သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းၿမိဳ႕ေတာ္ Kyiv အီရန္လုပ္ Shahed ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ခံရ


Kyiv ၿမိဳ႕တြင္း ဒရုန္းနဲ႔တုိက္ခုိက္ခ်ိန္ လဲက်သြားတဲ့ အမ်ဳိးသားတဦး။ (ေအာက္တိုဘာ ၁၇၊၂၀၂၂) 


[[Zawgyi/Unicode]]

အခု တနလၤာေန႔မနက္ပိုင္း ယူကရိန္းၿမိဳ႕ေတာ္ Kyiv မွာ အီရန္လုပ္ Shahed ဒ႐ုန္းေတြနဲ႔ ေဖာက္ခြဲတိုက္ခိုက္မႈအေတာ္မ်ားမ်ား ခံခဲ့ရတယ္လို႔ ယူကရိန္းအရာရွိေတြက ေျပာပါတယ္။ Kamikaze တိုက္ခိုက္မႈလို႔ တင္စားေခၚေဝၚတဲ့ ဒ႐ုန္းယာဥ္နဲ႔ ပစ္မွတ္ကို ခ်ိန္ရြယ္ပစ္ခတ္တာမ်ိဳးကို ႐ုရွားက ျပဳလုပ္ေလ့ရွိတာပါ။

တညလုံး တမနက္လုံးမွာ ရန္သူဘက္က အရပ္ဘက္ျပည္သူေတြကို အၾကမ္းဖက္တိုက္ခိုက္ခဲ့တယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က တယ္လီဂရမ္ လူမႈကြန္ယက္မွာ ေရးပါတယ္။ “Kamikaze ဒ႐ုန္းေတြနဲ႔ ဒုံးက်ည္ေတြဟာ ယူကရိန္းတႏိုင္ငံလုံးကို တိုက္ခိုက္ေနတယ္၊ ရန္သူဟာ ယူကရိန္းၿမိဳ႕ေတြကို တိုက္ခိုက္ႏိုင္ေပမယ့္လည္း ယူကရိန္းကို ဖ်က္ဆီးလို႔ရမွာမဟုတ္ဘူး” လို႔လည္း သမၼတ Zelenskyy က ေရးပါတယ္။

Kyiv ၿမိဳ႕လယ္ Schevchenko ခ႐ိုင္မွာလည္း တိုက္ခိုက္မႈခံရတယ္လို႔ Kyiv ၿမိဳ႕ေတာ္ဝန္ Vitali Klichko က ေျပာပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္က ယူကရိန္းႏိုင္ငံတဝွမ္း ေလေၾကာင္းတိုက္ခိုက္မႈေတြႀကဳံခဲ့ရာမွာလည္း အဲဒီ ေနရာကို ႐ုရွားဒုံးက်ည္ေတြထိမွန္ခဲ့ဖူးပါတယ္။ တိုက္ခိုက္မႈေတြေၾကာင့္ အေဆာက္အဦးအစိတ္အပိုင္းေတြ ပ်က္စီးၿပီး လူမေနတဲ့အေဆာက္အအုံတခု မီးေလာင္သလို လူတဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔လည္း Kyiv ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။

ကယ္ဆယ္ေရးဝန္ထမ္းေတြဟာ အေဆာက္အအုံတခုရဲ႕အပ်က္အစီးေတြၾကားထဲကေန လူ ၁၈ ဦး ကယ္ထုတ္ႏိုင္ခဲ့ေပမယ့္ ႏွစ္ဦးကေတာ့ ပိတ္မိေနဆဲပဲလို႔လည္း သူက ေျပာပါတယ္။ ယူကရိန္းအေနနဲ႔ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ ျဖစ္ႏိုင္သမွ်အျမန္ဆုံးလိုအပ္ေနတယ္လို႔ ယူကရိန္းသမၼတ႐ုံးအႀကီးအကဲ Andrii Yermak က ေျပာပါတယ္။

အခုတနလၤာေန႔ျဖစ္တဲ့ ယူကရိန္းအရပ္သားေတြကို တိုက္ခိုက္မႈအေပၚ Kyiv ၿမိဳ႕ေတာ္မွာရွိတဲ့ အေမရိကန္သံ႐ုံးက ျပစ္တင္ရႈတ္ခ်ပါတယ္။ ယူကရိန္းျပည္သူေတြရဲ႕ ႀကံႀကံခိုင္မႈအင္အားကို ခ်ီးက်ဴးၿပီး ဘယ္ေလာက္ပဲအခ်ိန္ၾကာၾကာ ယူကရိန္းျပည္သူေတြနဲ႔အတူ ရပ္တည္သြားမယ္လို႔လည္း အေမရိကန္သံ႐ုံးရဲ႕ တြစ္တာလူမႈကြန္ယက္ေပၚက ေၾကညာခ်က္မွာေဖာ္ျပပါတယ္။

႐ုရွားနဲ႔ ခ႐ိုင္းမီးယားေဒသၾကား အဓိက ဆက္သြယ္ေပးေနတဲ့ တံတားတခု တိုက္ခိုက္ခံရတဲ့အေပၚ လက္တုံ႔ျပန္တဲ့အေနနဲ႔ အခုလို တိုက္ခိုက္တာလို႔ ႐ုရွားသမၼတ Vladimir Putin က ေျပာခဲ့ပါတယ္။ Kyiv ၿမိဳ႕မွာ ႏႈိင္းယွဥ္ခ်က္အရ ၿငိမ္ၿငိမ္သက္သက္ရွိရာကေန ၿပီးခဲ့တဲ့အပတ္ကစလို႔ ႐ုရွားရဲ႕ တိုက္ခိုက္မႈေတြ ျပန္ႀကဳံလာရပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------

[[Unicode]]

ယူကရိန်းမြို့တော် Kyiv အီရန်လုပ် Shahed ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

အခု တနင်္လာနေ့မနက်ပိုင်း ယူကရိန်းမြို့တော် Kyiv မှာ အီရန်လုပ် Shahed ဒရုန်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုအတော်များများ ခံခဲ့ရတယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။ Kamikaze တိုက်ခိုက်မှုလို့ တင်စားခေါ်ဝေါ်တဲ့ ဒရုန်းယာဉ်နဲ့ ပစ်မှတ်ကို ချိန်ရွယ်ပစ်ခတ်တာမျိုးကို ရုရှားက ပြုလုပ်လေ့ရှိတာပါ။

တညလုံး တမနက်လုံးမှာ ရန်သူဘက်က အရပ်ဘက်ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တယ်လီဂရမ် လူမှုကွန်ယက်မှာ ရေးပါတယ်။ “Kamikaze ဒရုန်းတွေနဲ့ ဒုံးကျည်တွေဟာ ယူကရိန်းတနိုင်ငံလုံးကို တိုက်ခိုက်နေတယ်၊ ရန်သူဟာ ယူကရိန်းမြို့တွေကို တိုက်ခိုက်နိုင်ပေမယ့်လည်း ယူကရိန်းကို ဖျက်ဆီးလို့ရမှာမဟုတ်ဘူး” လို့လည်း သမ္မတ Zelenskyy က ရေးပါတယ်။

Kyiv မြို့လယ် Schevchenko ခရိုင်မှာလည်း တိုက်ခိုက်မှုခံရတယ်လို့ Kyiv မြို့တော်ဝန် Vitali Klichko က ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ယူကရိန်းနိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေကြုံခဲ့ရာမှာလည်း အဲဒီ နေရာကို ရုရှားဒုံးကျည်တွေထိမှန်ခဲ့ဖူးပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အဆောက်အဦးအစိတ်အပိုင်းတွေ ပျက်စီးပြီး လူမနေတဲ့အဆောက်အအုံတခု မီးလောင်သလို လူတဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း Kyiv မြို့တော်ဝန်က ပြောပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အဆောက်အအုံတခုရဲ့အပျက်အစီးတွေကြားထဲကနေ လူ ၁၈ ဦး ကယ်ထုတ်နိုင်ခဲ့ပေမယ့် နှစ်ဦးကတော့ ပိတ်မိနေဆဲပဲလို့လည်း သူက ပြောပါတယ်။ ယူကရိန်းအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဖြစ်နိုင်သမျှအမြန်ဆုံးလိုအပ်နေတယ်လို့ ယူကရိန်းသမ္မတရုံးအကြီးအကဲ Andrii Yermak က ပြောပါတယ်။

အခုတနင်္လာနေ့ဖြစ်တဲ့ ယူကရိန်းအရပ်သားတွေကို တိုက်ခိုက်မှုအပေါ် Kyiv မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ပြစ်တင်ရှုတ်ချပါတယ်။ ယူကရိန်းပြည်သူတွေရဲ့ ကြံကြံခိုင်မှုအင်အားကို ချီးကျူးပြီး ဘယ်လောက်ပဲအချိန်ကြာကြာ ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့လည်း အမေရိကန်သံရုံးရဲ့ တွစ်တာလူမှုကွန်ယက်ပေါ်က ကြေညာချက်မှာဖော်ပြပါတယ်။

ရုရှားနဲ့ ခရိုင်းမီးယားဒေသကြား အဓိက ဆက်သွယ်ပေးနေတဲ့ တံတားတခု တိုက်ခိုက်ခံရတဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်တာလို့ ရုရှားသမ္မတ Vladimir Putin က ပြောခဲ့ပါတယ်။ Kyiv မြို့မှာ နှိုင်းယှဉ်ချက်အရ ငြိမ်ငြိမ်သက်သက်ရှိရာကနေ ပြီးခဲ့တဲ့အပတ်ကစလို့ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ပြန်ကြုံလာရပါတယ်။

XS
SM
MD
LG