သုံးရလွယ်ကူစေသည့် Link များ

ပူးတွဲစက်မှုဇုံအရေး ကိုးရီးယားနှစ်နိုင်ငံဆွေးနွေး

  • ဗွီအိုအေ (မြန်မာဌာန)

မြောက်ကိုရီးယားရဲ့ ကေဆောင်းစက်မှုဇုံ အ၀င်ဂိတ်။
တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုတွေရှိခဲ့တဲ့ ဧပြီလကတည်းက ပိတ်ထားတဲ့ စက်မှုဇုံကို ပြန်ဖွင့်နိုင်ရေးအတွက် နှစ်နိုင်ငံက
ကိုယ်စားလှယ်တွေဟာ စတင်ဆွေးနွေးနေကြပါပြီ။ နှစ်နိုင်ငံကြားကစစ်မဲ့ဇုံအဖြစ် သတ်မှတ်ထားတဲ့ Panmunjom မြို့မှာ ဒီကနေ့ စနေနေ့မှာ လုပ်ငန်း အကောင်အထည်ဖော်ရေး ဆွေးနွေးမှုတွေကို စတင်ခဲ့တာဖြစ်ပါတယ်။

စက်မှုဇုံထဲမှာရှိတဲ့ စက်ကိရိယာတွေကိုစစ်ဆေးဖို့ တောင်ကိုရီးယား စီးပွားရေးသမားတွေကို မြောက်ကိုရီးယားအစိုးရက ခွင့်ပြုတယ်လို့
တောင်ကိုရီးယားက ပြောခဲ့ပါတယ်၊။ ကုမ္ပဏီတွေအနေနဲ့ မိုးရာသီကာလမှာ သူတို့ရဲ့ စက်ကိရိယာတွေ ပျက်စီးမသွားအောင် ကာကွယ်လိုတယ် လို့ ကေဆောင်း (Kaesong) စက်မှုဇုံရဲ့ Corporate အသင်းအဖွဲ့ပြောခွင့်ရသူ Yoo Chang-guen က ဗွီအိုအေ ကိုပြောပါတယ်။

Kaesong စက်မှုဇုံဟာ မြောက်ကိုရီးယားတို့ ဝင်ငွေရရှိရေးအတွက် အရေးပါသလို ကိုရီးယား နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ထဲက နောက်ဆုံး ကျန်ရှိနေတဲ့ ဥပမာတခုလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား ကုမ္ပဏီတွေက လုပ်အားခ သက်သက်သာသာ နဲ့ မြောက်ကိုရီးယားလုပ်အားတွေ သုံးပြီး ကုန်ထုတ်လုပ်နေတဲ့ Kaesong စက်မှုဇုံထဲကို တောင်ကိုရီးယားတွေလာခွင့် ဧပြီလကတည်းက မြောက်ကိုရီးယား ဘက်က ပိတ်ခဲ့သလို မြောက်ကိုရီးယား အလုပ်သမားတွေကိုလည်း ပြန်ခိုင်းခဲ့ တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG