သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လွတ်လာတဲ့ ဂျပန် ရုပ်သံမှတ်တမ်းရိုက်ကူးသူ Kubota နေရပ် ပြန်ရောက်


အမျိုးသားနေ့အထိမ်းအမှတ် လွှတ်ပေးတဲ့အခမ်းအနားအတွင်း အင်းစိန်အကျဉ်းထောင်ခမ်းမတခုတည်းမှာ အစိုးရပိုင် ရုပ်သံက ပြသထုတ်လွှင့်တဲ့ ဂျပန် မှတ်တမ်းရုပ်ရှင်သတင်းရိုက်ကူးသူ Toru Kubota (နိုဝင်ဘာ ၁၈၊ ၂၀၂၂/အေပီ)
အမျိုးသားနေ့အထိမ်းအမှတ် လွှတ်ပေးတဲ့အခမ်းအနားအတွင်း အင်းစိန်အကျဉ်းထောင်ခမ်းမတခုတည်းမှာ အစိုးရပိုင် ရုပ်သံက ပြသထုတ်လွှင့်တဲ့ ဂျပန် မှတ်တမ်းရုပ်ရှင်သတင်းရိုက်ကူးသူ Toru Kubota (နိုဝင်ဘာ ၁၈၊ ၂၀၂၂/အေပီ)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ဒီနေ့ သောကြာနေ့ ဂျပန်နိုင်ငံကို ပြန်လည် ရောက်ရှိပါတယ်။

“သူ့ကို အမြန်ဆုံး လွတ်မြောက်ခဲ့အောင် ကူညီပံ့ပိုးခဲ့သူအားလုံးကို ကျေးဇူးတင်တဲ့အကြောင်း၊ ဂျပန်အစိုးရနဲ့တာဝန်ရှိသူတွေက သူ လွတ်မြောက်ရေးအတွက် အပြင်းအထန် ကြိုးစားခဲ့တာကို ကျေးဇူးတင်ပါတယ်လို့ တိုကျို Haneda လေဆိပ်မှာ Toru Kubota က ပြောပါတယ်။ အသက် ၂၆ နှစ်အရွယ် Toru Kubota ဟာ ဇူလိုင်လတုန်းက ရန်ကုန်ဆန္ဒပြပွဲတခုမှာ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့လက သူ့ကို စစ်ကောင်စီက ထောင်ဒဏ်စုစုပေါင်း ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။ မနေ့က အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ Toru Kubota ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က နိုင်ငံခြားသား ၄ ဦးနဲ့ ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားတချို့အပါအဝင် အကျဉ်းသား ၆ ထောင်နီးပါးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်အပါအဝင် အကျဉ်းသား ၆ ထောင်လောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အပေါ် ကနေဒါနိုင်ငံကလည်းကြိုဆိုကြောင်း ရန်ကုန်ကနေဒါသံရုံးက ဒိကနေ့ ကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။ မတရားဖမ်းဆီးချုပ်နှောင်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေထဲက နိုင်ငံခြားသား ၄ ဦး ပြန်လည်လွတ်မြောက်လာပြီး မိခင်နိုင်ငံတွေကိုပြန်နိုင်ခဲ့တာကိုလည်းကြိုဆိုပါတယ်။ ဒါ့အပြင် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့မတရားဖမ်း ဆီးခံထားရသူအားလုံး ပြန်လည်လွတ်မြောက်ရေးကိုလည်း ကနေဒါနိုင်ငံကတောင်းဆိုကြောင်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသားတွေကို ပြန်လွှတ်ပေးခဲ့တာနဲ့ ပတ်သက်လို့ အဲဒီနိုင်ငံတွေနဲ့ ဘယ်လို အပေးအယူမျိုးမှ လုပ်ထားတာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
#Kubota #တိုရူကူဘိုတ #နိုင်ငံရေးအကျဉ်းသား #လွတ်ငြိမ်းချမ်းသာခွင့် #အမျိုးသားအောင်ပွဲနေ့
============

[[Unicode]]






============

XS
SM
MD
LG