သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနိုင်ငံထဲ အညစ်အကြေးပါတဲ့ မိုးပျံပူဖောင်းတွေ မြောက်ကိုရီးယားလွှတ်တင် 


တောင်ကိုရီးယားနိုင်ငံထဲရောက်လာတဲ့ မြောက်ကိုရီယားမိုးပျံပူဖောင်း (မေ ၂၉၊ ၂၀၂၄)
တောင်ကိုရီးယားနိုင်ငံထဲရောက်လာတဲ့ မြောက်ကိုရီယားမိုးပျံပူဖောင်း (မေ ၂၉၊ ၂၀၂၄)

မစင်တွေနဲ့ အမှိုက်တွေထည့်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံက မိုးပျံပူဖောင်းတွေ ဒီနေ့မှာပဲ တောင်ကိုရီးယားနိုင်ငံက လူစည်ကားတဲ့လမ်းတွေ၊ လူနေအိမ်တွေရှေ့မှာ ကျဲချခဲ့တယ်လို့ တောင်ကိုရီးယား ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစစ်တပ်တွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို ဖြစ်ရပ် ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မိုးပျံပူဖောင်း အများအပြား ဝင်ရောက်လာတာကို ထောက်လှမ်းသိရှိခဲ့ရပြီး ဒီအထဲမှာ တချို့ကအညစ်အကြေးနဲ့ အမှိုက်တွေ ပါလာတာဖြစ်ပြီး၊ ဒါဟာ မြောက်ကိုရီးယားရဲ့ လူမဆန်တဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။

တောင်ကိုရီးယား Yonhap သတင်းဌာနကတော့ မိုးပျံပူဖောင်းပေါင်း ၂၀၀ ကျော်ကို တွေ့ရှိခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဆိုပါတယ်။ အတည်ပြုဖို့ ခက်ခဲပေမဲ့ အရောင်နဲ့ အနံ့ဆိုးတွေကြောင့် မစင်တွေလို့ ယူဆရတဲ့ အရာတွေပါတဲ့ မိုးပျံပူဖောင်းတွေပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံထဲရောက်လာတဲ့ မြောက်ကိုရီယားမိုးပျံပူဖောင်း (မေ ၂၉၊ ၂၀၂၄)
တောင်ကိုရီးယားနိုင်ငံထဲရောက်လာတဲ့ မြောက်ကိုရီယားမိုးပျံပူဖောင်း (မေ ၂၉၊ ၂၀၂၄)

အခြားမီဒီယာတွေမှာတော့ မိုးပျံပူဖောင်းတွေဟာ တောင်ကိုးရီးယားရဲ့ တောင်ဘက်စွန်းအနီး Jeolla ပြည်နယ်မှာ တွေ့ခဲ့ရပြီး၊ တနိုင်ငံလုံးကို ပျံ့နှံ့သွားပြီလို့ ဖော်ပြကြပါတယ်။ တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အညိုရောင် ပစ္စည်းတွေနဲ့ ရောနှောထားတဲ့ အမှိုက်မျိုးစုံဟာ မြို့တော် ဆိုးလ် အပါအဝင် လမ်းမတွေပေါ်မှာ ပြန့်ကျဲနေတာကို တွေ့ရပါတယ်။ ဓာတ်ပုံတပုံမှာတော့ ပါးလွှာတဲ့ ပလပ်စတစ်ပူဖောင်းတွေကို ဖောက်ထုတ်ပစ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အီလက်ထရွန်းနစ် ကိရိယာတခုကို တပ်ဆင်ထားတာလည်း တွေ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံထဲရောက်လာတဲ့ မြောက်ကိုရီယားမိုးပျံပူဖောင်း (မေ ၂၉၊ ၂၀၂၄)
တောင်ကိုရီးယားနိုင်ငံထဲရောက်လာတဲ့ မြောက်ကိုရီယားမိုးပျံပူဖောင်း (မေ ၂၉၊ ၂၀၂၄)

တောင်ကိုရီးယားစစ်တပ်ကတော့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ကာ အများပြည်သူလုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်တဲ့ လုပ်ရပ်လို့ ပြောပါတယ်။ မိုးပျံပူဖောင်းတွေဟာ လူနေရပ်ကွက်တွေသာမက လေဆိပ်တွေနဲ့ အဝေးပြေးလမ်းတွေပေါ်ကို ကျရောက်နိုင်ပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီဒေသမှာနေထိုင်သူတွေကိုလည်း အပြင်ဘက်မှာ လှုပ်ရှားသွားလာမှုတွေကိုရှောင်ရှားဖို့နဲ့ အန္တရာယ်တစုံတရာရှိပါက ဒေသဆိုင်ရာ အစိုးရတွေထံကို အကြောင်းကြားကြဖို့ အသိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG