သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၁ သိန်း ၇ သောင်းကျော်ရှိကြောင်း KHRG ခန့်မှန်း 


ကရင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၁ သိန်း ၇ သောင်းကျော်ရှိကြောင်း KHRG ခန့်မှန်း
ကရင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၁ သိန်း ၇ သောင်းကျော်ရှိကြောင်း KHRG ခန့်မှန်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ ကရင်ပြည်နယ်မှာ ဒုက္ခသည် ၁ သိန်း ၇ သောင်းကျော် ရှိနေပြီလို့ ကရင်လူ့အခွင့်ရေးအဖွဲ့KHRG ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပိ့ုထားပါတယ် ။ 


ကရင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၁ သိန်း ၇ သောင်းကျော်ရှိကြောင်း KHRG ခန့်မှန်း

{{Zawgyi/Unicode}}မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ ကရင်ပြည်နယ်မှာ ဒုက္ခသည် ၁ သိန်း ၇ သောင်းကျော် ရှိနေပြီလို့ ကရင်လူ့အခွင့်ရေးအဖွဲ့KHRG ကပြောပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေး (KNU) အပါအဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေကြားမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေကို အဓမ္မခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အသုံးချတာတွေ ရှိနေတယ်လို့လည်း KHRG ကစွပ်စွဲထားတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပိ့ုထားပါတယ် ။

မြန်မာနိုင်ငံမှာ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှ ာစစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်လာတာပါ ။ KNU ထိမ်းချုပ်ရာ တပ်မဟာ(၇)ခုထဲက တပ်မဟာ(၃)ခုလောက်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မူတွေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်မူတွေကြောင့် စစ်ဘေးရှောင်တဲ့ လူဦးရေတိုးလာပြီး အခုဆိုရင် ကရင်ပြည်နယ်တခုလုံးမှာ ပြည်တွင်းအိုးအိမ်မဲ့ စစ်ဘေးဒုက္ခသည်ပေါင်း တသိန်း ခုနှစ်သောင်းလောက်ရှိပြီလို့ ကရင်လူ့အခွင့်ရေးအဖွဲ့KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပါတယ်။

"အခုလက်ရှိမှာ တပ်မဟာ(၇)ခုလုံးမှာဆိုရင် ခန့်မှန်းချေအရ ဆိုရင် တသိန်း ၇သာင်း အထက်မှာရှိတယ်လို့ ခန့်မှန်းရတယ်။ အထူးသဖြင့် တပ်မဟာ(၁) (၅)နဲ့ (၆)မှာက စစ်ရေးက အရမ်းပြင်းထန်နေတယ်။အဲဒီအပေါ်မှာ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်(IDPs)ကတအားတိုးလာတယ် ။ တပ်မဟာ(၁)မှာကော တပ်မဟာ(၆)မှာကော စစ်ကောင်စီဘက်ကနေ ဒေသခံတွေကို အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားတာရှိတယ်။ သူတို့က နာမကျန်းတဲ့သူတွေကိုလည်း မခွဲခြားဘူး။ အကုန်ဖမ်းတာပဲ။ တပ်မဟာ(၆)မှာတော့ ပေါတာအဖြစ် ဖမ်းသွားတာရှိတယ်။ လူသာဒိုင်းအတွက်အသုံးပြုတာရှိတယ် "

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်နဲ့အနီးတဝိုက်ကျေးရွာတွေက လူထု ၃သောင်းထက်မနည်းဟာ စစ်ဘေးဒုက္ခသည်တွေအဖြစ် သောင်ရင်းမြစ်တလျောက်နဲ့ တောတောင်တွေထဲမှာ နေထိုင်နေရပါတယ်။ ကျေးရွာတွေမှာ လက်နက်ကြီးတွေကျလို့ အိမ်တွေပျက်ဆီးတာ မီးလောင်တာတွေရှိနေသလို အရပ်သားတွေသေဆုံးဒဏ်ရာရသူတွေလည်းရှိနေတာပါ။ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေမှာတပ်စွဲနေရာယူထားပြီး ရွာသားတွေကိုဖမ်းဆီးနေတာကြောင့် နေရပ်မပြန်ရဲဘူးလို့လည်း လေးကေ့ကော်က ဒုက္ခသည်တဦးကပြောပြပါတယ်

"ရွာထဲမှာလူတွေပေးမဝင်ဘူး။ မဲ့ထော်သလေးနဲ့ လေးကေ့ကော်ဘက်မှ ာအဝင်ပေါက်တွေလမ်းတွေမှာ ကိုသူတို့ဂိတ်ချထားတယ်။ ဘေးမှာလည်းဝင်တဲ့လမ်းတွေရှိတယ်။ ရွာသားတွေကတော့ ဘယ်နေရာသွားသွားရတယ်။ သွားတတ်တယ်။ အဲဒီအပေါက်တွေကို အားလုံးလုံး သူတို့ကင်းချထားတယ်လေ။ ကင်းချထားတော့ ပြန်မရဲဘူးလေ။ ကြောက်တယ်လေ။ ဖုန်းတွေစစ်လို့ လက်သုံးချောင်းနဲ့ပုံတွေ့တာနဲ့ မျက်နှာအုပ်ပြီးကားပေါ်ကိုခေါ်သွားတယ်။ ထိုင်းဘက်ကမ်းမှာလည်း နေလို့မရ။ ဟိုဘက်ကမ်းမှာပဲကျမတို့နေနေရတယ်။ ကြောက်ကြောက်လန့်လန့်ကြီးနဲ့ကျမတို့မှာ"

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) ထိမ်းချုပ်ရာ သထုံခရိုင် ဘီးလင်းမြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူ့တွေကြောင့် မတ်လ၂၃ရက်နေ့ကစပြီး တပတ်အတွင်း စစ်ဘေးရှောင်တဲ့ ဒုက္ခသည်တသောင်းလောက်ထွက်ပြေးနေရပါတယ်။ တပ်မဟာ(၅)ထိမ်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာတော့ စစ်ကောင်စီရဲ့ကျောက်ညှပ်စခန်းကို ကေအန်ယူက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က တနေ့တည်း ၁၀ကြိမ်လောက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတွေရှိတဲ့အတွက် ဒေသခံတွေဟာ ကျေးရွာတွေမှ ာမနေရဲတော့ပဲ စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းလူအခွင့်ရေးအဖွဲ့အစည်းတွေကပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

....................................................



{{Zawgyi/Unicode}}






XS
SM
MD
LG