သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်မ်ဂျုံအီလ်အတွက် တောင်ကိုရီးယားကြေညာချက် မြောက်ပိုင်းမကျေနပ်

Britain's Queen Elizabeth smiles as she holds flowers she was given after attending the British royal family's traditional Christmas Day church service in Sandringham, England, Dec. 25, 2012.
Britain's Queen Elizabeth smiles as she holds flowers she was given after attending the British royal family's traditional Christmas Day church service in Sandringham, England, Dec. 25, 2012.

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် သေဆုံးခဲ့တဲ့အတွက် လူထုအပေါ် စာနာကြောင်း ဒါပေမဲ့လည်း ဈာပနကို ကိုယ်စားလှယ် စေလွှတ်မှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားက ဆုံးဖြတ်လိုက်တဲ့ တုံ့ပြန်ပုံတွေဟာ သည်းခံနိုင်စရာ မရှိဘူးလို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် နှစ်ဘက်အကြား ဆက်ဆံရေးအပေါ် ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိမယ်လို့ သတိပေးထားတဲ့ ကြေညာချက်တစ်စောင်ကို အစိုးရပိုင် အင်တာနက်ဝက်ဘ် စာမျက်နှာပေါ်မှာ ဖော်ပြလိုက်တာပါ။

ဝမ်းနည်းကြောင်း ပြသလိုကြတဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်တွေကို ဝင်ခွင့်ပေးဖို့ နယ်စပ်တွေကို ဖွင့်လှစ်ပေးထားမယ် လို့လည်း မြောက်ကိုရီးယားက ပြောဆိုထားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားကတော့ ကွယ်လွန်သူ သမ္မတဟောင်း ကင်မ်ဒေးဂျုံနဲ့ ဟွန်ဒေးကုမ္ပဏီ ဥက္ကဋ္ဌ ချွန်မွန်ဟွန်း တို့ပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့ကိုပဲ သွားခွင့်ပေးထားတာပါ။ မြောက်ကိုရီးယားကတော့ ကွယ်လွန်သူ ကင်မ်ဂျုံအီလ် နေရာမှာ သားဖြစ်သူ ကင်မ်ဂျုံအွန်းက ဆက်ခံပြီး တိုင်းပြည်တော်လှန်ရေးနဲ့ လူထုကို ဦးဆောင်မှုပေးမယ့်သူအဖြစ် ခေတ်သစ်တခေတ် စတင်ပြီ ဖြစ်တဲ့အကြောင်း မနေ့တုန်းကပဲ ကြေညာသွားပါတယ်။

တနင်္လာနေ့မှာပဲ သေဆုံးကြောင်း ကြေညာခဲ့တဲ့ ကင်မ်ဂျုံအီလ် ရဲ့နေရာမှာ အရိုက်အရာ ဆက်ခံခဲ့တဲ့ ခေါင်းဆောင်သစ် ကင်မ်ဂျုံအွန်း အနေနဲ့ ဖခင်ဖြစ်သူရဲ့ သင်ကြားမှုတွေနဲ့အတူ ကိုယ့်ကိုယ်ကို အားကိုးတဲ့ လမ်းကြောင်းသစ်ကို လျှောက်လှမ်းဖို့ လိုတယ်လို့လည်း မြောက်ကိုရီးယားပိုင် Rodong Sinmun သတင်းစာ အယ်ဒီတာ့ အာဘော်မှာ ဖော်ပြခဲ့တာပါ။ မြောက်ကိုရီးယား လူထုအနေနဲ့ လူငယ်ခေါင်းဆောင်သစ် နောက်ကွယ်မှာ မားမားမတ်မတ် ရပ်ဖို့နဲ့ ခေါင်းဆောင်မှုအပေါ် သစ္စာရှိဖို့အတွက်လည်း သတင်းစာက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG