သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-ရုရှားတို့ရဲ့ လေကြောင်းကင်းလှည့်မှုအပေါ် ဂျပန်နဲ့ တောင်ကိုရီးယား စိုးရိမ်


ယခင်မှတ်တမ်းရုပ်ပုံ | ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတခုထဲ ပစိဖိတ်သမုဒ္ဒရာအတွင်း ကင်းလှည့်နေတဲ့ ရုရှားရဲ့ Tu-95 ဗုံးကြဲလေယာဉ်ကိုတွေ့ရစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတခုထဲ ပစိဖိတ်သမုဒ္ဒရာအတွင်း ကင်းလှည့်နေတဲ့ ရုရှားရဲ့ Tu-95 ဗုံးကြဲလေယာဉ်ကိုတွေ့ရစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၂)

အရှေ့ တရုတ်ပင်လယ်မှာ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ မတ်လ ၇ ရက်နေ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ပူးတွဲ လေကြောင်း ကင်းလှည့်မှု အပေါ်မှာ ဂျပန်နဲ့ တောကိုရီးယားတို့က လုံခြုံရေးအရ စိုးရိမ်မှုနေကြပါတယ်။

အလားတူ မနေ့ကလည်း တရုတ်နဲ့ ရုရှား တိုက်လေယာဉ်တွေ ပူးတွဲ ကင်းလှည့်ပျံသန်းလာတဲ့အတွက် တောင်ကိုရီးယားနဲ့ ဂျပန် တိုက်လေယာဉ်တွေက အရေးပေါ် အနေအထားအတွက် အဆင်သင့်ပြင်ထားခဲ့ပါတယ်။ အဲဒီလို ရန်စတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ရုရှား နဲ့ တရုတ်တို့ကို သံတမန်လမ်းကြောင်းကနေ ရှင်းရှင်းလင်းလင်း သတိပေးထားတဲ့အကြောင်း ဂျပန်အစိုးရ အတွင်းဝန်ချုပ် Matsuno က ပြောပါတယ်။

မနေ့ အင်္ဂါနေ့ကလည်း ရုရှားတိုက်လေယာဉ် ၄ စင်းနဲ့ တရုတ် တိုက်လေယာဉ် ၄ စင်းဟာ ကိုးရီးယားကျွန်းဆွယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ လေကြောင်းကာကွယ်ရေးဇုံအတွင်းကို ဝင်လာတဲ့အတွက် တောင်ကိုရီးယားက လေတပ်ကို အဆင့်သင့် ပြင်ထားခဲ့ရပါတယ်။

မနေ့ကပဲ အရှေ့တရုတ်ပင်လယ်ပြင်မှာ ရုရှားဗုံးကြဲလေယာဉ် ၂ စင်း နဲ့ တရုတ် ဗုံးကြဲလေယာဉ် ၂ စင်းတို့ ပျံသန်းသွားပြီးနောက် ဂျပန်ဖက်က တိုက်လေယာဉ်တွေကို အဆင်သင့်ပြင်ထားတယ်လို့ ပြောပါတယ်။ ၂ဝ၁၉ ခုနှစ်ကတည်းက ရုရှား နဲ့ တရုတ်တို့အနေနဲ့ နောက်ဆုံး ပူးတွဲလေကြောင်း ကင်းလှည့်ခဲ့တာဟာ ၆ ကြိမ်ရှိပြီး ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာပြီး အထူးသဖြင့် တရုတ်နဲ့ အမေရိကန်တို့ဟာ ဒေသတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG