သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုရှိ


မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ ပစ်ခတ်မှုဖြစ်ပွါး (မှတ်တမ်းဓါတ်ပုံ )
မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ ပစ်ခတ်မှုဖြစ်ပွါး (မှတ်တမ်းဓါတ်ပုံ )

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNU) အပါအဝင် လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားရာက အရပ်သား သေဆုံးမှုတွေပါ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကော့ကရိတ်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုရှိ

{{Zawgyi/Unicode}}
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNU) အပါအဝင် လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားရာက အရပ်သား သေဆုံးမှုတွေပါ ရှိနေပါတယ်။ စစ်ရေးတင်းမာမှုတွေကြောင့် ကော့ကရိတ်မြို့မှာ သွားလာမှုတွေကိုလည်း အာဏာပိုင်တွေ အင်္ဂါနေ့ကစ ကန့်သတ်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ကေ့ာကရိတ်မြိုနယ်အတွင်းက ရဲစခန်း၂ခု ပစ်ခတ်ခံရပြီးတဲ့နောက် မြို့အဝင်အထွက်တွေကို စစ်ကောင်စီဘက် က တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားတဲ့ကြားက သြဂုတ်လ ၂၉ရက်နေ့မှာလည်း ပစ်ခတ်မူတွေဖြစ်ခဲ့တာပါ ။ ပစ်ခတ်မူ့အတွင်း လျှပ်စစ်ဝန်ထမ်း၂ဦး သေဆုံးခဲ့ပါတယ် ။ အခုအခါမှတော့ ကော့ကရိတ်မြို့မှာ ည၆နာရီကနေ မနက် ၄နာရီအထိ အိမ်ပြင်ထွက်ခွင့် ပိတ်လိုက်တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ကိုစောမွန်ကပြောပြပါတယ်။

" ဟိုတလောကမြို့ ထဲကိုဝင်ပစ်ပြီးတော့ သူတို့က စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်တယ်။ ထိုးစစ်ဆင်ပြီးမြို့ကို ကာရံထားတယ် ။ ဝင်ပေါက်တပေါက်ပဲ ပေးထားတယ်။ လှိုင်ဝအ၀င်ကို တပေါက်ပဲထားတယ် ။ လမ်းဟောင်းအဝင်ကိုပဲ တပေါက်ပဲထားတယ်။ ကော့ကရိတ်မြို့ မြဝတီတောင်ပေါ်လမ်းလေ အဲဒီမှာတပေါက်ပဲထားတယ် ။ ကော့ကရိတ်မြို့အဝင် လှိုင်ဝရွာဘက်မှာလည်း ဂိတ်ရှိတဲ့အပေါက် တပေါက်ပဲထားတယ် ။ ဒီနေ့ကတော့ အမိန့်အသစ်ထုတ်တယ် ညနေ ၆နာရီကနေ မနက် ၄နာရီထိ မထွက်ဖို့ မာရှယ်လောထုတ်ထားတယ်။ ကော့ကရိတ်မြို့ပေါ်ကိုပေါ့ ။ ကေဘယ်ကြိုးတွေ လာရောက်တပ်ဆင်တဲ့ ဝန်ထမ်းတွေ ပစ်ခတ်ခံရတာနဲ့လည်း ဆက်စပ်တာပေါ့။ မြို့လုံခြုံရေးအတွက် စိုးမိုးမူ့ ရှိအောင်လို့ တင်းကြပ် စီမံဆောင်ရွက်နေတယ်လို့လည်းသိရတယ်။

ကော့ကရိတ်မြို့အတွင်း တိုက်ပွဲတွေဖြစ်တာကြောင့် လျှပ်စစ်မီးတိုင်များ ပျက်စီးမူတွေရှိခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်နေတဲ့ မီးတိုင်များကို လာရောက်ပြင်ဆင်တဲ့ ဝန်ထမ်းတွေလည်း ပစ်ခတ်ခံရတယ်လို့ ကိုစောမွန်ကပြောပါတယ်။

" လုံခြုံရေးတွေနဲ့ လာပြီးတော့ သူတို့က တာဝါတိုင် လျှပ်စစ်ကေဘယ်ကြိုးတွေ လာရောက်တပ်ဆင်နေတယ်လို့ သိရပါတယ်။ ပစ်တာကတော့ လုံခြုံရေးတွေကို အဓိကထားပစ်တာပါပဲ။ ဝန်ထမ်းတွေထိတာကတော့ ဒီဘက်ကလည်း တော်တော်စိတ်မကောင်းဖြစ်ရပါတယ်"

လျှပ်စစ်တာဝါတိုင်များကို လာရောက်ပြင်ဆင်တဲ့ ဝန်ထမ်းတွေနဲ့ အတူပါလာတဲ့ လုံခြုံရေးတပ်ဖွဲတွေနဲ့ ပူးပေါင်းတပ်ဖွဲတွေကြား သြဂုတ်လ ၂၉ ရက်နေ့က ကော့နွဲ့ရွာအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်

" ကော့ကရိတ် ၊ ကျိုက်ဒုံလမ်း တောက်လျှောက်ကတော့ ဟိုဘက်ဖြစ်လိုက် ဒီဘက်ဖြစ်လိုက်နဲ့ အံဖကြီး အံဖလေးတို့ဘက်မှာလည်း မကြာမကြာပစ်ခတ်မူဖြစ်တယ်။ လှိုင်ဝဘက်မှာလည်းဖြစ်တယ် "

သေဆုံးသွားတဲ့ လျှပ်စစ်ဝန်ထမ်းတွေကတော့ ပြည်နယ်လျှပ်စစ်ဌာနက ဝန်ထမ်းတွေဖြစ်ပြီး ၂ဦးသေဆုံး၊ ၄ဦးထက်မနည်း ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်းက လျှပ်စစ်တာဝါတိုင် ၂ခု ပျက်စီးနေတဲ့အတွက် ကော့ကရိတ်၊ မြဝတီ ၊ ကျုံဒိုး ဘက် က ကျေးရွာအတော်များများမှာလည်း လျှပ်စစ်မီးများ ပြတ်တောက်နေတာ တပတ်ကျော်ပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

..........................................


{{Zawgyi/Unicode}}








XS
SM
MD
LG