သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် Kim ရုရှားကို မကြာမီသွားမည်


မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံဖို့ ရုရှားကိုသွားရောက်မယ်လို့ မြောက်ကိုးရီးယား နိုင်ငံပိုင်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ရုရှားသမ္မတ Putin ရဲ့ဖိတ်ကြားချက်နဲ့ ခေါင်းဆောင် Kim ဟာ မကြာမီ ရုရှားကို သွားရောက်မှာဖြစ်ကြောင်း အစိုးရပိုင် KCN သတင်းရဲ့ အင်္ဂါနေ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာပါ။ ဒါပေမယ့် သွားရောက်မဲ့ရက် အတိအကျကိုတော့ ချက်ချင်း ထုတ်ပြန်တာ မရှိသေးပါဘူး။ ရုရှားအစိုးရက ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ Kim ဟာ ရုရှားကို ဧပြီလ ဒုတိယပတ် အလွန်မှာ လာရောက်ဖို့ ရှိတယ်လို့ ဖေါ်ပြထားပြီး ရက်အတိအကျကိုတော့ မထုတ်ပြန်ပါဘူး။

ရုရှားအနေနဲ့ မြောက်ကိုးရီးယားရဲ့ မြေရှားသတ္တု (rare earth minerals) အပါအဝင် ရှားပါး သံယံဇာတ ပစ္စည်းတွေကို ပိုလက်လှမ်းမှီအောင် ကြိုးစားဖို့ စိတ်ဝင်စားနေတာပါ။ မြောက်ကိုရီးယားကလည်း ရုရှားဆီက လျှပ်စစ်ဓါတ်အားကို လိုချင်သလို၊ ရုရှားက တည်ဆောက်ပေးထားတဲ့ စက်ရုံတွေကို ခေတ်မီအောင် လုပ်ဖို့ ရုရှားဆီက အရင်းအနှီးတွေ ရယူလိုတာဖြစ်ပါတယ်။

အမေရိကန်နဲ့ နျူကလီယား ညှိနှိုင်းဆွေးနွေးမှုတွေ ရပ်တံ့နေချိန်မှာ မြောက်ကိုရီးယားက အခုလို ရုရှားခရီးစဉ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim ရုရှားကို မကြာမီသွားမည်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG