သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ခတ်မှုများ ဖြေရှင်းရေး KNU နဲ့ မြန်မာတပ်မတော် တွေ့ဆုံမည်


မြန်မာ့တပ်မတော်နဲ့ လာမယ့် ဖေဖော်ဝါရီလထဲမှာ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဗွီအိုအေကိုပြောပါတယ်။ ဒီလိုတွေ့ဆုံဖို့ရှိတယ်ဆိုတာကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးကလည်း အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း နှစ်ဘက်အကြား တိုက်ပွဲဖြစ်တာတွေ၊ အပြန်အလှန်ပြောဆိုတာတွေ ရှိခဲ့ပြီးတဲ့နောက် အခုလို တွေ့ဆုံရေးကိစ္စ ပြောဆိုလာတာလည်းဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ကေအန်ယူအဖွဲ့ဟာ ချောင်းမြောင်းပစ်ခတ်မူ ၉ ကြိမ်နဲ့ ကားမိုင်းခွဲမူ ၂ ကြိမ် လုပ်ခဲ့တာကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေးသဘောတူစာချုပ် NCA ကိုချိုးဖောက်တယ်လို့ တပ်မတော်က မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။ ကေအန်ယူ ဘက်ကလည်း NCA ကို တပ်မတော်ဘက်က ချိုးဖောက်တာဖြစ်တယ်လို့ ပြန်လှန်စွပ်စွဲထားပါတယ်။

ဒီလိုအခြေအနေတွေ ဖြစ်လာပြီးတဲ့နောက် မကြာခင်မှာ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့ ကေအန်ယူ အထွေထွေအတွင်းရေးမူးချုပ် ဖဒိုတာဒိုမှူးက ဗွီအိုအေကို ပြောပါတယ်။

"တပ်မတော်ဘက်ကထုတ်ပြန်လိုက်တဲ့ကြေငြာချက်အပေါ်အခြေခံပြီးဖွဲစည်းထားတဲ့တပ်မတော်ဆွေးနွေးရေးအဖွဲဆိုတာလည်းကျနော်တို့ တွေ့သွားမှာပါ ပြီးခဲ့ဇန်နဝါရီလ ၁၃ရက်နေ့တုန်းကလည်း ချင်းမိုင်မှာအလွတ်သဘောတွေထားတာတွေရှိတယ်လေ အဲဒီမှာ ဖေဖေါ်ဝါရီလမှာတွေ့မယ်ဆိုတာကိုလည်းပြောထားပါတယ်လောလောဆည်တွေ့မယ်ဆိုတာက NRPC(အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့
ငြိမ်းချမ်းရေးဗဟိုဌာန)နဲ့တော့တွေ့ဖို့သဘောတူညီမူတော့ရှိတာပေါ့နော် တွေနေရာထိုင်ခင်းကိစကတော့ ကျနော်တို့ဆက်ညှိနှိုင်းဆွေးနွေးထားတယ်"

ဒီလို တွေ့ဆုံဆွေးနွေးမယ်ဆိုတာနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း အခုလိုပြောပါတယ်။

"ရှိပါလိမ့်မယ် ကျနော်တို့လည်း NRPC နဲ့ကကော လိုအပ်လာရင်စကားပြောဖို့အတွက် ပြောထားတာပဲ ရှိပါလိမ့်မယ် ကေအန်ယူနဲ့လည်းမကြာခန ထိုင်ပြောထားတာ ဆွးနွေနေကြရှိပါတယ် ဆွေးနွေးပြီးတိုင်းမှာ တိုးတက်မူရှိတယ် ထပ်ပြီးတော့လည်းတိုးတက်လာလိမ့်မယ်လို့ကျနော်တို့မျှော်လင့်ပါတယ်"

KNU နဲ့ တပ်မတော်အကြား ၂၀၁၂ကတည်းကအပစ်အခတ်ရပ်စဲခဲ့တာ ၆နှစ်ကျော်ကာလကိုရောက်ရှိခဲ့ပေမဲ့ နှစ်ဦးနှစ်ဖက်အကြား ချုပ်ဆိုခဲ့တဲ့သဘောတူညီချက်များ (Bilateral Agreements)ကို သေသေချာချာညှိနှိုင်းမူမရှိသေးဘူးလို့ကေအန်ယူဘက်ကတော့ဆိုပါတယ်။

"ကျနော်တို့ကတော့ ၂၀၁၂ကတည်းက တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုဆွေးနွေးဖို့လိုအပ်တယ်ဆိုတာကို ကျနော်တို့မြင်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကဆွေးနွေးချင်ပါတယ်ဆိုတဲ့အဆိုပြုချက်ကို ၂၀၁၂ စက်တင်ဘာလ ၄ရက်နဲ့ ၅ရက်နေမှာလုပ်တဲ့ဆွေးနွေးပွဲမှာကျနော်တင်ပြထားပါတယ် အဲဒီတုန်းက ဝန်ကြီးဦးအောင်မင်းတို့ခေတ်ပေါ့ အဲဒီတုန်းကတော့ဦးအောင်မင်းတို့ကတော့ မူအားဖြင့်လက်ခံတယ် ဆွေးနွေးဖို့လို့ပြောခဲ့တယ် နောက်ပိုင်းမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်က NCA လုပ်ငန်းစဉ်ထဲရောက်သွားတယ် ကိစတွေက ကျနော်တို့မဆွေးနွေးဖြစ်တော့ဘူး ပိုပြီးနိုင်ငံရေး လုပ်ငန်းစဉ်ထဲပိုရောက်သွားပြီး နှစ်ဦးနှစ်ဖက်အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များ (Bilateral Agreements) ကိစတွေက မဆွေးနွေးဖြစ်ဘူးပေါ့နော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲက အပစ်ခတ်ရပ်စဲရေးအပိုင်းကိုတော့ JMC ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S )ထဲကိုရောက်သွားတော့JMC ကျပြန်တော့လည်း ခုနပြောတဲ့တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲတွေလည်းမရှိတော့ JMC ကလည်းသူမှာဘာကိုစောင့်ကြည့်ရမှန်းမသိ ဆွေးနွေးတာ တိကျတဲ့အဖြေမရှိဘူးဖြစ်နေတာပေါ့ဒါကြောင့်လစ်ဟာနေတဲ့လုပ်ငန်းတွေကိုလည်းကျနော်တို့ထောက်ပြချင်တာပေါ့နော်"

တပ်မတော်ဘက်က ဒေသဖွံဖြိုးရေးလို့ဆိုပြီး လမ်းဖောက်လုပ်သလို ကေအန်ယူဘက်ကလည်း ဒါဟာ စစ်ရေးပြင်ဆင်မူလုပ်တာလို့ စွပ်စွဲပြီးတော့ ကေအန်ယူတပ်မဟာတွေနဲ့မြန်မာတပ်မတော်တို့ထိတွေ့ ပစ်ခတ်မူတွေ မကြာခနဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းကဆိုရ်င ဖာပွန်ခရိုင်ထဲမှာ နှစ်ဘက်ကြား စစ်ရေးတင်းမာမှုတွေ ပိုဖြစ်ခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ကေအန်ယူတို့ဟာ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြိး ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူရပ်စဲရေးသဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG