ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ၂၀၂၁ခုႏွစ္ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး လမ္းေၾကာင္းေပၚေရာက္ကာစ ျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ပြဲနဲ႔ ေ႐ြးေကာက္ခံ အရပ္သားအစိုးရလက္ထက္ ျမန္မာျပည္သူျပည္သားေတြ တခဲနက္ မဲဆႏၵေပးခဲ့ၾကတဲ့ 2020 ေ႐ြးေကာက္ပြဲအလြန္ကာလ၊ မဲမသမာမႈေတြ႐ွိခဲ့တဲ့ အေၾကာင္းျပခ်က္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ ဦးေဆာင္ၿပီး ဒုသမၼတဦးျမင့္ေဆြကေနတဆင့္ စစ္အာဏာသိမ္းလိုက္တာ ျဖစ္ပါတယ္။
ျမန္မာတဝန္းလုံးက ျမန္မာျပည္သူေတြ မယုံႏိုင္ေအာင္ အံ့ဩတုန္လႈပ္ခဲ့ၾကရသလို ကမၻာအႏွံ႔ကို ေရာက္႐ွိေနၾကတဲ့ ျပည္ပေရာက္ ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားေတြလည္း မခံမရပ္ႏိုင္ ျဖစ္ခဲ့ရပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္႐ႈံ႕ခ်ေၾကာင္း ျပသတဲ့အေနနဲ႔ မိမိတို႔ေရာက္႐ွိေနတဲ့ ႏိုင္ငံေတြရဲ႕ သက္ဆိုင္ရာ ျမန္မာသံ႐ုံး၊ စစ္သံ႐ုံးစတဲ့ ေနရာေတြမွာ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြ ခ်က္ျခင္းစုေဝးၿပီး ဆႏၷထုတ္ေဖာ္ခဲ့ၾကပါတယ္။
စစ္အာဏာသိမ္းသိမ္းခ်ိန္ အဖမ္းဆီးခံလိုက္ရတဲ့ သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ျပည္နယ္တိုင္းအသီးသီးက NLD အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ ႏိုင္ငံေရးသမားေတြ ပရဟိတသမားေတြ စာေရးဆရာအႏုပညာ႐ွင္ေတြကို ႁခြင္းခ်က္မ႐ွိ ခ်က္ျခင္းျပန္လႊတ္ေပးဖို႔ ျပည္သူ႔အာဏာ ျပည္သူ႔လက္ကို ျပန္အပ္ႏွင္းဖို႔အပါအဝင္ ေ႐ြးေကာက္ပြဲရလဒ္ကို အသိအမွတ္ျပဳဖို႔ စစ္အဏာသိမ္းမႈ ျပန္လည္႐ုပ္သိမ္းဖို႔စသျဖင့္ သက္ဆိုင္ရာသံ႐ုံးေတြေ႐ွ႕ ဆိုင္းဘုတ္ေတြ အလံေတြကိုင္ေဆာင္ၿပီး ခ်ီတက္ဆႏၵျပ သြားေရာက္ေတာင္းဆိုခဲ့ၾကတာပါ။
စစ္အာဏာသိမ္းလိုက္တယ္ဆိုတာ သိကတည္းက ေတာင္ကိုရီးယားေရာက္ ျမန္မာႏိုင္ငံသားေတြက ခ်က္ျခင္းစုေဝးၿပီး၊ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေၾကာင္း ေတာင္းဆိုဆႏၵျပလႈပ္႐ွားမႈေတြ စခဲ့ၾကၿပီး အခုခ်ိန္အထိလည္း ျမန္မာ့ေႏြဦးေတာ္လွန္ေရး ဒီမိုကေရစီရ႐ွိေရးနဲ႔ ျမန္မာျပည္သူေတြနဲ႔ တသားတည္းရပ္တည္ ေဆာင္႐ြက္မႈေတြကို တက္တက္ႂကြႂကြ ေဆာင္႐ြက္ေနၾကပါတယ္။
ကိုရီးယားႏိုင္ငံ ျပည္သူေတြနဲ႔ ကိုရီးယားအစိုးရဟာ ျမန္မာျပည္သူေတြနဲ႔ ျမန္မာျပည္ဒီမိုကေရစီရ႐ွိေရး အထူးသျဖင့္ စစ္အာဏာသိမ္း ခံလိုက္ရခ်ိန္ကစလို႔ ကိုရီးယားႏိုင္ငံတြင္း ဒီမိုကေရစီေရးလႈပ္႐ွားမႈေတြ၊ ကိုရီးယားေရာက္ ဒီမိုကေရစီေရး လႈပ္႐ွားသူေတြ တရားဝင္ဆက္လက္ေနထိုင္ႏိုင္ေရး အပါအဝင္ ကိုရီးယားမွာ ျမန္မာစစ္ေကာင္စီနဲ႔ ပတ္သက္ဆက္ႏြယ္တဲ့ စီးပြားေရးလုပ္ငန္းေတြအေပၚ စီးပြားေရးအရ ဒဏ္ခတ္ပိတ္ဆို႔မႈေတြနဲ႔ ပတ္သက္လို႔ ကိုရီးယားအစိုးရအေပၚ တိုက္တြန္းေတာင္းဆိုမႈေတြနဲ႔ ပတ္သက္လို႔ အားေပးခဲ့ၾကပါသလဲ။ ေတာင္ကိုရီးယားႏိုင္ငံက အမ်ိဴးသားညီၫြတ္ေရးအစိုးရ ကိုယ္စားလွယ္ ကိုရန္ႏိုင္ထြန္းကို ဗြီအိုေအျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။
=== Unicode ====
ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်ရောက်ကာစ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက် မြန်မာပြည်သူပြည်သားတွေ တခဲနက် မဲဆန္ဒပေးခဲ့ကြတဲ့ 2020 ရွေးကောက်ပွဲအလွန်ကာလ၊ မဲမသမာမှုတွေရှိခဲ့တဲ့ အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး ဒုသမ္မတဦးမြင့်ဆွေကနေတဆင့် စစ်အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။
မြန်မာတဝန်းလုံးက မြန်မာပြည်သူတွေ မယုံနိုင်အောင် အံ့ဩတုန်လှုပ်ခဲ့ကြရသလို ကမ္ဘာအနှံ့ကို ရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေလည်း မခံမရပ်နိုင် ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ရှုံ့ချကြောင်း ပြသတဲ့အနေနဲ့ မိမိတို့ရောက်ရှိနေတဲ့ နိုင်ငံတွေရဲ့ သက်ဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးစတဲ့ နေရာတွေမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ချက်ခြင်းစုဝေးပြီး ဆန္နထုတ်ဖော်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းသိမ်းချိန် အဖမ်းဆီးခံလိုက်ရတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်နယ်တိုင်းအသီးသီးက NLD အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်တွေနဲ့ နိုင်ငံရေးသမားတွေ ပရဟိတသမားတွေ စာရေးဆရာအနုပညာရှင်တွေကို ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့ ပြည်သူ့အာဏာ ပြည်သူ့လက်ကို ပြန်အပ်နှင်းဖို့အပါအဝင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ စစ်အဏာသိမ်းမှု ပြန်လည်ရုပ်သိမ်းဖို့စသဖြင့် သက်ဆိုင်ရာသံရုံးတွေရှေ့ ဆိုင်းဘုတ်တွေ အလံတွေကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြ သွားရောက်တောင်းဆိုခဲ့ကြတာပါ။
စစ်အာဏာသိမ်းလိုက်တယ်ဆိုတာ သိကတည်းက တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေက ချက်ခြင်းစုဝေးပြီး၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း တောင်းဆိုဆန္ဒပြလှုပ်ရှားမှုတွေ စခဲ့ကြပြီး အခုချိန်အထိလည်း မြန်မာ့နွေဦးတော်လှန်ရေး ဒီမိုကရေစီရရှိရေးနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည် ဆောင်ရွက်မှုတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေကြပါတယ်။
ကိုရီးယားနိုင်ငံ ပြည်သူတွေနဲ့ ကိုရီးယားအစိုးရဟာ မြန်မာပြည်သူတွေနဲ့ မြန်မာပြည်ဒီမိုကရေစီရရှိရေး အထူးသဖြင့် စစ်အာဏာသိမ်း ခံလိုက်ရချိန်ကစလို့ ကိုရီးယားနိုင်ငံတွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ၊ ကိုရီးယားရောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ တရားဝင်ဆက်လက်နေထိုင်နိုင်ရေး အပါအဝင် ကိုရီးယားမှာ မြန်မာစစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ကိုရီးယားအစိုးရအပေါ် တိုက်တွန်းတောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ အားပေးခဲ့ကြပါသလဲ။ တောင်ကိုရီးယားနိုင်ငံက အမျိူးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ကိုရန်နိုင်ထွန်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။