သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တိုက္ပြဲျပင္းထန္ေနတဲ့ မြန္ျပည္နယ္ ဘီလင္း ေဒသခံ ၇,၀၀၀ တိမ္းေရွာင္ထြက္ေျပး


Zawgyi/Unicode

မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ထဲက ေကအန္ယူ ထိမ္းခ်ဳပ္တဲ့ ေနရာေဒသမွာရွိတဲ့ ေက်း႐ြာ ၉ ႐ြာကို စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ေဒသခံေတြ ထိခိုက္ဒဏ္ရရၿပီး ေဒသခံ ၇,၀၀၀ ေလာက္ ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႔ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးက ဧၿပီလ၂၅ ရက္ေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ(၁) သထုံခ႐ိုင္အတြင္းက ဘီးလင္းၿမိဳ႕နယ္ ထဲမွာ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA ၊ ကရင္အမ်ိဳးသား ကာကြယ္ေရးတပ္ KNDOနဲ႔ စစ္ေကာင္စီတပ္နဲ႔ နယ္ျခားေစာင့္တပ္ BGF တို႔ ႏွစ္ဖက္တိုက္ပြဲ ျပင္းထန္ေနတာပါ ႏွစ္ဖက္တိုက္ပြဲေတြ အတြင္း စစ္ေကာင္စီဘက္က ေက်း႐ြာေတြဘက္ကို လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ေကအန္ယူက ဆိုပါတယ္။ ဒီအတြက္ ဘီလင္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြထဲကို လက္နက္ႀကီး က်ည္ဆံေတြ က်ေရာက္တာေၾကာင့္ ျပည္သူေတြ ထိခိုက္ဒဏ္ရာရသလို အိမ္ေတြလည္း ပ်က္ဆီးခဲ့ပါတယ္။ ဧၿပီလ ၂၃ ရက္ေန႔က စၿပီး တိုက္ပြဲေတြျပင္းထန္တဲ့အတြက္ ေက်း႐ြာေပါင္း ၉ ႐ြာေလာက္က ေဒသခံျပည္သူ ၇,၀၀၀ ေလာက္ဟာ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ ကရင္အမ်ိဳးသား အစည္းအ႐ုံးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး ႏိုင္ငံျခားေရးတာဝန္ခံ ဖဒိုေစာေတာနီးကေတာ့ စစ္ေကာင္စီတပ္ေတြအေနနဲ႔ ျပည္သူေတြေနထိုင္ေနတဲ့ ႐ြာေတြကို ပစ္မွတ္ထား လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ေျပာပါတယ္။

“ တိုက္ပြဲျဖစ္တာထက္ လက္နက္ႀကီးနဲ႔ ရမ္းသမ္းပစ္ခတ္ေနေတာ့ မလြတ္မကင္းျဖစ္ေနတဲ့သူေတြက လြတ္ကင္းတဲ့ေနရာကိုေ႐ႊ႕ရတာ ရွိပါတယ္။ ဒါေပမဲ့ ဒါက လုံးဝလက္မခံႏိုင္တဲ့ အပိုင္း ရွိပါတယ္။ အျငင္းပြားတာျဖစ္ျဖစ္ ၊ စစ္ေျမျပင္မွာ တိုက္တာျဖစ္ျဖစ္ မဆန္းေပမယ့္ အရပ္သားေတြကို ပစ္မွတ္လုပ္တာကေတာ့ လုံး၀ မသင့္ေတာ္ပါဘူး။”

ဘီလင္းၿမိဳ႕နယ္ထဲက ေထာင္နဲ႔ခ်ီရွိတဲ့ ျပည္သူေတြဟာ လက္နက္ႀကီး က်ည္ဆံေတြနဲ႔ လြတ္ႏိုင္မယ့္ေနရာေတြကို ဧၿပီလ ၂၅ ရက္ေန႔ထိ ထြက္ေျပးတိမ္းေရွာင္ေနဆဲ ျဖစ္တယ္လို႔လည္း ကရင္သတင္းစဥ္က တာဝန္ခံ အယ္ဒီတာ ေစာသိန္းျမင့ ္ကလည္း ေျပာပါတယ္။

