သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာဆွေးနွေးဖို့ တောင်ကိုရီးယားနဲ့တရုတ် သဘောတူ

တရုတ်ဝန်ကြီးချုပ် Li Qiang (ဝဲ) နဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol တို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ တွေ့ဆုံမှု။ (မေ ၂၆၊ ၂၀၂၄)
တရုတ်ဝန်ကြီးချုပ် Li Qiang (ဝဲ) နဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol တို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ တွေ့ဆုံမှု။ (မေ ၂၆၊ ၂၀၂၄)

တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံကြား သံတမန်ရေး၊ လုံခြုံရေးနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နဲ့ တရုတ်ဝန်ကြီးချုပ် Li Qiang တို့ မေလ ၂၆ ရက်နေ့မှာ သဘောတူလိုက်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ကြေညာပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida တက်ရောက်မယ့် ၄ နှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲမစခင် တရက်အလိုမှာ အခုလိုသဘောတူလိုက်ကြတာဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့တရုတ် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်တွေကို အပြန်အလှန်လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်သင့်သလို ယူကရိန်း၊ အစ္စရေး-ဟာမတ်စ်စစ်ပွဲနဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအရ စိန်ခေါ်ချက်တွေကိုလည်း လက်တွဲလုပ်ဆောင်ကြဖို့ သမ္မတ Yoon Suk Yeol က တရုတ်ဝန်ကြီးချုပ်ကို ပြောကြားခဲ့ပါတယ်။

စီးပွါးရေးနဲ့ကုန်သွယ်ရေးကိစ္စရပ်တွေကို နိုင်ငံရေး၊ ဒါမှမဟုတ် လုံခြုံရေးကိစ္စရပ်တွေအဖြစ် ပြောင်းမပစ်ဘဲ တည်ငြိမ်တဲ့ထောက်ပို့ကွင်းဆက်တွေအဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်အောင် တရုတ်ဝန်ကြီးချုပ်က တောင်ကိုရီးယားသမ္မတကို ပြောဆိုခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီက ပြောပါတယ်။

၂၀၀၈ ခုနှစ်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ဒီ ၃ နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို နှစ်စဉ်ကျင်းပသွားကြဖို့ စီစဉ်ခဲ့ကြပေမယ့် အပြန်အလှန်အငြင်းပွါးမှုတွေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ နောက်ဆုံးတွေ့ဆုံခဲ့ကြတာပါ။ ခုကျင်းပမယ့် ၃ ပွင့်ဆိုင်ဆွေးနွေးပွဲပြီးရင်တော့ စီးပွါးရေး၊ ကုန်သွယ်ရေး၊ သိပ္ပံနဲ့နည်းပညာ၊ ပြည်သူ့ကျန်းမာရေးနဲ့ တိုးလာတဲ့သက်ကြီးရွယ်အိုလူဦးရေ စတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ Yoon, Li နဲ့ Kishida တို့ကပူးတွဲကြေညာချက်ထုတ်ပြန်မှာဖြစ်တယ်လို့ တောင်ကိုရီးယားအရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG