သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အလုပ်သမားနေ့ အားလပ်ရက် ဆင်နွှဲ


အမေရိကန်အလုပ်သမားနေ့ (Labor Day) အားလပ်ရက် ခရီးသွားများကို အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က Dulles နိုင်ငံတကာလေဆိပ်မှာတွေ့ရစဉ် (ဩဂုတ် ၃၀၊ ၂၀၂၄)
အမေရိကန်အလုပ်သမားနေ့ (Labor Day) အားလပ်ရက် ခရီးသွားများကို အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က Dulles နိုင်ငံတကာလေဆိပ်မှာတွေ့ရစဉ် (ဩဂုတ် ၃၀၊ ၂၀၂၄)

အမေရိကန်ပြည်သူတွေဟာ ဒီကနေ့ ကျရောက်တဲ့ (Labor Day) အလုပ်သမားနေ့ အားလပ်ရက်ကို နိုင်ငံတဝန်း ဆင်နွှဲနေကြပါတယ်။ နှစ်စဉ် စက်တင်ဘာရဲ့ ပထမဆုံး တနင်္လာနေ့ကို အလုပ်သမားနေ့ အားလပ်ရက်အဖြစ် အမေရိကန်ပြည်ထောင်စုမှာ သတ်မှတ် ပြဌာန်းထားတာပါ။

ဒီနှစ် အားလပ်ရက်ရှည် သီတင်းပတ်မှာ ခရီးသွားတဲ့သူတွေ မနှစ်ကထက် ၈ ရာခိုင်နှုန်းပိုများလာနိုင်ပြီး လေယာဉ်နဲ့ ခရီးသွားလာသူ ၁၇ သန်းလောက်ရှိနိုင်တယ်လို့ သယ်ယူပို့ဆောင်ရေးဌာနက ခန့်မှန်းပါတယ်။ ပျှမ်းမျှဓါတ်ဆီဈေးနှုန်းက ၁၀ ရာခိုင်နှုန်းကျော်ကျဆင်းနေတာကြောင့် ကားနဲ့ ခရီးသွားတဲ့သူတွေလည်း မနှစ်ကထက် ပိုများနိုင်တာပါ။

သမ္မတ Grover Cleveland လက်ထက် ၁၈၉၄ ခုနှစ်မှာ နှစ်စဉ် စက်တင်ဘာရဲ့ ပထမဆုံးတနင်္လာနေ့ကို အလုပ်သမားနေ့ အားလပ်ရက်အဖြစ် တရားဝင် လက်မှတ်ရေးထိုး ပြဌာန်းခဲ့တာပါ။ ၁၈၈၂ ခုနှစ်က နယူးယောက်မြို့မှာ အလုပ်သမား ၁၀,၀၀၀ ပါဝင်ပြီး စတင်ခဲ့တဲ့ အလုပ်သမားနေ့အလှပြ ချီတက်ပွဲတွေကိုတော့ နိုင်ငံတဝန်း မြို့တွေမှာ ဒီကနေ့ ပြုလုပ်မှာဖြစ်ပါတယ်။

အမေရိကန်အလုပ်သမားနေ့ (Labor Day) မှာ ကော်နက်တစ်ကတ်ပြည်နယ် Greenwich မြို့က လစာတိုးပေးရေး ဆန္ဒပြနေကြတဲ့ ဟိုတယ်ဝန်ထမ်းများ (စက်တင်ဘာ ၁၊ ၂၀၂၄)
အမေရိကန်အလုပ်သမားနေ့ (Labor Day) မှာ ကော်နက်တစ်ကတ်ပြည်နယ် Greenwich မြို့က လစာတိုးပေးရေး ဆန္ဒပြနေကြတဲ့ ဟိုတယ်ဝန်ထမ်းများ (စက်တင်ဘာ ၁၊ ၂၀၂၄)

တချိန်ထဲမှာပဲ မနေ့ တနင်္ဂနွေနေ့က ဘော့စတွန်၊ ဆန်ဖရန်စစ္စကိုနဲ့ ဟိုနိုလူးလူး စတဲ့ အမေရိကန်မြို့ကြီး ၈ မြို့က Marriott International, Hilton Worldwide နဲ့ Hyatt Hotels ၂၅ ခုက ဟိုတယ်ဝန်ထမ်း ၁၀,၀၀၀ လောက် လစာတိုးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ UNITE HERE အလုပ်သမားသမဂ္ဂက ပြောပါတယ်။

ဝန်ထမ်းတွေက လစာတိုးမြှင့်ပေးဖို့နဲ့ ကိုဗစ်မဖြစ်ခင်ကာလကအတိုင်း ဝန်ထမ်းအရေအတွက် ပြန်တိုးခန့်အပ်ဖို့ တောင်းဆိုနေတာပါ။ ဟိုတယ်ဝန်ထမ်းတချို့အခုလို ဆန္ဒပြ သပိတ်မှောက်နေတာကြောင့် ဒီသီတင်းပတ် Labor Day အလုပ်သမားနေ့အားလပ်ရက် ခရီးသွားတည်းခိုသူတွေများတဲ့ကာလ ဟိုတယ်တွေအတွက် ဝန်ထမ်းအခက်အခဲဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG