သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နဲ့ ဆွေးနွေးမှုအပေါ် မြောက်ကိုရီးယား စိတ်ရှည်ရှည်ထားမည်


 မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ သမ္မတ Trump တို့ ၂၀၁၉ ဖေဖော်ဝါရီလတုန်းက တွေ့စုံစဉ်
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ သမ္မတ Trump တို့ ၂၀၁၉ ဖေဖော်ဝါရီလတုန်းက တွေ့စုံစဉ်

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး စိတ်ရှည်သည်းခံသွားမှာ ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက တရုတ်သမ္မ ရှီဂျင်ပင်းကို ပြောခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာနတွေက ပြောပါတယ်။ ကင်ဂျုံအွန်းရဲ့ ပြောကြားချက်ဟာ တရုတ်သမ္မတ ရှီဂျင်ပင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ် ရောက်နေတဲ့အချိန်အတွင်းမှာ ထွက်ပေါ်လာတာပါ။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ အရေးယူး ပိတ်ဆို့မှုတစ်ခုကို တရုတ်နိုင်ငံက ထောက်ခံခဲ့တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ် ရှိခဲ့ပါတယ်။ ကြာသပတေးနေ့မှာ စတင်ခဲ့တဲ့ ၂ ရက်ကြာ မြောက်ကိုရီးယား ခရီးစဉ်ဟာ ၁၄ နှစ်အတွင်း တရုတ်သမ္မတ တစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်ပါ။

ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံအကြား ဆွေးနွေးပွဲတွေ ရှုပ်ထွေးပြီး ထိလွယ်ရှလွယ် ကိစ္စ ဖြစ်တယ်လို့ တရုတ်သမ္မတက မှတ်ချက်ပြုပါတယ်။

ခေါင်းဆောင်နှစ်ဦး မတွေ့ဆုံခင် နှစ်နိုင်ငံနိုင်ငံပိုင် သတင်းဌာနတွေမှာ တရုတ်သမ္မတ ရှီဂျင်ပင်း ရေးသားတဲ့ ဆောင်းပါးတစ်စောင် ပါရှိခဲ့ပြီး အဲဒီဆောင်းပါးထဲမှာ ကင်မ်ဂျုံအွန်းကို ကိုရီးယား ကျွန်းဆွယ်အရေး ဖြေရှင်းဖို့ ကြိုးစားအားထုတ်တဲ့အတွက် ရှီဂျင်ပင်းက ချီးကျူးခဲ့ပါတယ်။

၁၉၅၀ ကိုရီးယား စစ်ပွဲမှာ မြောက်ကိုရီးယားနဲ့ အတူ လက်တွဲ တိုက်ခိုက်ခဲ့တဲ့ တရုတ် စစ်သားတွေအတွက် အထိမ်းအမှတ် တည်ဆောက်ထားတဲ့ ချစ်ကြည်ရေး မျှော်စင်ကို တရုတ် သမ္မတ ရှီဟာ သွားရောက်လည်ပတ်မယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG