သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ႊက်င္နဲ႔ ေက်ာက္ႀကီး ေဒသတဝိုက္ တိုက္ပြဲေတြ ျဖစ္ပြါး


KNU တပ္မဟာ (၃) နယ္ေျမက စစ္ေဘးေရွာင္မ်ား။ (ဓာတ္ပံု-KNU)

[[Zawgyi/Unicode]]

KNU တပ္မဟာ (၃) ထိန္းခ်ဳပ္ရာ ေက်ာက္ႀကီး ၿမိဳ႕နယ္၊ ေ႐ႊက်င္ၿမိဳ႕နယ္ မုန္းေဒသေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNU ပူးေပါင္းတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြေန႔စဥ္ျဖစ္ေနပါတယ္။ ၾသဂုတ္လ ၃၀ ရက္ေန႔နဲ႔ ၃၁ ရက္ေန႔က တိုက္ပြဲေတြအတြင္း ေ႐ႊက်င္ၿမိဳ႕နယ္နဲ႔ ၁၀ မိုင္အကြာက သံဆိပ္မင္းလမ္းေက်း႐ြာထဲကို လက္နက္ႀကီးက်ည္ဆံေတြက်ေရာက္တဲ့အတြက္ ႐ြာသား၂ ဦး ေသဆုံးၿပီး ကေလး ၃ ဦးထိခိုက္ဒဏ္ရာေတြရခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အရပ္သားေတြ ထိခိုက္ ဒဏ္ရရတဲ့သတင္းေတြနဲ႔ပတ္သက္လို႔ သီးျခားအတည္ ျပဳခ်က္ေတာ့မရေသးပါဘူး။ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ဒုကၡသည္ေတြ ပိုမ်ားလာတဲ့အေၾကာင္း ဗြီအိုေအ သတင္းေထာက္မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

KNU တပ္မဟာ (၃) ထိန္းခ်ဳပ္ရာ ေ႐ႊက်င္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီရဲ႕ သံဆိပ္ကင္း စခန္းေနရာကို KNU တပ္ေတြက ဝင္ေရာက္ပစ္ခတ္ခဲ့ၿပီး ႏွစ္ဘက္တိုက္ ပြဲေတြျပင္းထန္ခဲ့ပါတယ္။ တိုက္ပြဲေတြၿပီးမွ ေက်း႐ြာထဲကို လက္နက္ႀကီးေတြက်ေရာက္ေပါက္ကြဲတာေၾကာင့္ ေဒသခံေက်း႐ြာသား၂ ဦးေသဆုံးၿပီး ၃ ဦးထိခိုက္ဒဏ္ရာရရွိခဲ့သလို တိုက္ပြဲျဖစ္ရာအနီးနားတဝိုက္က ေက်း႐ြာသားေတြ စစ္ေဘးေရွာင္ေနရေၾကာင္းေဒသခံ႐ြာသားတဦးကေျပာျပပါတယ္။

“သူတို႔စစ္တပ္ဝင္လာေတာ့ KNU က သူ႔နယ္ေျမအပိုင္မွာမဝင္ဖို႔၊ အဲဒါ သူတို႔ကမေနေတာ့ KNU ကဝင္တိုက္တာေပါ့ေနာ္။ စစ္တပ္က ေ႐ႊက်င္ကေန ေက်ာက္ႀကီးအထိ အနားမွာကင္းစခန္းေတြခ်ထားတာေပါ့ေနာ္။ အဲဒါကို KNU က ဝင္တိုက္ေတာ့သူတို႔ဘက္က ထြက္ေျပးတယ္။ ဒဏ္ရာရၾကတဲ့သူေတြရွိတယ္။ ထြက္ေျပးၿပီးေတာ့ ႐ြာထဲကိုလက္နက္ႀကီးနဲ႔ပစ္ထည့္သြားတယ္။ အဲဒီေဘးနားမွာက သံဆိပ္ေက်း႐ြာတို႔၊ အဂၤါနီေက်း႐ြာတို႔၊ ေက်ာက္တန္းေက်း႐ြာတို႔ကလူေတြက ထြက္ေျပးရတာပါ။ ပစ္ထည့္သြားေတာ့ သံဆိပ္မင္းလမ္းေက်း႐ြာက လူ ၂ ဦးေသတယ္။ ကေလး ၃ ဦးဒဏ္ရာရတယ္။ ကေလး ၃ ႏွစ္၊ ၆ ႏွစ္နဲ႔ ၁၀ ႏွစ္ ေပါ့။ အားလုံး သံဆိပ္ မင္းလမ္းေက်း႐ြာအပါအဝင္ ႐ြာေလး႐ြာကေတာ့ ထြက္ေျပးရတယ္။”

စစ္ေကာင္စီရဲ႕စခန္းငယ္တခုျဖစ္တဲ့ သံဆိပ္စခန္းကို KNU က ပစ္ခတ္တိုက္ခိုက္ခဲ့တာမွန္ကန္ေၾကာင္း စခန္းသိမ္းတာေတြေတာ့ မျဖစ္ခဲ့ဘူးလို႔ KNU သတင္းနဲ႔ျပန္ၾကားေရး ဒုတာဝန္ခံေစာယြာခြီဒူးက အခုလိုေျပာပါတယ္။

“စခန္းသိမ္းတာေတာ့မဟုတ္ဘူး။ စခန္းကို သြားပစ္တာေတာ့မွန္တယ္။ စခန္းကေတာ့ သိမ္းလို႔ရတဲ့အေနအထားရွိတယ္။ ဒါေပမယ့္ က်ေနာ္တို႔ကမသိမ္းဘူး။ သို႔ေသာ္ အဓိကက်တဲ့စခန္းလည္းမဟုတ္ဘူး။ တိုက္ပြဲျဖစ္ၿပီးေနာက္ပိုင္း စစ္ေကာင္စီဘက္က စစ္ကူလာတဲ့ အဖြဲ႕ကေန လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ သံဆိပ္႐ြာသား ၂ ေယာက္ လက္နက္ႀကီးထိၿပီး ေသသြားတာရွိပါတယ္။”

သံဆိပ္မင္းလမ္း႐ြာကေတာ့ ေ႐ႊက်င္ၿမိဳ႕နယ္နဲ႔ ေက်ာက္ႀကီးၿမိဳ႕နယ္ကို ဆက္သြယ္ ထားတဲ့ ကားလမ္းမေပၚမွာရွိၿပီး ေ႐ႊက်င္ၿမိဳ႕နဲ႔ ၁၀ မိုင္အကြာမွာရွိတာပါ။

ကရင္စကားနဲ႔ ေဆာထိ လို႔ေခၚတဲ့ ေ႐ႊက်င္ၿမိဳ႕နယ္ဟာ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္ မဟာ ၃ ထိန္းခ်ဳပ္ရာနယ္ေျမအတြင္းမွာရွိၿပီး စီမံအုပ္ခ်ဳပ္မႈေတြကို KNU ကလုပ္သြားမွာျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ဇူလိုင္လက KNU က သတင္းထုတ္ျပန္ ထားပါတယ္။ KNU ထိန္းခ်ဳပ္ရာ တပ္မဟာ (၇) ခုရွိၿပီး တပ္မဟာ (၆) ခုမွာ တိုက္ ပြဲေတြျဖစ္ေနတယ္လို႔ ဆိုပါတယ္။ အဲဒီထဲက တပ္မဟာ (၅) ခုမွာေတာ့ ေန႔တိုင္း တိုက္ပြဲျဖစ္ေနတယ္လို႔လည္း KNU သတင္းနဲ႔ျပန္ၾကားေရး ဒုတာဝန္ခံ ေစာယြာခြီဒူးကေျပာပါတယ္။

“က်ေနာ္တို႔နယ္ေျမကိုခုခံကာကြယ္တဲ့အေနနဲ႔ တိုက္ပြဲကေတာ့ ေန႔စဥ္နီးပါးရွိပါတယ္။ တပ္မဟာ (၁) ျဖစ္တယ္။ တပ္မဟာ (၂) ျဖစ္တယ္။ တပ္မဟာ (၃) ျဖစ္တယ္။ တပ္မဟာ (၄) ကေတာ့ ႀကိဳ႕ၾကား ႀကိဳ႕ၾကားျဖစ္တယ္။ တပ္မဟာ (၅) ကေတာ့ ေန႔တိုင္းျဖစ္တယ္။ တပ္မဟာ (၆) ကလည္း ေန႔တိုင္းျဖစ္ပါတယ္။”

KNU တပ္မဟာ (၃) ထိမ္းခ်ဳပ္ရာနယ္ေျမေတြမွာျဖစ္ေနတဲ့ တိုက္ပြဲေတြနဲ႔ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ အခုလို ႏွစ္ဘက္တိုက္ပြဲေတြအတြင္း လက္နက္ႀကီးေတြနဲ႔ပစ္ခတ္တာ၊ ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္တာေတြေၾကာင့္ KNU တပ္မဟာ (၃) နယ္ေျမအတြင္းမွာ အရပ္သားေတြ ထိခိုက္ေသဆုံးဒဏ္ရာရတာလည္း မၾကာခနရွိေနပါတယ္။ အခုဆိုရင္ အဲဒီေဒသမွာ စစ္ေဘးေရွာင္ ၆ ေသာင္းေက်ာ္ရွိရာကေန အခု ရက္ပိုင္းအတြင္းမွာ လက္နက္ႀကီးက်ည္ဆံေတြက်ေရာက္တာေၾကာင့္ ထပ္မံထြက္ေျပးေနရၿပီး စစ္ေဘးေရွာင္ဒုကၡသည္ေတြ ပိုၿပီးတိုးလာေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရွှေကျင်နဲ့ ကျောက်ကြီး ဒေသတဝိုက် တိုက်ပွဲတွေ ဖြစ်ပွါး

KNU တပ်မဟာ (၃) ထိန်းချုပ်ရာ ကျောက်ကြီး မြို့နယ်၊ ရွှေကျင်မြို့နယ် မုန်းဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့စဉ်ဖြစ်နေပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့က တိုက်ပွဲတွေအတွင်း ရွှေကျင်မြို့နယ်နဲ့ ၁၀ မိုင်အကွာက သံဆိပ်မင်းလမ်းကျေးရွာထဲကို လက်နက်ကြီးကျည်ဆံတွေကျရောက်တဲ့အတွက် ရွာသား၂ ဦး သေဆုံးပြီး ကလေး ၃ ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရပ်သားတွေ ထိခိုက် ဒဏ်ရရတဲ့သတင်းတွေနဲ့ပတ်သက်လို့ သီးခြားအတည် ပြုချက်တော့မရသေးပါဘူး။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ပိုများလာတဲ့အကြောင်း ဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

KNU တပ်မဟာ (၃) ထိန်းချုပ်ရာ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ သံဆိပ်ကင်း စခန်းနေရာကို KNU တပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဘက်တိုက် ပွဲတွေပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲတွေပြီးမှ ကျေးရွာထဲကို လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံကျေးရွာသား၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို တိုက်ပွဲဖြစ်ရာအနီးနားတဝိုက်က ကျေးရွာသားတွေ စစ်ဘေးရှောင်နေရကြောင်းဒေသခံရွာသားတဦးကပြောပြပါတယ်။

“သူတို့စစ်တပ်ဝင်လာတော့ KNU က သူ့နယ်မြေအပိုင်မှာမဝင်ဖို့၊ အဲဒါ သူတို့ကမနေတော့ KNU ကဝင်တိုက်တာပေါ့နော်။ စစ်တပ်က ရွှေကျင်ကနေ ကျောက်ကြီးအထိ အနားမှာကင်းစခန်းတွေချထားတာပေါ့နော်။ အဲဒါကို KNU က ဝင်တိုက်တော့သူတို့ဘက်က ထွက်ပြေးတယ်။ ဒဏ်ရာရကြတဲ့သူတွေရှိတယ်။ ထွက်ပြေးပြီးတော့ ရွာထဲကိုလက်နက်ကြီးနဲ့ပစ်ထည့်သွားတယ်။ အဲဒီဘေးနားမှာက သံဆိပ်ကျေးရွာတို့၊ အင်္ဂါနီကျေးရွာတို့၊ ကျောက်တန်းကျေးရွာတို့ကလူတွေက ထွက်ပြေးရတာပါ။ ပစ်ထည့်သွားတော့ သံဆိပ်မင်းလမ်းကျေးရွာက လူ ၂ ဦးသေတယ်။ ကလေး ၃ ဦးဒဏ်ရာရတယ်။ ကလေး ၃ နှစ်၊ ၆ နှစ်နဲ့ ၁၀ နှစ် ပေါ့။ အားလုံး သံဆိပ် မင်းလမ်းကျေးရွာအပါအဝင် ရွာလေးရွာကတော့ ထွက်ပြေးရတယ်။”

စစ်ကောင်စီရဲ့စခန်းငယ်တခုဖြစ်တဲ့ သံဆိပ်စခန်းကို KNU က ပစ်ခတ်တိုက်ခိုက်ခဲ့တာမှန်ကန်ကြောင်း စခန်းသိမ်းတာတွေတော့ မဖြစ်ခဲ့ဘူးလို့ KNU သတင်းနဲ့ပြန်ကြားရေး ဒုတာဝန်ခံစောယွာခွီဒူးက အခုလိုပြောပါတယ်။

“စခန်းသိမ်းတာတော့မဟုတ်ဘူး။ စခန်းကို သွားပစ်တာတော့မှန်တယ်။ စခန်းကတော့ သိမ်းလို့ရတဲ့အနေအထားရှိတယ်။ ဒါပေမယ့် ကျနော်တို့ကမသိမ်းဘူး။ သို့သော် အဓိကကျတဲ့စခန်းလည်းမဟုတ်ဘူး။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က စစ်ကူလာတဲ့ အဖွဲ့ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဆိပ်ရွာသား ၂ ယောက် လက်နက်ကြီးထိပြီး သေသွားတာရှိပါတယ်။”

သံဆိပ်မင်းလမ်းရွာကတော့ ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ကို ဆက်သွယ် ထားတဲ့ ကားလမ်းမပေါ်မှာရှိပြီး ရွှေကျင်မြို့နဲ့ ၁၀ မိုင်အကွာမှာရှိတာပါ။

ကရင်စကားနဲ့ ဆောထိ လို့ခေါ်တဲ့ ရွှေကျင်မြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ် မဟာ ၃ ထိန်းချုပ်ရာနယ်မြေအတွင်းမှာရှိပြီး စီမံအုပ်ချုပ်မှုတွေကို KNU ကလုပ်သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လက KNU က သတင်းထုတ်ပြန် ထားပါတယ်။ KNU ထိန်းချုပ်ရာ တပ်မဟာ (၇) ခုရှိပြီး တပ်မဟာ (၆) ခုမှာ တိုက် ပွဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီထဲက တပ်မဟာ (၅) ခုမှာတော့ နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်လို့လည်း KNU သတင်းနဲ့ပြန်ကြားရေး ဒုတာဝန်ခံ စောယွာခွီဒူးကပြောပါတယ်။

“ကျနော်တို့နယ်မြေကိုခုခံကာကွယ်တဲ့အနေနဲ့ တိုက်ပွဲကတော့ နေ့စဉ်နီးပါးရှိပါတယ်။ တပ်မဟာ (၁) ဖြစ်တယ်။ တပ်မဟာ (၂) ဖြစ်တယ်။ တပ်မဟာ (၃) ဖြစ်တယ်။ တပ်မဟာ (၄) ကတော့ ကြို့ကြား ကြို့ကြားဖြစ်တယ်။ တပ်မဟာ (၅) ကတော့ နေ့တိုင်းဖြစ်တယ်။ တပ်မဟာ (၆) ကလည်း နေ့တိုင်းဖြစ်ပါတယ်။”

KNU တပ်မဟာ (၃) ထိမ်းချုပ်ရာနယ်မြေတွေမှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အခုလို နှစ်ဘက်တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် KNU တပ်မဟာ (၃) နယ်မြေအတွင်းမှာ အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရတာလည်း မကြာခနရှိနေပါတယ်။ အခုဆိုရင် အဲဒီဒေသမှာ စစ်ဘေးရှောင် ၆ သောင်းကျော်ရှိရာကနေ အခု ရက်ပိုင်းအတွင်းမှာ လက်နက်ကြီးကျည်ဆံတွေကျရောက်တာကြောင့် ထပ်မံထွက်ပြေးနေရပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ ပိုပြီးတိုးလာနေပါတယ်ရှင်။

XS
SM
MD
LG