သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သည်ရုပ်အလောင်းပြန်သယ်ရေး မြောက်ကိုရီယားနဲ့ကန် စစ်ဗိုလ်ချုပ်တွေ တွေ့ဆုံ


ကိုရီယားစစ်ပွဲအတွင်း ကျန်ရစ်တဲ့ အမေရိကန်စစ်သည်ရုပ်အလောင်းတွေ နေရပ်ပြန်ယူရေးအစီအစဉ်ကို ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားက ဗိုလ်ချုပ်ကြီးတွေ တွေ့ဆုံပါတယ်။

အမေရိကန်လေတပ်ဗိုလ်ချုပ် Michael Minihan ဟာ မြောက်ကိုရီယားက ဗိုလ်ချုပ်ကြီးတဦးနဲ့ စစ်မဲ့ဇုံက Panmunjom ကျေးရွာမှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့တယ်လို့ ကိုရီးယားသတင်းရင်းမြစ်တွေအရ သိရပါတယ်။

ဒါဟာဆိုရင် ၉နှစ်ကျော်ကာလအတွင်း နှစ်ဖက် စစ်ဗိုလ်ချုပ်ကြီးတွေ ပထမဆုံးပြန်လည်တွေ့ဆုံဖြစ်ခြင်းပါ။ အမေရိကန်စစ်သည်ရုပ်အလောင်းတွေ ပြန်လည်သယ်ယူရေးကိစ္စဟာ ပြီးခဲ့တဲ့လက သမ္မတ Trump နဲ့ မြောက်ကိုရီယားခေါင်းဆောင် ကင်တို့အကြား စင်ကာပူထိပ်သီးဆွေးနွေးမှုအတွင်း ဆွေးနွေးတဲ့အကြောင်းအရာတခုဖြစ်ခဲ့ပါတယ်။

ရုပ်အလောင်းတွေ ပြန်သယ်ဖို့အတွက် အမေရိကန်ဖက်က ရုပ်အလောင်းထည့်ဖို့ အခေါင်း ၁၀၀ စစ်မဲ့ဇုံကို ပို့ထားတယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG