သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါ တိုက္ဖ်က္ေရး ေအာင္ျမင္ေၾကာင္း ေျမာက္ကိုရီးယားေၾကညာ


ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un

[[Zawgyi/Unicode]]

ေျမာက္ကိုရီးယားမွာ ကိုဗစ္-19 ‌ေရာဂါ ကူးစက္မႈေတြကို ေအာင္ျမင္လိုက္ၿပီဆိုၿပီး ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un က ေၾကညာပါတယ္။ ေမလအတြင္း ထုတ္ျပန္ထားတဲ့ ကိုဗစ္တိုက္ဖ်က္ေရး အျမင့္ဆုံးသတ္မွတ္ခ်က္ စည္းကမ္းေတြကို ႐ုပ္သိမ္းလိုက္ၿပီလို႔ ေျမာက္ကိုရီးယား အစိုးရပိုင္ သတင္းဌာနေတြက ေၾကညာပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံမွာ လူဘယ္ေလာက္ ကိုဗစ္ 19 ေရာဂါ ကူးစက္တယ္ဆိုတာကို အတည္ျပဳေျပာၾကားျခင္းမရွိပါဘူး။ ေရာဂါကူးစက္မႈ ရွိမရွိ စမ္းသပ္စစ္ေဆးတာေတြ အကန႔္အသတ္ရွိတဲ့အေၾကာင္း ႏိုင္ငံတကာ အကူအညီေပးေရးအဖြဲ႕ေတြက ေျပာဆိုေနပါတယ္။

ကင္ဂ်ဳံအြန္းရဲ႕ ညီမျဖစ္သူ Kim Yo Jong က ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un ကိုယ္တိုင္ ကိုဗစ္ကူးစက္ခံခဲ့ရၿပီး ႏိုင္ငံတြင္း ကိုဗစ္ကူးစက္မႈေတြဟာ ေတာင္ကိုးရီးယားဘက္ က ပို႔လိုက္တဲ့ စာ႐ြက္ေတြေၾကာင့္ျဖစ္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရပိုင္ မီဒီယာမွာေျပာပါတယ္။ ဇူလိုင္ ၂၉ ရက္ေန႔ ေနာက္ပိုင္းကတည္းက ကူးစက္မႈအသစ္ ရွိတယ္ဆိုတာကို ထုတ္ျပန္ေၾကညာျခင္းလည္း မရွိပါဘူး။

ေျမာက္ကိုရီးယားမွာ ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ လူမႈေရးအရ ထိန္းခ်ဳပ္ကန႔္သတ္ခ်က္ေတြ ခ်မွတ္ခဲ့ေပမယ့္ နယ္စပ္ေတြပိတ္ၿပီး တျခား တားျမစ္ခ်က္ေတြေၾကာင့္ စီးပြားေရးအေပၚ ထိခိုက္မႈေတြကို ျပန္တည္ေဆာက္ႏိုင္ေအာင္ ႀကိဳးစားေနတယ္လို႔ ေလ့လာသူေတြက ျမင္ပါတယ္။ ဒါေၾကာင့္လည္း ကိုဗစ္ေရာဂါကို ေအာင္ေအာင္ျမင္ျမင္ ကာကြယ္ႏိုင္ၿပီဆိုၿပီး ပဏာမ ေၾကညာခ်က္ ထြက္တာျဖစ္ႏိုင္တဲ့အေၾကာင္း ေလ့လာသုံးသပ္ပါတယ္။ တခ်ိန္တည္းမွာ ၂၁၀၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ႏ်ဴကလီးယားစမ္းသပ္မႈေတြလုပ္ဖို႔ လမ္းဖြင့္ ျပင္ဆင္တာျဖစ္ႏိုင္တယ္လို႔လည္း ခန႔္မွန္း သုံးသပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ကိုဗစ်ရောဂါ တိုက်ဖျက်ရေး အောင်မြင်ကြောင်း မြောက်ကိုရီးယားကြေညာ

မြောက်ကိုရီးယားမှာ ကိုဗစ်-19 ‌ရောဂါ ကူးစက်မှုတွေကို အောင်မြင်လိုက်ပြီဆိုပြီး မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ကြေညာပါတယ်။ မေလအတွင်း ထုတ်ပြန်ထားတဲ့ ကိုဗစ်တိုက်ဖျက်ရေး အမြင့်ဆုံးသတ်မှတ်ချက် စည်းကမ်းတွေကို ရုပ်သိမ်းလိုက်ပြီလို့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာနတွေက ကြေညာပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ လူဘယ်လောက် ကိုဗစ် 19 ရောဂါ ကူးစက်တယ်ဆိုတာကို အတည်ပြုပြောကြားခြင်းမရှိပါဘူး။ ရောဂါကူးစက်မှု ရှိမရှိ စမ်းသပ်စစ်ဆေးတာတွေ အကန့်အသတ်ရှိတဲ့အကြောင်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ပြောဆိုနေပါတယ်။

ကင်ဂျုံအွန်းရဲ့ ညီမဖြစ်သူ Kim Yo Jong က မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကိုယ်တိုင် ကိုဗစ်ကူးစက်ခံခဲ့ရပြီး နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုတွေဟာ တောင်ကိုးရီးယားဘက် က ပို့လိုက်တဲ့ စာရွက်တွေကြောင့်ဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာမှာပြောပါတယ်။ ဇူလိုင် ၂၉ ရက်နေ့ နောက်ပိုင်းကတည်းက ကူးစက်မှုအသစ် ရှိတယ်ဆိုတာကို ထုတ်ပြန်ကြေညာခြင်းလည်း မရှိပါဘူး။

မြောက်ကိုရီးယားမှာ ကပ်ရောဂါကူးစက်မှုတွေကြောင့် လူမှုရေးအရ ထိန်းချုပ်ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပေမယ့် နယ်စပ်တွေပိတ်ပြီး တခြား တားမြစ်ချက်တွေကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုတွေကို ပြန်တည်ဆောက်နိုင်အောင် ကြိုးစားနေတယ်လို့ လေ့လာသူတွေက မြင်ပါတယ်။ ဒါကြောင့်လည်း ကိုဗစ်ရောဂါကို အောင်အောင်မြင်မြင် ကာကွယ်နိုင်ပြီဆိုပြီး ပဏာမ ကြေညာချက် ထွက်တာဖြစ်နိုင်တဲ့အကြောင်း လေ့လာသုံးသပ်ပါတယ်။ တချိန်တည်းမှာ ၂၁၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှုတွေလုပ်ဖို့ လမ်းဖွင့် ပြင်ဆင်တာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်း သုံးသပ်နေကြပါတယ်။

XS
SM
MD
LG