သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kurdistan သီးခြားခွဲထွက်ဖို့ တခဲနက်ဆန္ဒထုတ်ဖေါ်


အီရတ် ကာ့ဒ်လူမျိုးစုများ လူထုဆန္ဒခံယူ မဲပေးပွဲ
အီရတ် ကာ့ဒ်လူမျိုးစုများ လူထုဆန္ဒခံယူ မဲပေးပွဲ

အီရတ်နိုင်ငံထဲက ကာ့ဒ်လူမျိုးစုတွေ လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာမှာ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ တရားဝင် မဲရလဒ်အရ ၉၂%က အီရတ်ကနေ ခွဲထွက်ဖို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။ အီရတ်နိုင်ငံထဲမှာ ကာ့ဒ်တွေနေထိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ်စတန်ပြည်နယ် ရှိပြီး၊ အီရတ်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ယူ-မယူ ဆိုတာကို ဆန္ဒခံယူပွဲ လုပ်ကြတာပါ။

တနင်္လာနေ့ကကျင်းပတဲ့ လူထုဆန္ဒခံယူပွဲကို အီရတ်အစိုးရကရော၊ အိမ်နီးချင်းနိုင်ငံတွေ ကပါ ကန့်ကွက်ခဲ့ကြသလို၊ အမေရိကန်ပြည်ထောင်စု ကလဲ ကန့်ကွက်ခဲ့ပါတယ်။

ဒီအတောတွင်း၊ အီရတ်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကာ့ဒ်ဒေသကို လေယာဉ်တွေ မပျံသန်းတော့ဘူးဆိုပီး အရှေ့အလယ်ပိုင်း လေကြောင်းလိုင်း အတော်များများက ပြောပါတယ်။

ကာ့ဒ်ဒေသက လေဆိပ်တွေ ထိန်းချုပ်ခွင့်ကို အီရတ်ဗဟိုအစိုးရထံ မအပ်နှံဘူးဆိုရင် ကာ့ဒ်ဒေသကို လေယာဉ်ပျံသန်းမှုတွေ တားမြစ်ထားမယ်လို့ အီရတ်ဝန်ကြီးချုပ် Haider al-Abadi ကပြောပါတယ်။ လာမယ့် သောကြာနေ့နောက်ပိုင်း လက်ဘနွန် လေကြောင်း လိုင်းတွေ အားလုံး ကာဒစ်စတန်ပြည်နယ် မြို့တော် Irbil ကို အဝင်အထွက်မလုပ်ပဲ ရပ်ထားမှာဖြစ်သလို၊ အီဂျစ် မြို့တော် ကိုင်ရိုကနေ Irbil မြု့ိကြား ပျံသန်းမယ့် ခရီးစဉ်တွေကို သောကြာနေ့မှာ ရပ်ထားမယ်လို့ အီဂျစ်လေကြောင်းလိုင်းကလဲ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG