔ ဒီမုိကေရစီ ရရွိေရးအတြက္ အားလုံး ဝုိင္းဝန္းႀကိဳးပမ္းၾကပါစို႔။”

တကယ္ေတာ့ တခ်ိန္က စစ္ေကာင္စီေတြ လက္ေအာက္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နီးနီးကပ္ကပ္ လက္တြဲလုပ္ခဲ့တဲ့ ဦးခြန္ထြန္းဦးကို ျမန္မာ့ဒီမုိကေရစီနဲ႔ ဖက္ဒရယ္ေရးလႈပ္ရွားမႈ ဒုတိယေခါင္းေဆာင္အျဖစ္ အမ်ားခံယူခဲ့ၾကတယ္လို႔လည္း သုံးသပ္သူေတြက ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ကွယ်လွန်သူ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအပေါ် လုပ်ဖော်ကိုင်ဘက်တွေအမြင်

၁၉၈၈ ခုနှစ်နောက်ပိုင်း အထင်ရှားဆုံး တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်ထွန်းဦးဟာ အသက် ၇၉ ခုနှစ်အရွယ်နဲ့ ရန်ကုန်မြို့မှာ ဧပြီလ ၃၀ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ တိုင်းပြည်အကျပ်အတည်းကြီးနေချိန် ကွယ်လွန်တာမို့ ကြေကွဲစရာ ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် စိတ်ရောလူပါ အားထုတ်ခဲ့တဲ့ ခွန်ထွန်းဦး အမှတ်ရစရာတွေကို ကိုဝင်းမင်း စုံစမ်းမေးမြန်းထားပါတယ်။

SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌနေရာကနေ မနှစ် ၂၀၂၁ မှာ စအနားယူခဲ့တဲ့ ဦးခွန်ထွန်းဦး မနေ့က ကွယ်လွန်ခဲ့ပြီး အမှတ်တရ ကျန်နေခဲ့တဲ့ သူ့ဖြတ်သန်းမှုကို ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။

“ဥက္ကဋ္ဌကြီးက ၁၉၉၀ ရွေးကောက်ပွဲမှာ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ အနိုင်ရတဲ့ NLD နဲ့ SNLD ပါတီ ပူးပေါင်းပြီးတော့ လွှတ်တော်ခေါ်ယူရေး ကိစ္စတွေ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ အဲဒီအခါမှာ သူက ရှေ့ကနေ ဦးစီးဦးဆောင် ပြုခဲ့တယ်။ နဝတအစိုးရအနေနဲ့ လွှတ်တော် မခေါ်ပေးတဲ့အခါမှာ CRPP လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းရာမှာ ဦးခွန်ထွန်းဦး ပါဝင်ခဲ့တယ်။ အဲဒီအပြင် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင်လည်း UNA လို့ခေါ်တဲ့ တိုင်းရင်းသားလူမျိုးများ မဟာမိတ်မှာလည်း သူက သဘာပတိအဖွဲ့ဝင်အဖြစ် ဦးစီးဦးဆောင် တာဝန်ယူခဲ့ပါတယ်။ သူ့ရဲ့ ပြောစကားအရ ပြောရရင် ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးက ခေါင်းနဲ့ပန်းလိုပဲ။ နှစ်ခုစလုံးကို တချိန်တည်း တပြိုင်တည်း အတူတူ လုပ်ဆောင်မှသာလျှင် အောင်မြင်နိုင်လိမ့်မယ်။”

ဒါ့အပြင် အသက် ၇၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ဦးခွန်ထွန်းဦးရဲ့ ထူးခြားတဲ့ ခေါင်းဆောင်မှုကိုလည်း ANP ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက အခုလို ပြောပါတယ်။

“ဦးခွန်ထွန်းဦးက ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေအတွက် ဦးဆောင်လမ်းပြ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ အခုလို ဆုံးပါးသွားတဲ့အတွက်ကြောင့် ကျနော်တို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ ပြည်ထောင်စုတဝန်းလုံးမှာရှိတဲ့ နိုင်ငံရေးသမားတွေ အပါအဝင် ကျနော်တို့အားလုံးမှာ ဆုံးရှုံးမှုကြီးတရပ် ဖြစ်ပါတယ်။”

ဒီနေရာမှာ ဦးခွန်ထွန်းဦးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နီးနီးကပ်ကပ် လုပ်ဆောင်ခဲ့ကြပုံတွေကိုလည်း SNLD အထွေထွေအတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးစိုင်းလိတ်က အခုလို ပြန်ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲခဲ့တဲ့ အချိန်တုန်းကလည်း တလျှောက်လုံး သူပြောခဲ့တယ်။ ဒီမိုကရေစီ ရရှိရေးအတွက် အမကြီးကြိုးပမ်းနေသလို ဖက်ဒရယ်ရရှိရေးအတွက် ကျနော်တို့ကလည်း မမှိတ်မသုန် လုပ်ဆောင်မှာပဲ။ ဆိုတော့ ဒီမိုကရေစီ ရသွားတဲ့နောက်မှာ ကျနော်တို့ ဖက်ဒရယ်အရေးအတွက်ကို အမကြီးအနေနဲ့ မမေ့သွားဖို့ လိုအပ်တယ်နောလို့ လူရှေ့သူရှေ့မှာပဲ သူ ဗြောင်ပြောခဲ့ပါတယ်ဗျ၊ ကျနော်တို့ရှေ့မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မမေ့ပါဘူးရှင်၊ လက်တွဲလုပ်ကြရအောင်ဆိုပြီး ပြောခဲ့တဲ့စကားတွေ ရှိခဲ့ပါတယ်။ နောက်ဆုံး ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး အနိုင်ရရှိတဲ့ အခါမှာလည်း ကျနော်တို့ကို ဦးဆောင်ပြီး နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့တယ်။ အဲဒီအချိန်မှာလည်း ၂၀၀၈ ဟာ ဒီမိုကရေစီအတွက် အာမခံချက်ရှိမရှိ မသေချာပေမဲ့ ဖက်ဒရယ်အတွက်ကတော့ လုံးဝ အာမခံချက်မရှိတာ သေချာတယ်ဆိုပြီး သူ ထပ်ခါ ပြောခဲ့ပါသေးတယ်။”

တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ၁၉၈၈ တည်းက တောက်လျှောက် လှုပ်ရှား ရုန်းကန်ခဲ့ပြီး အကြိမ်ကြိမ် အဖမ်းခံရ၊ ထောင်ဒဏ်နှစ်ရှည်တွေလည်း ကျခဲ့တဲ့ ဦးခွန်ထွန်းဦးအပေါ် အမြဲအမှတ်ရနေမှာပါလို့ ဦးသာထွန်းလှက ဆိုပါတယ်။

“မှတ်မှတ်ရရ ကျန်ခဲ့တာက ကျနော်တို့ အရင်တုန်းက နအဖခေတ်တုန်းက တိုင်းရင်းသားပါတီတွေ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဦးခွန်ထွန်းဦး အိမ်မှာပဲ ကျနော်တို့ ပြည်ထောင်စုနေ့ အခမ်းအနားကို အတူတူ ကျင်းပခဲ့ရတော့ ကျနော့်အနေနဲ့ မှတ်မှတ်ရရရှိတဲ့ ကိစ္စတရပ်ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် ပပျောက်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ကြိုးစားလုပ်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်သလို ပြည်ထောင်စုမြန်မာနိုင်ငံ တဝန်းလုံးမှာရှိတဲ့ နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်နေသူတွေ အတွက်တော့ မမေ့သင့် မမေ့ထိုက်တဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်။”

ဒါ့အပြင် ဦးခွန်ထွန်းဦး ကွယ်လွန်မှုက လက်ရှိ အရင်လို စစ်အာဏာရှင်အောက် အခက်ခဲဆုံးအချိန်မှာ ဖြစ်ရတာမို့ ပိုကြေကွဲရပေမဲ့ ဆက်ရုန်းကန်ကြဖို့ကိုလည်း ဦးစိုင်းလိတ်က အခုလိုဆက်ပြောပါတယ်။

“ကျနော်တို့နိုင်ငံအတွက်ကတော့ ကံဆိုးမိုးမှောင်ကျတဲ့ အချိန်လို့ ပြောရမှာပေါ့။ စစ်တပ်ကနေပြီး အာဏာရယူထားတဲ့အချိန်မှာ ဒီမိုကရေစီခေါင်းဆောင်လို့ အားလုံးက အသိအမှတ်ပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကျပ်အတည်း ရောက်နေတယ်၊ အဖမ်းဆီးခံနေရတယ်။ နောက် တဖက်မှာ ဖက်ဒရယ်အရေးအတွက် မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ခေါင်းဆောင်တဦးကလည်း ဒီနေ့ပဲ ကွယ်လွန်အနိစ္စ ရောက်သွားတယ်ဆိုတာ ကျနော်တို့ အားလုံးအတွက် ဝမ်းနည်းမဆုံးပေါ့၊ ကြေကွဲစရာဖြစ်တယ်။ သို့ပေမဲ့လို့ ခေါင်းဆောင်နှစ်ဦးရဲ့ မိန့်မှာခဲ့တဲ့ စကားတွေ၊ လမ်းညွှန်ခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ လမ်းကြောင်းတွေက ထင်ထင်ရှားရှား ရှိနေပါတယ်။ သူတို့တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့။”

တကယ်တော့ တချိန်က စစ်ကောင်စီတွေ လက်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ခဲ့တဲ့ ဦးခွန်ထွန်းဦးကို မြန်မာ့ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရေးလှုပ်ရှားမှု ဒုတိယခေါင်းဆောင်အဖြစ် အများခံယူခဲ့ကြတယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။

XS
SM
MD
LG