သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-ကူမင်း ဘူတာရုံ ဓားနဲ့အကြမ်းဖက်မှု ၃၃ ဦးသေဆုံး


ကူမင်းဘူတာရုံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ခရီးသွားတွေအတွက် ဝတ်ပြုဆုတောင်းပေးကြစဉ်။ (မတ်လ ၂၊ ၂၀၁၄)
ကူမင်းဘူတာရုံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ခရီးသွားတွေအတွက် ဝတ်ပြုဆုတောင်းပေးကြစဉ်။ (မတ်လ ၂၊ ၂၀၁၄)
တရုတ်နိုင်ငံ တောင်ပိုင်း Kunming မြို့တော်က မီးရထားဘူတာရုံတစ်ခုမှာ အနက်ရောင်ဝတ်စုံတွေ ဝတ်ထားတဲ့ အမည်မသိ လူ ၁၀ ယောက် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃၃ ယောက်ထက်မနည်း သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ဓားစာခံ ပြည်သူ ၂၉ ယောက်နဲ့အတူ တိုက်ခိုက်သူ ၄ ယောက်လည်း ပါခဲ့ပါတယ်။ တိုက်ခိုက်သူတွေထဲက ၁ ယောက်ကို လက်ရဖမ်းဆီးနိင်ခဲ့ပြီး ၄ ယောက်ကတော့ ပစ်ခတ်မှုကြောင့်သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကျန်တဲ့တိုက်ခိုက်သူတွေကို ဖမ်းဆီးနိုင်ဖို့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာက ဓာတ်ပုံတွေအရ သွေးအလူးလူးဖြစ်နေတဲ့ သေဆုံးသူတွေ ဘူတာကြမ်းပြင်ပေါ် ပြန့်ကျဲနေတာ တွေ့ကြရပါတယ်။ ဝတ်စုံမည်း ဝတ်ထားတဲ့တိုက်ခိုက်သူတွေဟာ ဘူတာရုံထဲ ရုတ်တရက် ပြေးဝင်လာပြီး ခရီးသည်တွေကို ဓားနဲ့ထိုးသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ခုထက်ထိတော့ ဒီတိုက်ခိုက်မှုက ဘယ်သူ့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ဒီတိုက်ခိုက်မှုအတွက် Xinjiang ခရိုင် အနောက်ဖျားက သူတို့အခေါ် အစ္စလာမ် အစွန်းရောက် ခွဲထွက်ရေးသမားတွေဖြစ်မယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။
XS
SM
MD
LG