သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့စစ်ရေးလေ့ကျင့်ရင် မိသားစုတွေ့ဆုံရေး ဖျက်မည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်


ကွဲကွာနေတဲ့ တောင်၊ မြောက်ကိုရီးယားတွေ ပြန်လည် တွေ့ဆုံခဲ့ကြ(နိုဝင်ဘာ၊ ၂၀၁၀)
ကွဲကွာနေတဲ့ တောင်၊ မြောက်ကိုရီးယားတွေ ပြန်လည် တွေ့ဆုံခဲ့ကြ(နိုဝင်ဘာ၊ ၂၀၁၀)
တောင်ကိုရီးယားအစိုးရအနေနဲ့ အမေရိကန်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အစီအစဉ်အတိုင်း ဆက်လုပ်မယ်ဆိုရင်တော့ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံကြား ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံခွင့်ပေးမဲ့ကိစ္စကို ဖျက်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ပါတယ်။

1950 ပြည့်လွန်နှစ်တွေထဲက ကိုရီးယားစစ်ပွဲကြောင့်ကွဲကွာနေကြတဲ့ ကိုရီးယားမိသားစုတွေကို ပြန်လည်တွေ့ဆုံခွင့်ပေးဖို့ ၂ ဖက်အစိုးရကြား ဗုဒ္ဓဟူးနေ့ကမှ သဘောတူမှု ရရှိထားတာဖြစ်ပါတယ်၊ တိုးတက်နေတဲ့ ကိုရီးယား ၂ နိုင်ငံကြားဆက်ဆံရေးနဲ့ စစ်ရေးလေ့ကျင့်မှုက မသင့်တော်ဘူးဖြစ်နေတယ် လို့ မြောက်ကိုရီးယား ကာကွယ်ရေးကော်မရှင်ရဲ့ အပြောကို အစိုးရရုပ်သံမှာ ဒီကနေ့ ကြာသပတေးနေ့ ထုတ်ပြန်သွားတာပါ။

ဗုဒ္ဓဟူးနေ့တုန်းက တောင်နဲ့မြောက်ကိုရီးယားအစိုးရ ၂ ဖက်ကြားဆွေးနွေးနေ ချိန်မှာ အမေရိကန် B-52 ဗုံးကြဲလေယာဉ်တွေ တောင်ကိုရီးယား မှာ ဖြန့်ချတယ်လို့ ဆိုပြီး မြောက်ကိုရီးယားရဲ့ ကြေညာချက်မှာ အမေရိကန်ကို ဝေဖန်ထားပါတယ်၊ မြောက်ကိုရီးယားဖက်က စွပ်စွဲချက်ကို အမေရိကန်ဖက်က တစုံတရာ တုံ့ပြန်ပြောခြင်း မရှိပါဘူး။

ဒါပေမဲ့ လေ့ကျင့်မှုလုပ်တဲ့အနေနဲ့ ဗုံးကြဲလေယဉ်တစင်း ဗုဒ္ဓဟူးနေ့က ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ Yonhap သတင်းမှာ တောင်ကိုရီးယား စစ်တပ်ကို ကိုးကားဖော်ပြထားပါတယ်။

ဒီလ နှောင်းပိုင်းမှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲလုပ်ဖို့ စီစဉ်ထားတဲ့ Foal Eagle နဲ့ Key Resolve အမည်ရစစ်ရေးလေ့ကျင့်မှု ၂ ခုဟာ မြောက်ကိုရီးယားကို ဝင်ရောက် ကျူးကျော်ဖို့ဖြစ်တယ် လို့ မြင်ပြီး မြောက်ကိုရီးယားအစိုးရက ဖျက်သိမ်းဖို့ တောင်းဆိုနေတာ သီတင်းပါတ်နဲ့ချီ ရှိနေပါပြီ၊
XS
SM
MD
LG