သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး အလေးထားဖို့ Bolton ပြောတာကို မြောက်ကိုရီးယားဝေဖန်


အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton (ဧပြီ၊ ၀၂၊ ၂၀၁၉)
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton (ဧပြီ၊ ၀၂၊ ၂၀၁၉)

မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်စွန့်လွှတ်ရေး အလေးအနက်ထား လုပ်ဆောင်ဖို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton တိုက်တွန်းသွားတာဟာ အဓိပါယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ ဒါဟာ အမေရိကန် ထိပ်တန်းအရာရှိ တဦးကို တပတ်အတွင်း ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယားက ဝေဖန်ထားတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ အမေရိကန်သမ္မတ Donald Trump က လမ်းဖွင့်ပေးလိုက်ပေမယ့်လည်း မစ္စတာ Bolton က မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တွေကို စွန့်ပစ်ရေး မဟာဗျူဟာကျတဲ့ ဆုံးဖြတ်ချက်ကို အရင်ဆုံးချမှတ်ဖို့လိုတယ်လို့ Bloomberg သတင်းဌာနဲ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံးမေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။

မစ္စတာ Bolton ရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Choe Son Hui ကိုသတင်းထောက်တွေက မေးမြန်းခဲ့တာမှာတော့ အိမ်ဖြူတော်ရဲ့လုံခြုံရေးအကြံပေး Bolton ရဲ့ ပြောဆိုချက်ဟာ လူအထင်ကြီးခံရအောင် ပြောတဲ့ အဓိပါယ်မရှိတဲ့ စကားသာဖြစ်တယ်လို့ တုန့်ပြန်ဖြေကြားသွားကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဒီကနေ့ စနေနေ့မှာ ဖော်ပြသွားပါတယ်။

အမေရိကန်ဘက်က အဲဒီလို အဓိပါယ်မရှိတဲ့ စကားမျိုးတွေ ဆက်ပြောနေတာဟာ အကျိုးမရှိဘူးလို့လည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Choe က သတိပေးသွားပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား နျူကလီးယား ဆွေးနွေးမှုတွေမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မပါဝင်တော့ဖို့လည်း မြောက်ကိုရီးယားဘက်က ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ တောင်းဆိုထားပါတယ်။

နျူကလီးယားအရေး အလေးထားဖို့ Bolton ပြောတာကို မြောက်ကိုရီးယားဝေဖန်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG