သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်ကြီး ကံတော်ကုန်သွားပြီ


ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံးဖြစ်တဲ့ ထိုင်းဘုရင်ကြီး Bhumibol Adulyadej ဟာ သက်တော် ၈၈ နှစ်အရွယ်မှာ ဒီကနေ့ညပိုင်းက ကွယ်လွန်သွား ပါပြီ။ ဘုရင်ကြီး နာမကျန်းဖြစ်နေတာ အတော်ကြာပြီဖြစ်ပြီး သူ့ရဲ့ နောက်ဆုံးနှစ်တွေကို ဘန်ကောက်မြို့တော်က ဆေးရုံတခုမှာပဲနေထိုင်ရင်း ကုန်လွန် သွားခဲ့တာပါ။

တနင်္ဂနွေညမှာ ဘုရင့်နန်းတော်ကနေ သတင်းစဉ်တခု ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ဘုရင့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ပိုပြီး စိုးရိမ်လာခဲ့ကြ တာပါ။ သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင် ဘူမိဘော ဟာ သွေးပေါင်ကျနေပြီး၊ သူ့ရဲ့ ကျောက်ကပ် နဲ့ အသည်းဟာလည်း ပုံမှန် အလုပ် မလုပ် နိုင်တော့တာကြောင့် အသက်ရှူ ထောက်ကူစက်နဲ့ သုံးနေရတဲ့အကြောင်း ထိုင်းတော်ဝင် မိသားစုက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ထိုင်းဘုရင်ကြီးကို ထိုင်းနိုင်ငံသားအများစုက တလေးတမြတ်ထားကြတာကြောင့် အခု သူ ကွယ်လွန်သွားတဲ့သတင်းဟာ ထိုင်းလူထု ၆၇ သန်းအတွက် တော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ။

Rama 9 လို့လည်းသိကြတဲ့ ဘူမိဘောလ်ဘုရင်ကြီးဟာ အသက် ၁၈ နှစ်အရွယ် ၁၉၄၆ ခုနှစ်က နန်းတက်ခဲ့တာပါ။ သူ့ရဲ့အကိုတော် အသက် ၂၀ အရွယ် Ananda Mahidol ဘုရင် ထူးထူးဆန်းဆန်းပဲ သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီးတဲ့နောက် ဘုရင် ဘူမိဘောလ် နန်းတက်ခဲ့တာဖြစ်ပါတယ်။

ဘုရင်ဘူမိဘောလ်နေရာမှာ ဆက်ခံရမယ့် သားတော် အိမ်ရှေ့မင်းသား Vajiralongkorn ကတော့ သူ့ခမည်းတော် ဘုရင်ကြီးလို လူအများ လေးစားခံရ တဲ့သူတယောက် မဟုတ်တာကြောင့် ထီးနန်းဆက်ခံရေးနဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ကြီးမားနေပါတယ်။

XS
SM
MD
LG