သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အလုပ်သမားဝန်ကြီး ရာထူးက နုတ်ထွက်


အလုပ်သမား ဝန်ကြီး Alexander Acosta
အလုပ်သမား ဝန်ကြီး Alexander Acosta

အမေရိကန် သန်းကြွယ်သူဌေး Jeffrey E. Epstein ရဲ့ သက်ငယ် မုဒိမ်းမှုကို သက်ညှာစွာ ကူညီဖြေရှင်းပေးခဲ့တယ်လို့ စွပ်စွဲပြောဆိုခံနေရတဲ့ အလုပ်သမား ဝန်ကြီး Alexander Acosta ဟာ ရာထူးက နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သမ္မတ Donald Trump က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ တိုင်းပြည် အနောက်အလယ်ပိုင်းက Wisconsin နဲ့ Ohio ပြည်နယ်တွေကို မထွက်ခွာခင် အိမ်ဖြူတော်မှာ အလုပ်သမားဝန်ကြီးနဲ့ အတူ ဘေးချင်းယှဉ်ရပ်ပြီး သမ္မတ Trump က သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာပါ။

လွန်ခဲ့တဲ့ ၁၁ နှစ်က Florida ပြည်နယ်မှာ ပြည်ထောင်စုရှေ့နေအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း Epstein ရဲ့ အမှုကို ဝန်ကြီး Acosta က ကိုင်တွယ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် သူ့အနေနဲ့ ရာထူးက နုတ်ထွက်မယ့်အကြောင်း သမ္မတ Trump ကို ဒီကနေ့မှာပဲ အကြောင်းကြားခဲ့တာလို့ ဝန်ကြီး Acosta က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် အလုပ်သမားဝန်ကြီး ရာထူးက နုတ်ထွက်
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG