သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့က နယ်စပ် ချစ်ကြည်ရေးတံတားအနီး စနေညမှာ ဗုံးပေါက်


မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် အပျက်အစီးများ။ (ဧပြီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ - CJ)
မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် အပျက်အစီးများ။ (ဧပြီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ - CJ)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့တဖက်ကမ်း ကရင်ပြည်နယ် မြဝတီမြို့က အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ်မှာ ဧပြီလ ၂၃ ရက် ည ၁၀ နာရီကျော်အချိန်က အကြီးစားပေါက်ကွဲမှုဖြစ်ပြီး အဆောက်အဦနဲ့ ကားတွေ ပျက်စီးသွားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့တဖက်ကမ်း ကရင်ပြည်နယ် မြဝတီမြို့က အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ်မှာ ဧပြီလ ၂၃ ရက် ည ၁၀ နာရီကျော်အချိန်က အကြီးစားပေါက်ကွဲမှုဖြစ်ပြီး အဆောက်အဦနဲ့ ကားတွေ ပျက်စီးသွားပါတယ်။ ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် ပေါက်ကွဲသံကို မဲဆောက်ဘက်အထိ ကြားရကြောင်း နယ်စပ်နေ ပြည်သူတဦးက ပြောပြပါတယ်။

“အခုဖြစ်တာက တံတားထိပ် ကျနော်တို့ အမှတ် ၁ တံတားထိပ် ကားဂိုထောင်မှာ ကွဲသွားတာ။ ၁၀ နာရီကျော်ကျော် ထိုင်းစံတော်ချိန် ၂၂ နာရီ ၅၀ ပေါ့။ ကျနော် နာရီလှမ်းကြည့်လိုက်တော့ အုန်းကနဲဆိုပြီး ကွဲသွားတာကို အသံကြားတာ၊ ဒီဘက်ကနေ အသံကျယ်ကျယ်ကို ကြားရတယ်။”

မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတား အနီးမှာ နေထိုင်သူတဦးကတော့ ည ၁၀ နာရီကျော်လောက်မှာ ပေါက်ကွဲသံကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရကြောင်း၊ အပြင်သွားလာလို့ မရတဲ့အတွက် သွားရောက်ကြည့်ရှုလို့တော့ မရကြောင်း ပြောပြပါတယ်။

“ည ၈ နာရီကျော်ရင် အပြင်တွေကလည်း သွားခွင့်မရဘူး။ တနေကုန် မီးပျက်နေတော့ ည ၉ နာရီမှာ မီးကပြန်ပေးတယ်။ ၉ နာရီမှာတေ့ာ ဗရုတ်သုတ်ခ ဖြစ်နေတာပေါ့။ မိသားစုတွေ ချက်ရယ်ပြုတ်ရယ်နဲ့ အလုပ်တွေရှုတ်နေချိန်မှာပေါ့။ မီးလာပြီး တနာရီလောက်မှာပဲ အသံကြားတယ်၊ အိမ်ခေါင်မိုးပါ တုန်သွားတယ်။”

မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် အပျက်အစီးများ။ (ဧပြီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ - CJ)
မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် အပျက်အစီးများ။ (ဧပြီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ - CJ)

မြဝတီမြို့က ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မြဝတီရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်သူတွေရဲ့လက်ချက် ဆိုတာလည်း ထုတ်ဖော်ခြင်း မရှိသေးပါဘူး။ ပေါက်ကွဲမှုကြောင့် အသေအပျောက်နဲ့ ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုလည်း မသိရသေးပါဘူး။

ကရင်ပြည်နယ် မြဝတီမြို့မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ KNDO၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တာ ၄ လကျော်ပြီဖြစ်သလို ဧပြီလ ၂၃ ရက်နေ့မှာလည်း တိုက်ပွဲတွေဖြစ်နေကြောင်း၊ ဒေသခံတွေကတော့ ခရီးသွားလာတဲ့အခါ ထောက်ခံစာတွေနဲ့ သွားလာနေရကြောင်း မြဝတီမြို့ခံက ဆက်ပြောပြပါတယ်။

“လေးကေ့ကော်တဝိုက် ကျောက်ဂူမှာတော့ ဖြစ်နေတယ်။ ကျောက်ဂူတကြောလုံး ဖြစ်နေတယ်။ လေးကေ့ကော်မှာလည်း ဘယ်သူမှ မနေတော့ဘူး။ ဒီဘက်က မေတ္တာလင်းမြိုင်တို့ မဲ့ထော်သလေးရွာတွေဘက်ကတော့ ခံဝန်ချက်နဲ့ လက်မှတ်ထိုးရတယ်။ စာရွက်စာတမ်းတွေနဲ့ သွားလာနေရတယ်။ ကားစိမ်းဆို ပေးမဝင်ဘူး၊ လူစိမ်းဆို ပေးမဝင်ဘူး။”

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ပြီးခဲ့တဲ့နှစ်ကစပြီး မကြာခန ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ မြဝတီမြို့မှာ စစ်ကောင်စီဘက်က တပ်အင်အားတွေလည်း ချထားသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ထက်မနည်း ရှိနေတဲ့ နယ်စပ်မြို့လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)







မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် အပျက်အစီးများ။ (ဧပြီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ - CJ)
မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် အပျက်အစီးများ။ (ဧပြီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ - CJ)





XS
SM
MD
LG