“ သထုံခ႐ိုင္ ဘီးလင္းၿမိဳ႕နယ္ဘက္ကေတာ့ ၂၃ရက္ေန႔ က စၿပီး အခုခ်ိန္ထိ တိုက္ပြဲေတြ ျပင္းထန္သထက္ ျပင္းထန္လာတယ္။ ပစ္ခတ္မူေတြလည္း အေတာ္မ်ားမ်ားရွိတယ္။ လက္နက္ႀကီးေတြေၾကာင့္ေထာင္နဲ႔ခ်ီၿပီး လူေတြက တိမ္းေရွာင္ေနရတယ္။ တိမ္းေရွာင္ေနတဲ့ ေနရာေတြကေတာ့ ႐ြာအနီးအနားမွာရွိတဲ့ ေက်ာက္ဂူေတြ လႈိဏ္ဂူေတြနားကို ခိုကပ္ၿပီး တိမ္းေရွာင္ေနရတယ္။ အေျမႇာက္ေတြနဲ႔ လွမ္းထုတဲ့ အတြက္ ႐ြာသားေတြကေတာ့ လက္နက္ႀကီးနဲ႔ လြတ္ႏိုင္မယ့္ေနရာေတြကို သူတို႔ တိမ္းေရွာင္ေနရတာေပါ့ေလ။”

KNU ထိန္းခ်ဳပ္ရာ ဘီးလင္းၿမိဳ႕နယ္၊ ဝင္းတာပန္ေက်းနယ္၊ ျမစ္က်ိဳးေက်းနယ္အတြင္းမွာရွိတဲ့ ေက်း႐ြာေပါင္း (၉)႐ြာက လူဦးေရ (၇၀၀၀)နီးပါး ဟာေနရပ္စြန႔္ခြာကာ ေဘးလြတ္ရာေနရာမ်ားကို ထြက္ေျပးတိမ္းေရွာင္ေနရၿပီး ဆန္၊ ေဆးဝါးနဲ႔ အေျခခံ အစားအေသာက္မ်ား လိုအပ္ေနေၾကာင္း စစ္ေဘးေရွာင္ေတြကို အကူညီေပးေနသူေတြကလည္းေျပာပါတယ္။

ဘီးလင္းၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ စစ္ေကာင္စီရဲ႕ တပ္စခန္း၂ခုျဖစ္တဲ့ ေလးေကနဲ႔ ဝင္းတာပန္ စခန္းေတြကို ၃ ရက္အတြင္း ဖယ္ရွားေပးဖို႔ ေကအန္ယူ တပ္မဟာ(၁)နယ္ေျမမွာ အေျခစိုက္ထားတဲ့ ကရင္အမ်ိဳသား ကာကြယ္ေရးတပ္ KNDO ကဧၿပီလ ၂၀ရက္ေန႔က သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ စစ္ေကာင္စီဘက္က ဖယ္ရွားတာမ်ိဳး မရွိခဲ့တာေၾကာင့္ ႏွစ္ဖက္ စစ္ေရးတင္းမာမူေတြ ျဖစ္လာၿပီး ဧၿပီလ ၂၃ရက္ေန႔ကစၿပီး တိုက္ပြဲေတြ ျပင္းထန္လာပါတယ္။ ဒီအတြက္ အဲဒီေဒသဘက္မွာ ၃ ရက္အတြင္း စစ္ေဘးေရွာင္သူ ၇,၀၀0 ေလာက္ထိ ရွိလာပါတယ္။

တိုက္႐ိုက္ လင့္ခ္

##Unicode

တိုက်ပွဲပြင်းထန်နေတဲ့ မွန်ပြည်နယ် ဘီလင်း ဒေသခံ ၇,၀၀၀ တိမ်းရှောင်ထွက်ပြေး


မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကေအန်ယူ ထိမ်းချုပ်တဲ့ နေရာဒေသမှာရှိတဲ့ ကျေးရွာ ၉ ရွာကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရရပြီး ဒေသခံ ၇,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ဧပြီလ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်အတွင်းက ဘီးလင်းမြို့နယ် ထဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDOနဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ နှစ်ဖက်တိုက်ပွဲတွေ အတွင်း စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူက ဆိုပါတယ်။ ဒီအတွက် ဘီလင်းမြို့နယ်ထဲက ကျေးရွာတွေထဲကို လက်နက်ကြီး ကျည်ဆံတွေ ကျရောက်တာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရသလို အိမ်တွေလည်း ပျက်ဆီးခဲ့ပါတယ်။ ဧပြီလ ၂၃ ရက်နေ့က စပြီး တိုက်ပွဲတွေပြင်းထန်တဲ့အတွက် ကျေးရွာပေါင်း ၉ ရွာလောက်က ဒေသခံပြည်သူ ၇,၀၀၀ လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး နိုင်ငံခြားရေးတာဝန်ခံ ဖဒိုစောတောနီးကတော့ စစ်ကောင်စီတပ်တွေအနေနဲ့ ပြည်သူတွေနေထိုင်နေတဲ့ ရွာတွေကို ပစ်မှတ်ထား လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“ တိုက်ပွဲဖြစ်တာထက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတော့ မလွတ်မကင်းဖြစ်နေတဲ့သူတွေက လွတ်ကင်းတဲ့နေရာကိုရွှေ့ရတာ ရှိပါတယ်။ ဒါပေမဲ့ ဒါက လုံးဝလက်မခံနိုင်တဲ့ အပိုင်း ရှိပါတယ်။ အငြင်းပွားတာဖြစ်ဖြစ် ၊ စစ်မြေပြင်မှာ တိုက်တာဖြစ်ဖြစ် မဆန်းပေမယ့် အရပ်သားတွေကို ပစ်မှတ်လုပ်တာကတော့ လုံး၀ မသင့်တော်ပါဘူး။”

ဘီလင်းမြို့နယ်ထဲက ထောင်နဲ့ချီရှိတဲ့ ပြည်သူတွေဟာ လက်နက်ကြီး ကျည်ဆံတွေနဲ့ လွတ်နိုင်မယ့်နေရာတွေကို ဧပြီလ ၂၅ ရက်နေ့ထိ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်တယ်လို့လည်း ကရင်သတင်းစဉ်က တာဝန်ခံ အယ်ဒီတာ စောသိန်းမြင့ ်ကလည်း ပြောပါတယ်။

“ သထုံခရိုင် ဘီးလင်းမြို့နယ်ဘက်ကတော့ ၂၃ရက်နေ့ က စပြီး အခုချိန်ထိ တိုက်ပွဲတွေ ပြင်းထန်သထက် ပြင်းထန်လာတယ်။ ပစ်ခတ်မူတွေလည်း အတော်များများရှိတယ်။ လက်နက်ကြီးတွေကြောင့်ထောင်နဲ့ချီပြီး လူတွေက တိမ်းရှောင်နေရတယ်။ တိမ်းရှောင်နေတဲ့ နေရာတွေကတော့ ရွာအနီးအနားမှာရှိတဲ့ ကျောက်ဂူတွေ လှိုဏ်ဂူတွေနားကို ခိုကပ်ပြီး တိမ်းရှောင်နေရတယ်။ အမြှောက်တွေနဲ့ လှမ်းထုတဲ့ အတွက် ရွာသားတွေကတော့ လက်နက်ကြီးနဲ့ လွတ်နိုင်မယ့်နေရာတွေကို သူတို့ တိမ်းရှောင်နေရတာပေါ့လေ။”

KNU ထိန်းချုပ်ရာ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးနယ်၊ မြစ်ကျိုးကျေးနယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း (၉)ရွာက လူဦးရေ (၇၀၀၀)နီးပါး ဟာနေရပ်စွန့်ခွာကာ ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဆန်၊ ဆေးဝါးနဲ့ အခြေခံ အစားအသောက်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကလည်းပြောပါတယ်။

ဘီးလင်းမြို့နယ် အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း၂ခုဖြစ်တဲ့ လေးကေနဲ့ ဝင်းတာပန် စခန်းတွေကို ၃ ရက်အတွင်း ဖယ်ရှားပေးဖို့ ကေအန်ယူ တပ်မဟာ(၁)နယ်မြေမှာ အခြေစိုက်ထားတဲ့ ကရင်အမျိုသား ကာကွယ်ရေးတပ် KNDO ကဧပြီလ ၂၀ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ စစ်ကောင်စီဘက်က ဖယ်ရှားတာမျိုး မရှိခဲ့တာကြောင့် နှစ်ဖက် စစ်ရေးတင်းမာမူတွေ ဖြစ်လာပြီး ဧပြီလ ၂၃ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ ဒီအတွက် အဲဒီဒေသဘက်မှာ ၃ ရက်အတွင်း စစ်ဘေးရှောင်သူ ၇,၀၀0 လောက်ထိ ရှိလာပါတယ်။

XS
SM
MD
LG