သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန် အထပ်မြင့်တိုက် မီးလောင်မှု သေဆုံးသူဦးရေတိုး


လန်ဒန်မြို့တော်က Grenfell Tower မီးလောင်။ ဇွန်လ ၁၄ ၂၀၁၇။

လန်ဒန်မြို့ရဲ့အဆိုးရွားဆုံး မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေ ဆက်လက်ငြှိမ်းသတ် နေချိန်မှာပဲ မီးဘေးလုံခြုံရေး ချိုးဖေါက်မှုတွေ ရှိခဲ့နိုင်တယ် ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပြီး ၀မ်းနည်းပူဆွေးမှု ကနေ ဒေါသဖြစ်စရာတွေ ဖြစ်လာနေပါတယ်။

လန်ဒန် အနောက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့ လင်းအားကြီး မတိုင်ခင် ဖြစ်ပွားခဲ့တဲ့ ၂၄ ထပ် အဆောက်အအုံ မီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ ရဲက ဆိုပါတယ်။

မီးသတ်သမားတွေ တထပ်ပြီး တထပ် မီးကြွင်း မီးကျန်တွေ ရှင်းလင်းပြီး အသက်ရှင် ကျန်ရစ်နိုင်သူ၊ သေဆုံးသူတွေကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

သေဆုံးသူ အရေအတွက် တိုးလာနိုင်ခြေ ရှိနေတယ်လို့လည်း ဆိုကြပါတယ်။ လောင်ကျွမ်းခဲ့တဲ့ Grenfell Tower မှာ လူနေအိမ်ခန်း ၁၂၀ ခန့်ရှိပြီး လူမျိုးပေါင်းစုံ လူဦးရေ ၆၀၀ အထိ နေထိုင်ကြပါတယ်။ အခု ပျောက်ဆုံးနေတဲ့ အထဲမှာ ကလေးသူငယ် အများအပြား ပါဝင်ပါတယ်။

မီးနဲ့ ပတ်သက်တဲ့ လိုက်နာဖို့ ဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေ ကမ္ဘာမှာ အတင်းကြပ်ဆုံး ချမှတ်ထားတဲ့ နိုင်ငံတနိုင်ငံမှာ အခုလို မီးလောင်ကျွမ်းမှုဟာ ဘယ်လိုကြောင့် ဒီလောက်အထိ လျှင်လျှင်မြန်မြန် ကူးစက်ခဲ့ရတယ်ဆိုတာ မေးခွန်းထုတ်စရာတွေ လည်းပဲ ရှိနေပါတယ်။

လန်ဒန် အထပ်မြင့်တိုက် မီးလောင်မှု သေဆုံးသူဦးရေတိုး
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG