သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖာပြန္ခ႐ိုင္အတြင္း စစ္ေကာင္စီ လက္နက္ႀကီးထိမွန္ၿပီး ကေလးငယ္တဦးေသဆုံး


KNU ထိန္းခ်ဳပ္နယ္ေျမ ဖာပြန္ခ႐ိုင္ မေထာေက်းရြာအုပ္စု၊ တဒြီးခုိရြာမွာ လက္နက္ႀကီးထိမွန္ခဲ့သူ ကေလးတဦး (ေမ ၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ဖာပြန္ခရိုင္ KNU ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ (၅) ထိန္းခ်ဳပ္ရာေဒသအတြင္းက ဒြယ္လိုးၿမိဳ႕နယ္၊ မေထာေက်း႐ြာအုပ္စုအတြင္းရွိ တဒြီးခိုေက်း႐ြာကုိ စစ္ေကာင္စီတပ္ေတြက ၆၀-မမ အေျမာက္လက္နက္ႀကီးေတြ ပစ္ခတ္ခဲ့တာေၾကာင့္ ကေလးတဦးေသျပီး တဦးဒဏ္ရာရခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္ ဧျပီလအထိ ၄ လအတြင္းမွာ ကေလး ၁၄ ဦးေသဆံုးျပီး ကေလး ၄၀ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေႀကာင္း ကရင္လူ့အခြင့္ေရးအဖဲြ ့KHRG ေျပာပါတယ္။ ဒီသတင္းကို ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပုိ့ထားပါတယ္။

ကရင္ျပည္နယ္ ဖာပြန္ခရိုင္ထဲက KNU ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ (၅) ထိန္းခ်ဳပ္ရာေဒသအတြင္း ဒြယ္လိုးၿမိဳ႕နယ္၊ မေထာေက်း႐ြာအုပ္စုကုိ ေမလ (၇) ရက္ေန့က စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးနဲ့ပစ္ခတ္ခဲ့လို႔ အသက္မျပည့္ေသးတဲ့အရပ္သားကေလးတဦး ေသဆံုးျပီး တဦးဒဏ္ရာရခဲ့ေၾကာင္း ကရင္လူ့အခြင့္ေရးအဖဲြ႔ KHRG ရဲ့ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးကေျပာပါတယ္။

“ကေလးေပါ့ေနာ္ ၂ ေယာက္ စလံုး။ ႏွစ္ေယာက္ထိတယ္။ တေယာက္ကေတာ့ ဆံုးသြားတယ္။ စစ္ေကာင္စီ ကူးဆိပ္္ အေျခစိုက္ ခမရ ၄၀၈၊ တပ္ရင္း ၂၀၈ ကေန လက္နက္ႀကီးနဲ့လွမ္းပစ္တာေပါ့။ လက္နက္ႀကီးေလးလံုးပစ္တာ ေဒသခံေတြရဲ႕ကေလး၂ ေယာက္။ တဦးက ၁၆ ႏွစ္။ တဦးက ၁၂ ေပ့ါ။ ဗုိက္ကိုထိျပီး အငယ္မေလးကေတာ့ ဒဏ္ရာပုိျပင္းေတာ့ ႀကိဳးစားကုသေပမယ့္ ေနာက္ရက္မွာဆံုးသြားတယ္။ ကေလးသူငယ္ေတြ ထိခိုက္ဒဏ္ရာရ ေသဆံုးမႈကေတာ့ ဧျပီလအထိကေတာ့ ေသဆံုးသူကေလး ၁၄ ေယာက္ရွိတယ္။ ဒဏ္ရာရသူအေယာက္ ၄၀ ေက်ာ္ရွိတယ္။ ဒီလအတြင္းျဖစ္စဥ္နဲ့ဆုိ အေရအတြက္ပိုမ်ားလာတာေပါ့။”

စစ္ေကာင္စီဘက္က ေဒသခံေက်းရြာေတြကို လက္နက္ႀကီးနဲ့ပစ္ခတ္တာ၊ ေလေၾကာင္းကေန ဗံုးႀကဲတုိက္ခို္က္တာေတြဟာ လူ့အခြင့္ေရးခ်ိဳးေဖာက္တာျဖစ္ေၾကာင္းေျပာဆုိပါတယ္။

“ျပည္သူလူထုကို ရည္ရြယ္ခ်က္ရွိရွိနဲ့ လက္နက္ႀကီးနဲ့ပစ္တာရွိတယ္။ ရမ္းသမ္းပစ္ခတ္မႈေတြရွိတယ္။ အဲဒီလို ပစ္ခတ္မႈကေတာ့ အႀကီးမားဆံုး လူ့အခြင့္ေရးခ်ိဳးေဖာက္မႈနဲ့ ျပည္သူလူထု အသက္ေဘးအႏၱရာယ္ ေဘးကင္းလံုျခံဳမႈ အခြင့္ေရးကို ခ်ိဳးေဖာက္ခံေနရတာေပါ့။ ေန႔စဥ္ဘဝမွာလည္း ေဆာက္တည္ရာမဲ့ေနေနရတာေပါ့။”

စစ္ေကာင္စီတပ္ေတြအေနနဲ့ KNU တပ္မဟာ (၅) ထိန္းခ်ဳပ္ရာေဒသတြင္းမွာ သူတို့ရဲ႕ အေျခစိုက္တပ္စခန္းေတြအတြက္ စားနပ္ရိကၡာနဲ့ လက္နက္ခဲယမ္းေတြကို ပုိ့ေဆာင္ေနတာပါ။

အဲဒီလို ပုိ့ေဆာင္ေနစဥ္အတြင္းမွာ KNU တပ္ေတြနဲ့ထိေတြ႔ပစ္ခတ္မႈေတြရွိေနျပီး အဲဒီေဒသတြင္းက သူတို့ ရိကၡာသယ္တဲ့လမ္းေၾကာင္းနဲ့နီးတဲ့ ကတိုင္ထိနဲ့ ကူးဆိ္ပ္ကားလမ္းမတေလွ်ာက္က ေက်းရြာေတြကုိ အဓိက ထားပစ္ခတ္မႈေတြလုပ္ခဲ့တယ္လို့လည္း ေဒသခံေတြကဆုိပါတယ္။ ျပီးခဲ့တဲ့ဧျပီလအတြင္းမွာေတာ့ KNU တပ္မဟာ (၅) ထိန္းခ်ဳပ္ရာေဒသအတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ့ KNU ပူးေပါင္းတပ္ဖဲြေတြၾကား တိုက္ပဲြေပါင္း ၃၈၀ ေက်ာ္ျဖစ္ပြားခဲ့တယ္လို့ တပ္မဟာ (၅) ဘက္က လခ်ဳပ္စာရင္းထုတ္ျပန္ခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]


ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီ လက်နက်ကြီးထိမှန်ပြီး ကလေးငယ်တဦးသေဆုံး


ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) ထိန်းချုပ်ရာဒေသအတွင်းက ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းရှိ တဒွီးခိုကျေးရွာကို စစ်ကောင်စီတပ်တွေက ၆၀-မမ အမြောက်လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ကလေးတဦးသေပြီး တဦးဒဏ်ရာရခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလအထိ ၄ လအတွင်းမှာ ကလေး ၁၄ ဦးသေဆုံးပြီး ကလေး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်ရေးအဖွဲ့KHRG ပြောပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) ထိန်းချုပ်ရာဒေသအတွင်း ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုကို မေလ (၇) ရက်နေ့က စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အသက်မပြည့်သေးတဲ့အရပ်သားကလေးတဦး သေဆုံးပြီး တဦးဒဏ်ရာရခဲ့ကြောင်း ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG ရဲ့ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပါတယ်။

“ကလေးပေါ့နော် ၂ ယောက် စလုံး။ နှစ်ယောက်ထိတယ်။ တယောက်ကတော့ ဆုံးသွားတယ်။ စစ်ကောင်စီ ကူးဆိပ် အခြေစိုက် ခမရ ၄၀၈၊ တပ်ရင်း ၂၀၈ ကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာပေါ့။ လက်နက်ကြီးလေးလုံးပစ်တာ ဒေသခံတွေရဲ့ကလေး၂ ယောက်။ တဦးက ၁၆ နှစ်။ တဦးက ၁၂ ပေ့ါ။ ဗိုက်ကိုထိပြီး အငယ်မလေးကတော့ ဒဏ်ရာပိုပြင်းတော့ ကြိုးစားကုသပေမယ့် နောက်ရက်မှာဆုံးသွားတယ်။ ကလေးသူငယ်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုကတော့ ဧပြီလအထိကတော့ သေဆုံးသူကလေး ၁၄ ယောက်ရှိတယ်။ ဒဏ်ရာရသူအယောက် ၄၀ ကျော်ရှိတယ်။ ဒီလအတွင်းဖြစ်စဉ်နဲ့ဆို အရေအတွက်ပိုများလာတာပေါ့။”

စစ်ကောင်စီဘက်က ဒေသခံကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေဟာ လူ့အခွင့်ရေးချိုးဖောက်တာဖြစ်ကြောင်းပြောဆိုပါတယ်။

“ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးနဲ့ပစ်တာရှိတယ်။ ရမ်းသမ်းပစ်ခတ်မှုတွေရှိတယ်။ အဲဒီလို ပစ်ခတ်မှုကတော့ အကြီးမားဆုံး လူ့အခွင့်ရေးချိုးဖောက်မှုနဲ့ ပြည်သူလူထု အသက်ဘေးအန္တရာယ် ဘေးကင်းလုံခြုံမှု အခွင့်ရေးကို ချိုးဖောက်ခံနေရတာပေါ့။ နေ့စဉ်ဘဝမှာလည်း ဆောက်တည်ရာမဲ့နေနေရတာပေါ့။”

စစ်ကောင်စီတပ်တွေအနေနဲ့ KNU တပ်မဟာ (၅) ထိန်းချုပ်ရာဒေသတွင်းမှာ သူတို့ရဲ့ အခြေစိုက်တပ်စခန်းတွေအတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ပို့ဆောင်နေတာပါ။

အဲဒီလို ပို့ဆောင်နေစဉ်အတွင်းမှာ KNU တပ်တွေနဲ့ထိတွေ့ပစ်ခတ်မှုတွေရှိနေပြီး အဲဒီဒေသတွင်းက သူတို့ ရိက္ခာသယ်တဲ့လမ်းကြောင်းနဲ့နီးတဲ့ ကတိုင်ထိနဲ့ ကူးဆိပ်ကားလမ်းမတလျှောက်က ကျေးရွာတွေကို အဓိက ထားပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ ပြီးခဲ့တဲ့ဧပြီလအတွင်းမှာတော့ KNU တပ်မဟာ (၅) ထိန်းချုပ်ရာဒေသအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNU ပူးပေါင်းတပ်ဖွဲတွေကြား တိုက်ပွဲပေါင်း ၃၈၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ (၅) ဘက်က လချုပ်စာရင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။

==============

XS
SM
MD
LG